عن أبي هريرة رضي الله عنه ، أن رسول الله صلى الله عليه وسلم قال: «الإيمانُ بِضْعٌ وَسَبْعُونَ أو بِضْعٌ وسِتُونَ شُعْبَةً: فَأَفْضَلُهَا قَوْلُ: لا إله إلا الله، وَأَدْنَاهَا إِمَاطَةُ الأَذَى عَنِ الطَّرِيقِ، وَالحَيَاءُ شُعْبَةٌ مِنَ الإِيمَانِ».
[صحيح] - [متفق عليه]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အီမာန် သက်ဝင်ယုံကြည်မှု၌ အကိုင်းအလက် (အစိတ်အပိုင်း) ခုနစ်ဆယ်ကျော် သို့မဟုတ် ခြောက်ဆယ်ကျော် ရှိသည်။ ၎င်းတို့အနက် အမြင့်မြတ်ဆုံးမှာ “လာအိလာဟ အိလ္လလ္လာဟ်”ရွတ်ဆိုခြင်းဖြစ်ပြီး အနိမ့်ဆုံးမှာ လမ်းပေါ်မှ ဒုက္ခဖြစ်စေမည့် အရာကို ဖယ်ရှားပေးခြင်းဖြစ်သည်။ အရှက်တရားသည် အီမာန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။
အီမာန်သည် အကျင့်စရိုက်တစ်ခု သို့မဟုတ်အကိုင်းအလက်တစ်ခုသာ ရှိသည်မဟုတ်ပေ၊ သို့သော် ၎င်းတွင် အကိုင်းအလက်ပေါင်း ခုနစ်ဆယ်ကျော် သို့မဟုတ် ခြောက်ဆယ်ကျော်ထိ များစွာရှိသည်။ ၎င်းတို့အနက် အမွန်မြတ်ဆုံးမှာ ကလိမဟ်တော်တစ်ပါးဖြစ်သည့် “လာအိလာဟ အိလ္လလ္လာဟ်”ဖြစ်ပြီး အလွယ်ကူဆုံးမှာ လမ်းသွားလမ်းလာများကို ဒုက္ခရောက်စေမည့်ကျောက်တုံး၊စူးငြောင့်နှင့် အခြားအရာများကို လမ်းပေါ်မှ ဖယ်ရှားပေးခြင်းဖြစ်သည်။ အရှက်တရားသည် အီမာန်၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။