ဟဒီးဆ်တော်များစာရင်း

အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို စွဲမြဲစွာ ရွတ်ဖတ်ကြပါ။ အကြင်အရှင်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်အား တိုင်တည်၍ပြောမည် ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက် ကုရ်အာန်ကျမ်းမြတ်သည် ပိုမိုလျင်မြန်စွာ မေ့လျော့သွားတတ်သည်။
عربي الإنجليزية الأوردية
သင်တို့အနက် ကုရ်အာန်ကျမ်းမြတ်အား သင်ယူပြီးနောက် သင်ကြားပေးသူသည် အမွန်မြတ်ဆုံးဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မှ အက္ခရာတစ်လုံးကို ရွတ်ဖတ်ခဲ့လျှင် ထိုသူသည် ကောင်းမှုတစ်ခု ရရှိမည်ဖြစ်သည်။ ကောင်းမှုတစ်ခုသည် ကောင်းမှုဆယ်ခုနှင့်ညီမျှသည်။
عربي الإنجليزية الأوردية
ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သော မုအ်မင်န်၏ပမာကား ကျွဲကောသီးကဲ့သို့ပင်ဖြစ်သည်။ ကျွဲကောသီးမှာ အနံ့လည်းကောင်း၏။ အရသာလည်းကောင်း၏။ ကုရ်အာန်မဖတ်သော မုအ်မင်န်၏ပမာကား စွန်ပလွံသီးကဲ့သို့ဖြစ်၏။ စွန်ပလွံသီးမှာ အနံ့မရှိသော်လည်း အရသာရှိ၏။
عربي الإنجليزية الأوردية
ကျမ်းမြတ်ကုရ်အာန်ကို ကျွမ်းကျင်စွာရွတ်ဖတ်သူသည် ဂုဏ်ရှိ‌ပြီးမြင့် မြတ်‌သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့် အတူရှိမည်။ ကျမ်းမြတ်ကုရ်အာန်သည် ၎င်းအပေါ်၌ ခက်ခဲပါလျက်နှင့် ယင်းကျမ်းမြတ်ကုရ်အာန်ကို ထစ်ထစ်ငေါ့ငေါ့ ရွတ်ဖတ်သူအတွက်မူ အကျိုးဆုလဒ်နှစ်ခုရှိပေသည်။
عربي الإنجليزية الأوردية
ကုရ်အာန်ကျွမ်းကျင်သူအား ပြောမည်မှာ- ဖတ်ပါ၊ တက်ပါ၊ အသင်လောက၌ ရှိစဥ်အခါက သရ်သီလ်နှင့်ဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။အသင်၏ အဆင့်အတန်းသည် သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ ရှိနေမည်ဖြစ်သည်။
عربي الإنجليزية الأوردية