عَنْ عَبْدِ اللَّهِ بْنِ عَمْرِو بْنِ الْعَاصِ رضي الله عنهما قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِنَّ الْإِيمَانَ لَيَخْلَقُ فِي جَوْفِ أَحَدِكُمْ كَمَا يَخْلَقُ الثَّوْبُ الْخَلِقُ، فَاسْأَلُوا اللَّهَ أَنْ يُجَدِّدَ الْإِيمَانَ فِي قُلُوبِكُمْ».

[صحيح] - [رواه الحاكم والطبراني] - [المستدرك على الصحيحين: 5]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ် ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
ဧကန်အမှန်ပင် အဝတ်အထည်သည် ဟောင်းနွမ်းသွားသကဲ့သို့ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်၏(နှလုံသား) အတွင်း၌ရှိသော အီမာန်သည်လည်း ဟောင်းနွမ်းသွားသည်။ ထို့ကြောင့် အသင်တို့နှလုံးသားအတွင်း၌ရှိသော အီမာန်အား သစ်လွင်လန်းဆန်းလာစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံကြပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه الحاكم والطبراني] - [المستدرك على الصحيحين - 5]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန်ကြားတော်မူခဲ့သည်မှာ အဝတ်အစားအသစ်သည် ဝတ်ဆင်မှုကြာရှည်လာသည့်နှင့်အမျှ ဟောင်းနွမ်းသွားသကဲ့သို့ မွတ်စ်လင်မ်တစ်ဦး၏ နှလုံးသားထဲ၌ရှိသော အီမာန်ယုံကြည်မှုသည်လည်း ဟောင်းနွမ်းသွားတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ‘အိဗာဒသ်’ခဝပ်ကိုးကွယ်မှု လျော့နည်းလာခြင်း၊ အပြစ်အကုသိုလ်များ ကျူးလွန်ခြင်း၊ စိတ်အလိုရမ္မက်နောက်လိုက်ခြင်းတို့ကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့၏ အီမာန်ယုံကြည်မှုအား သစ်လွင်လန်းဆန်းလာစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံခြင်း၊ ဆွလာသ် ဆောက်တည်ခြင်း၊ ‘ဖရ်ဿ်ွ' တာဝန်များကျေပွန်ခြင်း၊‘ဇိက်ရ်’သတိရတသခြင်းနှင့် ‘အိစ်သိဂ်ဖါရ်’လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံခြင်းတို့ကို များမြောင်စွာပြုရန် ညွှန်ကြားပြသတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နှလုံးသားထဲတွင် အီမာန်ခိုင်မြဲစေရန်နှင့် သစ်လွင်လန်းဆန်းမှုရှိစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံရန် တိုက်တွန်းနှိုးဆော်ထားသည်။
  2. အီမာန်တွင် အပြောအဆို၊ အမလ်ကျင့်ဆောင်မှုနှင့် ယုံကြည်ချက်များပါဝင်သည်။ အီမာန်ယုံကြည်မှုသည် အမိန့်နာခံမှုဖြင့် တိုးတက်ပြီး၊ အမိန့်ဖီဆန်မှုဖြင့် လျော့နည်းကျဆင်းသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (65)
ထပ်၍