عن أبي مسعود البدري رضي الله عنه مرفوعاً: «إذا أَنْفَقَ الرجلُ على أهله نَفَقَةً يَحْتَسِبُهَا فهي له صَدَقَةٌ».
[صحيح] - [متفق عليه]
المزيــد ...

အဗူမတ်စ်အူးဒ်အလ်ဗဒရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူတစ်ဦးသည် အကျိုးကုသိုလ်ကို မျှော်ကိုး၍ မိမိ၏ အိမ်သူအိမ်သားများ အပေါ် သုံးစွဲမှုတစ်ခုခုပြုခဲ့လျှင် ထိုသုံးစွဲမှုသည် ၎င်းသူအတွက် ဆွဒကဟ်အလှူဒါနပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အကယ်၍ လူတစ်ဦးသည် မိမိကသုံးစွဲရန်တာဝန်ရှိသော အိမ်သူအိမ်သားများ ဇနီး၊သားသမီးနှင့် ၎င်းတို့ကဲ့သို့သော အခြားသူများအပေါ် ပေးကမ်းသုံးစွဲခဲ့ပြီး ထိုသုံးစွဲခြင်းအပေါ် အရှင်မြတ်နှင့် နီးကပ်မှုရရှိရန်နှင့် အရှင်မြတ်ထံတော်မှ အကျိုးကုသိုလ်ရရှိရန် မျှော်လင့်ချက်ထားခဲ့ပါက ၎င်းသည် ထိုသုံးစွဲမှုကြောင့် ဆင်းရဲသားများ၊ ၎င်းတို့ကဲ့သို့ လိုအပ်ချက်ရှိသူများနှင့် အခြားကောင်းမွန်သည့်နေရာများ၌ ဆွဒ်ကဟ်အလှူဒါနပြုသကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန်
ဘာသာပြန်များကို ကြည့်ရှုရန်

အကျိုးကျေးဇူးများ

  1. မိသားစုအပေါ် သုံးစွဲခြင်းဖြင့် အကျိုးကုသိုလ်ရရှိသည်။ မုအ်မင်န်တစ်ဦးသည် မိမိ၏အမလ်ကောင်းမှုအား အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်နှင့် အရှင်မြတ်ချီးမြှင့်မည့် အကျိုးကုသိုလ်ကိုရရှိရန်အတွက်သာ ဆောင်ရွက်ရမည်။