+ -

عَنْ عَبْدِ اللَّهِ بْنِ عَمْرِو بْنِ الْعَاصِ، قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «إِنَّ الْإِيمَانَ لَيَخْلَقُ فِي جَوْفِ أَحَدِكُمْ كَمَا يَخْلَقُ الثَّوْبُ الْخَلِقُ، فَاسْأَلُوا اللَّهَ أَنْ يُجَدِّدَ الْإِيمَانَ فِي قُلُوبِكُمْ»
[صحيح] - [رواه الحاكم والطبراني]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ် ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အဝတ်အထည်သည် ဟောင်းနွမ်းသွားသကဲ့သို့ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်၏(နှလုံသား) အတွင်း၌ရှိသော အီမာန်သည်လည်း ဟောင်းနွမ်းသွားသည်။ ထို့ကြောင့် အသင်တို့နှလုံးသားအတွင်း၌ရှိသော အီမာန်အား သစ်လွင်လန်းဆန်းလာစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံကြပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အလ်ဟာကင်မ် ဆင့်ပြန်ခဲ့သည်။

ရှင်းလင်းချက်

မွတ်စ်လင်မ်တစ်ဦး၏ နှလုံးသားထဲ၌ရှိသော အီမာန်ယုံကြည်မှုသည် ‘အိဗာဒသ်’ခဝပ်ကိုးကွယ်မှု လျော့နည်းလာခြင်း၊ အပြစ်အကုသိုလ်များ ကျူးလွန်ခြင်း၊ စိတ်အလိုရမ္မက်နောက်လိုက်ခြင်းတို့ကြောင့် အားနည်းကာ ဟောင်းနွမ်းသွားသည်။ အဝတ်အစားအသစ်သည် ဝတ်ဆင်မှုကြာရှည်လာသည်နှင့်အမျှ ဟောင်းနွမ်းသွားသကဲ့သို့ အီမာန်ယုံကြည်မှုသည်လည်း ဟောင်းနွမ်းသွားတတ်သည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့၏ အီမာန်ယုံကြည်မှုအား သစ်လွင်လန်းဆန်းလာစေရန်နှင့် အီမာန်တိုးတက်လာစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံခြင်း၊ ကောင်းမှုကုသိုလ်များ ဆောက်တည်ခြင်း၊ ‘ဖရ်ဿ်ွ' တာဝန်များကျေပွန်ခြင်း၊ ‘နဖ်လ်’ ကောင်းမှုများ ဆောင်ရွက်ခြင်း၊ ‘ဇိက်ရ်’သတိရတသခြင်းနှင့် ‘အိစ်သိဂ်ဖါရ်’လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံခြင်းတို့ကို များမြောင်စွာပြုရန် မိန့်ကြားတော်မူခဲ့သည်။ ဥပမာများပေး၍ ပညာသင်ကြားပေးခြင်းသည် တမန်တော်မြတ်၏သင်ကြားမှု နည်းစနစ်တစ်ခုဖြစ်ကြောင်း ဤဟဒီးဆ်တော်က ညွှန်ပြထားသည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ ဗီယက်နမ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية القيرقيزية النيبالية اليوروبا الليتوانية الدرية الصربية الصومالية الطاجيكية الكينياروندا
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နှလုံးသားထဲ၌ အီမာန်ခိုင်မြဲစေရန်နှင့် သစ်လွင်လန်းဆန်းမှုရှိစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံရန် တိုက်တွန်းနှိုးဆော်ထားသည်။
  2. အီမာန်သည် တိုးတက်ခြင်း၊ လျော့နည်းခြင်းရှိသည်။
  3. အနီးစပ်ဆုံး နားလည်စေရန်နှင့် ရှင်းလင်းမှုရှိစေရန် ဥပမာများဖြင့် ဖော်ပြထားသည်။
ထပ်၍