عَنْ جَابِرٍ رَضيَ اللهُ عنهُ عَنِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ قَالَ: سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ، غُرِسَتْ لَهُ نَخْلَةٌ فِي الجَنَّةِ».

[صحيح] - [رواه الترمذي] - [سنن الترمذي: 3464]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
"အကြင်သူသည် «سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ» (အလ္လာဟ်အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်း ဖြင့် ကျွန်တော်မျိုးမြွက်ဆိုပါသည်)ဟု ရွတ်ဆိုခဲ့သော်၊ ထိုသူ့အတွက် ဂျန္နသ်သုခဘုံတွင် စွန်ပလွံပင်တစ်ပင်ကို စိုက်ပျိုးပေးခြင်းခံရ၏။"

[صحيح] - [رواه الترمذي] - [سنن الترمذي - 3464]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အရှင်မြတ်၏ ဇာတိတော်၊ ဂုဏ်တော်နှင့် လုပ်ဆောင်တော်မူချက်များ၏ မြင့်မြတ်ကြီးကျယ်ပုံနှင့်အတူ အရှင်မြတ်အား စင်ကြယ်တော်မူကြောင်း ဖော်ပြပြီး ချီးမွမ်းထောမနာပြုခြင်းကိုလည်း ထည့်သွင်း ရွတ်ဆိုသူသည် ထိုသို့ရွတ်ဆိုသည့် အကြိမ်တိုင်းတွင်ဂျန္နသ်သုခဘုံ၏မြေပြင်တွင် ၎င်းအတွက် စွန်ပလွံပင်တစ်ပင်ကို စိုက်ပျိုးပေးခြင်းခံရသည်ဟု မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ အလ္လာဟ်အရှင်မြတ်ကို များမြောင်စွာ သတိရတသရန် တိုက်တွန်းထားပြီး၊ ထိုသို့သတိရသခြင်းအနက် တစ်ခုမှာ 'သတ်စ်ဗီးဟ်' (စွဗ်ဟာနလ္လာ) နှင့် 'သဟ်မီးဒ်' (အလ်ဟမ်ဒုလစ်လ္လာ) တို့ကို ပေါင်းစပ်ကာ သတိရသခြင်းဖြစ်သည်။
  2. ၂။ ဂျန္နသ်သုခဘုံသည် ကျယ်ဝန်းပြီး၊ ယင်း၏ ဥယျာဉ်စိုက်ပျိုးခြင်းမှာ သတ်စ်ဗီးဟ်နှင့် သဟ်မီးဒ်ဖြစ်သည်ဟူသည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် နိအ်မသ်တော်ဖြစ်သည်။
  3. ၃။ ဟဒီးစ်တွင် အခြားသစ်ပင်များထက် စွန်ပလွံပင်ကို အထူးဖော်ပြခြင်းမှာ ၎င်း၏ အကျိုးကျေးဇူးများလွန်းပြီး၊ ၎င်း၏အသီးသည် အလွန်ကောင်းမွန်ခြင်းကြောင့် ဖြစ်သည်။ ဤအတွက်ကြောင့်ပင် အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်မြတ်ကုရ်အာန်တွင် မုအ်မင်န်ယုံကြည်သူနှင့် သူ၏ အီမာန်ယုံကြည်ခြင်း၏ သာဓကကို စွန်ပလွံပင်နှင့် ဥပမာပေးတော်မူခဲ့သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (43)
ထပ်၍