عن عبد الله بن مسعود رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«مَنْ قَرَأَ حَرْفًا مِنْ كِتَابِ اللهِ فَلَهُ بِهِ حَسَنَةٌ، وَالْحَسَنَةُ بِعَشْرِ أَمْثَالِهَا، لَا أَقُولُ {الم} حَرْفٌ، وَلَكِنْ {أَلِفٌ} حَرْفٌ، وَ{لَامٌ} حَرْفٌ، وَ{مِيمٌ} حَرْفٌ».
[حسن] - [رواه الترمذي] - [سنن الترمذي: 2910]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မှ အက္ခရာတစ်လုံးကို ရွတ်ဖတ်ခဲ့လျှင် ထိုသူသည် ကောင်းမှုတစ်ခု ရရှိမည်ဖြစ်သည်။ ကောင်းမှုတစ်ခုသည် ကောင်းမှုဆယ်ခုနှင့်ညီမျှသည်။ ငါကိုယ်တော်သည်(အလိဖ် လာမ် မီးမ်)ကို အက္ခရာတစ်လုံးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ သို့သော် (အလိဖ်)သည် အက္ခရာတစ်လုံး (လာမ်)သည် အက္ခရာတစ်လုံး (မီးမ်)သည် အက္ခရာတစ်လုံးဖြစ်သည်။
[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [သိရ်မိဇီကျမ်း။] - [سنن الترمذي - 2910]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မှ အက္ခရာတစ်လုံးဖတ်ရွတ်သည့် မွတ်စ်လင်မ်တိုင်းသည် အက္ခရာတစ်လုံးစီတွင် ကောင်းမှုဆယ်ခုရရှိမည်ဖြစ်သည်။ ထိုကောင်းမှုသည် ၎င်းအတွက် အကျိုးကုသိုလ်ဆယ်ဆအထိ တိုးသွားမည် ဖြစ်သည်။
ထို့နောက် ကိုယ်တော်က ရှင်းပြသည်မှာ ငါကိုယ်တော်သည် [ (အလိဖ် လာမ် မီးမ်)ကို အက္ခရာတစ်လုံးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ သို့သော် (အလိဖ်)သည် အက္ခရာတစ်လုံး (လာမ်)သည် အက္ခရာတစ်လုံး (မီးမ်)သည် အက္ခရာတစ်လုံးဖြစ်သည်။] ဤသို့ဖြင့် အက္ခရာသုံးလုံးအတွက် ကောင်းမှုသုံးဆယ်ရရှိမည်ဖြစ်သည်။