عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«مَنْ صَامَ رَمَضَانَ إِيمَانًا وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ»

[صحيح] - [متفق عليه] - [صحيح البخاري: 38]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
မည်သူမဆို အီမာန်နှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး ရမဿွာန်လ၏ (ဆွိယာမ်)ဥပုသ်ကို စောင့်ထိန်းခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည် ဖြစ်သည်။

[صحيح] - [متفق عليه] - [صحيح البخاري - 38]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်မှုနှင့်တကွ (ဆွိယာမ်)ဥပုသ်သည် ဖရ်ဿွ်တာဝန်ဖြစ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည်(ဆွိယာမ်)ဥပုသ်စောင့်ထိန်းသူများအတွက် များပြားသောအကျိုးကုသိုလ်များ အသင့်ပြင်ဆင်ထားကြောင်းကို လက်ခံယုံကြည်မည်။ ထို့အတူ အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကိုသာရည်ရွယ်၍ (ရိယာအ်)ပြစားမှုနှင့် ကျော်ကြားလိုစိတ်မပါဘဲ ရမဿွာန်လ၏ (ဆွိယာမ်) ဥပုသ်ကို စောင့်ထိန်းခဲ့လျှင် ၎င်းသူ ယခင်က ကျူးလွန်မိခဲ့သည့် အပြစ်အကုသိုလ်များ ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိခ်လာဆ်ွ (အလ္လာဟ်အရှင်မြတ်အတွက်သာ ရည်စူးခြင်း)၏ မွန်မြတ်မှုနှင့် ရမ်ဿွာန်လ၏ ဆွိယာမ်ဥပုသ်နှင့် အခြား‌ကောင်းမှုကုသိုလ်များ၌ အိခ်လာဆ်ွ၏ အရေးပါမှုကို တင်ပြထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
ထပ်၍