عن جندب بن عبد الله رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «مَنْ صَلَّى صلاةَ الصُّبْحِ فهو في ذِمَّةِ اللهِ فلا يَطْلُبَنَّكُمُ اللهُ مِنْ ذِمَّتِهِ بِشَيْءٍ، فَإِنَّهُ مَنْ يَطْلُبْهُ مِنْ ذِمَّتِهِ بِشَيْءٍ يُدْرِكْهُ، ثُمَّ يَكُبُّهُ على وَجْهِهِ في نَارِ جَهَنَّمَ».
[صحيح] - [رواه مسلم]
المزيــد ...

ဂျွန်ဒွဗ်ဗင်န်အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်တော်မူသည်။ အကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်လိုက်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်၌ရှိသည့် တစ်စုံတစ်ရာအား အပြစ်ကျူးလွန်ခဲ့သည့်အတွက် အသင်တို့အား အရှင်မြတ်က ရှာဖွေအရေးယူရခြင်းမျိုး မဖြစ်ကြစေနှင့်။ အကယ်၍ ထိုသို့ရှာဖွေရမည်ဆိုလျှင် အရှင်မြတ်သည် ၎င်းအားသေချာပေါက် ဖမ်းဆီးမိမည်ဖြစ်ပြီး ၎င်းအား မျက်နှာဖြင့်တရွတ်တိုက်ဆွဲကာ ဂျဟန္နမ်ငရဲသို့ ပစ်ချမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဖဂျရ်ဆွလာသ်အား ဆောက်တည်သူသည် အလ္လာဟ်အရှင်မြတ်၏ ကတိတော်သို့ ဝင်ရောက်လိုက်ခြင်းဖြစ်ပြီး မည်သူမျှ သူ့အားထိခိုက်နစ်နာ အောင်မပြုရဟူ၍ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် ပဋိညာဉ်ပြုလုပ်လိုက်သကဲ့သို့ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ ၎င်းအား ဒုက္ခပေးခွင့်မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းအားဒုက္ခပေးခြင်းသည် အမှန်တကယ်တွင် အလ္လာဟ်အရှင်မြတ်အပေါ် ကျူးကျော်စော်ကားခြင်းနှင့် ထိုဆွလာသ်ဆောက်တည်သူအပေါ် အရှင်မြတ်ချီးမြှင့်ထားသည့် ကာကွယ်စောင့်ရှောက်မှုအား ဖျက်ဆီးခြင်းပင်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ ကတိတော်ကို ဖျက်ဆီးပြီး၊ အရှင်မြတ်အား ကျူးကျော်စော်ကားပါက မိမိကိုယ်မိမိ အလ္လာဟ်အရှင်မြတ်နှင့် စစ်တိုက်ရန် ကြေငြာခြင်းသာဖြစ်သည်။ အရှင်မြတ်၏ အိမ်နီးချင်းနှင့် အရှင်မြတ်၏ ကာကွယ်စောင့်ရှောက်မှုအတွင်း၌ ရှိနေသူအား ဒုက္ခပေးလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား လက်စားချေတော်မူမည်ပင်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဖဂျရ်ဆွလာသ် အရေးကြီးပုံနှင့် ယင်းဆွလာသ်၏ မွန်မြတ်မှုကို တင်ပြထားသည်။
  2. ဖဂျရ်ဆွလာသ် ဆောက်တည်သူအား ဒုက္ခတစ်စုံတစ်ရာပေးသူကိုပြင်းပြင်းထန်ထန် သတိပေးခြိမ်းခြောက်ထားသည်။
  3. အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းဥပဒေများ၊ အလေးအမြတ်ထားရမည့် အမိန့်ပညတ်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ကျွန်အားအလ္လာဟ်အရှင်မြတ်က ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ကူညီစောင်မခြင်းတို့၏ အကြောင်းခံပင်ဖြစ်သည်။
ထပ်၍