عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«مَنْ يَقُمْ لَيْلَةَ الْقَدْرِ إِيمَانًا وَاحْتِسَابًا غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ»

[صحيح] - [متفق عليه] - [صحيح البخاري: 35]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
မည်သူမဆို ကဒ်ရ်ညမြတ်တွင် အီမာန်ယုံကြည်မှုနှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။

[صحيح] - [متفق عليه] - [صحيح البخاري - 35]

ရှင်းလင်းချက်

ရမ်ဿွာန်လ၏ နောက်ဆုံးဆယ်ရက်တွင် ကျ‌ရောက်သော ကဒ်ရ်ညမြတ်၌ အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုလုပ်ခြင်း၏ ထူးမြတ်မှုနှင့်ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ကဒရ်ညမြတ်တွင် ယင်းညနှင့် ယင်းည၏ ထူးမြတ်မှုများအပေါ် အီမာန် သက်ဝင်ယုံကြည်ကာ ‘ရိယာအ်’ ပြစားမှု၊ ထင်ပေါ်ကျော်ကြားလိုမှုမပါဘဲ အလ္လာဟ်အရှင်မြတ်ထံတော်မှ အကျိုးကုသိုလ် မျှော်ကိုးကာ ဆွလာသ်ဆောက်တည်ခြင်း၊ ဒုအာဆုမွန်တောင်းခံခြင်း၊ ကုရ်အာန်ကျမ်းမြတ်ဖတ်ရွတ်ခြင်း၊ ဇိက်ရ်ပြုလုပ်ခြင်းစသည့် အမလ်အိဗာဒသ်များ ပြုလုပ်ခဲ့ပါက ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကဒ်ရ်ညမြတ်၏ ထွတ်မြတ်မှုကိုတင်ပြထားပြီး ထိုညတွင် အိဗာဒသ် ခဝပ်မှုပြုလုပ်ရန် တိုက်တွန်းထားသည်။
  2. မှန်ကန်သည့်ရည်စူးချက်ဖြင့်သာ ကောင်းမြတ်သည့်အကျင့်သီလများ လက်ခံခြင်းခံရမည်ဖြစ်သည်။
  3. အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကရုဏာတော်တစ်ရပ်မှာ မည်သူမဆို ကဒ်ရ်ညမြတ်တွင် အီမာန်ယုံကြည်မှုနှင့်တကွ အကျိုးဆဝါဗ်ကို မျှော်ကိုးပြီး အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုခဲ့လျှင် ၎င်းသူ ယခင်ကကျူးလွန်မိခဲ့သော အပြစ်အကုသိုလ်များ ခွင့်လွှတ်ပေးခြင်းခံရမည်ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
ထပ်၍