عَنْ عَائِشَةَ رضي الله عنها قَالَتْ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«الْمَاهِرُ بِالْقُرْآنِ مَعَ السَّفَرَةِ الْكِرَامِ الْبَرَرَةِ، وَالَّذِي يَقْرَأُ الْقُرْآنَ وَيَتَتَعْتَعُ فِيهِ، وَهُوَ عَلَيْهِ شَاقٌّ، لَهُ أَجْرَانِ».
[صحيح] - [متفق عليه] - [صحيح مسلم: 798]
المزيــد ...
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"ကျမ်းမြတ်ကုရ်အာန်ကို ကျွမ်းကျင်စွာရွတ်ဖတ်သူသည် ဂုဏ်ရှိပြီးမြင့်
မြတ်သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့် အတူရှိမည်။ ကျမ်းမြတ်ကုရ်အာန်သည် ၎င်းအပေါ်၌ ခက်ခဲပါလျက်နှင့် ယင်းကျမ်းမြတ်ကုရ်အာန်ကို ထစ်ထစ်ငေါ့ငေါ့ ရွတ်ဖတ်သူအတွက်မူ အကျိုးဆုလဒ်နှစ်ခုရှိပေသည်။"
[صحيح] - [متفق عليه] - [صحيح مسلم - 798]
တမန်တော်မြတ် (ဆွလ္လလ္လာအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်− ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဖတ်သူ၊ ယင်းအား ကောင်းစွာကျက်မှတ်ထားသူ၊ခိုင်ခိုင်မာမာ အလွတ်ရထားသူ၊ ကျွမ်းကျင်စွာ ရွတ်ဖတ်တတ်သူသည် အာခိရသ်နောင်မလွန်တွင် ၎င်း၏အဆင့်အတန်းမှာ ဂုဏ်ရှိပြီးမြင့်မြတ်သော ၊ မှတ်တမ်းတင်ရေးမှတ်သော ကောင်းကင်တမန်တော်များနှင့်အတူရှိမည့် အကျိုးကို ရရှိမည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်သူဖြစ်သော်လည်း ကျက်မှတ်နိုင်မှု အားနည်း၍ ထစ်ထစ်ငေါ့ငေါ့၊ တုံ့တုံ့ဆိုင်းဆိုင်းခက်ခဲစွာ ရွတ်ဖတ်ရသော်လည်း၊ ယင်းကို အမြဲရွတ်ဖတ်လေ့ရှိပြီး၊ မိမိအပေါ် ဒုက္ခအခက်ခဲရှိသော်လည်း စိတ်ရှည်သည်းခံကာ ဖတ်ရွတ်သူအတွက်မူ အကျိုးဆုလဒ်နှစ်ဆ ရှိမည်။ (ပထမအကျိုးဆုလဒ်မှာ) ကုရ်အာန်ဖတ်ရွတ်ခြင်း၏အကျိုးဖြစ်ပြီး (ဒုတိယအကျိုးဆုလဒ်မှာ) ခက်ခဲပင်ပန်းမှုနှင့် တုံ့ဆိုင်းစွာ ဖတ်ရွတ်ခြင်း၏အကျိုးဖြစ်သည်။