عن أبي هريرة رضي الله عنه مرفوعاً: «من صَام رمضان إيِمَانًا واحْتِسَابًا، غُفِر له ما تَقدَّم من ذَنْبِه».
[صحيح] - [متفق عليه]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ မည်သူမဆို အီမာန်နှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး ရမဿွာန်လ၏ (ဆွိယာမ်)ဥပုသ်ကို စောင့်ထိန်းခဲ့လျှင် ယခင်က ၎င်းသူ ကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည် ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဟဒီးဆ်တော်၏ အလိုသဘောမှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်မှုနှင့်တကွ အရှင်မြတ်၏ ကတိတော်ကို လက်ခံယုံကြည်ပြီး အကျိုးဆဝါဗ်ကို မျှော်ကိုးလျှက် အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရည်ရွယ်ကာ (ရိယာအ်)ပြစားမှုနှင့် ကျော်ကြားလိုစိတ်မပါဘဲ ရမဿွာန်လ၏ (ဆွိယာမ်) ဥပုသ်ကို စောင့်ထိန်းခဲ့လျှင် ၎င်းသူ ယခင်က ကျူးလွန်မိခဲ့သည့် အပြစ်အကုသိုလ်များ ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန်
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရမဿွာန်လ၏မွန်မြတ်မှုနှင့် အဆင့်အတန်းကြီးကျယ် မြင့်မားမှုကို တင်ပြထားသည်။ ယင်းလသည် (ဆွိယာမ်)ဥပုသ်စောင့်ထိန်းရသော လဖြစ်ပြီး မည်သူမဆို ၎င်းလ၌(ဆွိယာမ်)ဥပုသ် စောင့်ထိန်းခဲ့သော် ၎င်း၏ အပြစ်အကုသိုလ်များသည် ပင်လယ်ရေမြှုပ်မျှ များပြားလျှင်လည်း ခွင့်လွှတ်ချမ်းသာပေးခြင်း ခံရမည်ဖြစ်သည်။
  2. (ရမဿွာန်)ဟူသော ပုဒ်ကို (ရှဟ်ရ်) လ ဟူသောပုဒ်နှင့် တွဲ၍ "ရှဟ်ရုရမဿွာန်" ရမဿွာန်လ ဟုမပြောဘဲ "ရမဿွာန်" ဟူ၍ ပြောဆိုခွင့်ရှိသည်။
ထပ်၍