عن أَبِي مُوسَى الأَشْعَرِيِّ رضي الله عنه: أَنَّ رَسُولَ اللهِ صلى الله عليه وسلم قَالَ:
«مَنْ صَلَّى الْبَرْدَيْنِ دَخَلَ الْجَنَّةَ»
[صحيح] - [متفق عليه] - [صحيح البخاري: 574]
المزيــد ...
အဗူမူစာ အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကြင်မည်သူမဆို အေးမြသော ဆွလာသ်နှစ်ကြိမ် ( ဖဂျရ်နှင့်အစွရ်)ကို ဝတ်ပြုပါက ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 574]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဆွလာသုလ်ဘရ်ဒိုင်းန်ဟု ခေါ်သည့် ဖဂျ်ရ်နှင့် အစွရ်ဆွလာသ်ကို အထူးအလေးထားရန် တိုက်တွန်းနှိုးဆော်ထားပြီး၊ ထိုဆွလာသ်နှစ်ခုကို ၎င်းတို့၏ အချိန်တွင်၊ ဂျမာသ်နှင့်အတူ ဝတ်ပြုသူအား ဂျန္နသ်သုခဘုံ၏ ဝမ်းမြောက်ဖွယ်သတင်းကို ပေးအပ်ခဲ့သည်။