عَنْ أَبِي هُرَيْرَةَ رَضِيَ اللهُ عَنْهُ أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ:
«إِذَا جَاءَ رَمَضَانُ فُتِّحَتْ أَبْوَابُ الْجَنَّةِ، وَغُلِّقَتْ أَبْوَابُ النَّارِ، وَصُفِّدَتِ الشَّيَاطِينُ».
[صحيح] - [متفق عليه] - [صحيح مسلم: 1079]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“လမြတ်ရမဿွာန် ရောက်ရှိလာသောအခါ ဂျန္နသ်သုခဘုံ၏ တံခါးများမှာ ဖွင့်ပေးခြင်းခံရပြီး၊ ဂျဟန္နမ်ငရဲ၏ တံခါးများမှာမူ ပိတ်ခြင်းခံရ၏။ ထို့ပြင် ရှိုင်သွာန်မိစ္ဆာများမှာ ချုပ်နှောင်ခြင်းခံရလေသည်။”
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1079]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လမြတ်ရမဿွာန် ဝင်ရောက်လာသောအခါ အချက်သုံးချက် ဖြစ်ပေါ် သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ပထမအချက် – ဂျန္နသ်သုခဘုံ၏ ဖွင့်လှစ်ခြင်းခံရ၍ ယင်းတို့အနက် မည်သည့်တံခါးမှ ပိတ်မထားခြင်း ဖြစ်သည်။ ဒုတိယအချက် – ဂျဟန္နမ်ငရဲ၏တံခါးများ ပိတ်ခြင်းခံရ၍ ယင်းတို့အနက် မည်သည့်တံခါးမှ ဖွင့်မထားခြင်း ဖြစ်သည်။ တတိယအချက် – ရှိုင်သွာန်မိစ္ဆာကောင်များနှင့် ပုန်ကန်တတ်သော ဂျင်န်ဆိုးများမှာ သံကြိုးများဖြင့် ချုပ်နှောင်ထားခြင်းခံရ၍ ထိုကာလအတွင်း ၎င်းတို့သည် ရမဿွာန်လမှအပ အခြားအချိန်များတွင် ပြုလုပ်ခဲ့ကြသည့် အရာများကို မပြုလုပ်နိုင်ကြတော့ပေ။ (တစ်နည်း အခြားလများကဲ့သို့ ၎င်းတို့ လွှမ်းမိုးနိုင်မှု မရှိကြချေ။) ထိုအရာအားလုံးသည် ဤလ၏ ဂုဏ်မြင့်မြတ်မှုကို ဖော်ညွှန်းရန်နှင့် ကောင်းမှုပြုကျင့် ဆောင်ရွက်သူများအား ဆွလာသ်၊ ဆွဒကဟ်အလှူဒါန၊ ဇိကိရ် (အလ္လာဟ်အရှင်အား သတိရတသခြင်း)၊ ကုရ်အာန် ရွတ်ဖတ်ခြင်းနှင့် အခြားသောကောင်းမှုများကို များပြားစွာ ပြုလုပ်ရန်နှင့် အပြစ်များမှ ရှောင်ကြဉ်ရန် အားပေးတိုက်တွန်းထားခြင်း ဖြစ်သည်။