عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال:
«مَنْ كَانَ يُؤْمِنُ بِاللهِ وَالْيَوْمِ الْآخِرِ فَلْيَقُلْ خَيْرًا أَوْ لِيَصْمُتْ، وَمَنْ كَانَ يُؤْمِنُ بِاللهِ وَالْيَوْمِ الْآخِرِ فَلْيُكْرِمْ جَارَهُ، وَمَنْ كَانَ يُؤْمِنُ بِاللهِ وَالْيَوْمِ الْآخِرِ فَلْيُكْرِمْ ضَيْفَهُ».

[صحيح] - [متفق عليه] - [صحيح مسلم: 47]
المزيــد ...

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် ကောင်းသည့်စကားကိုသာ ပြောဆိုပါ၊ သို့မဟုတ် ဆိတ်ဆိတ်နေပါ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိအိမ်နီးချင်းအား ဂုဏ်ပေးပါ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိဧည့်သည်အား ဂုဏ်ပေးလေးစားပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 47]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်း မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ဖြစ်သော အရှင်မြတ်ထံ ပြန်လှည့်ရမည့်နေ့၊ လုပ်ရပ်များကို အစားပြန်လည်ပေးမည့်နေ့ကို အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တိုင်းအား သူ၏အီမာန်သက်ဝင်ယုံကြည်မှုက အောက်ပါလုပ်ရပ်များကို ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်မည်ဖြစ်သည်။
၎င်းတို့မှာ- (၁) ကောင်းသည့်စကားကိုသာ ပြောဆိုခြင်း။ ယင်း၌ ‘سُبْحَانَ الّٰله’ ဖတ်ခြင်း၊ ‘لَا إِلٰهَ إِلَّا الّٰله ’ ဖတ်ခြင်း၊ ကောင်းရာညွှန်ကြားခြင်း၊ မကောင်းမှုမှ တားမြစ်ခြင်း၊ လူတို့ကြား၌ သင့်မြတ်အောင် ဆောင်ရွက်ပေးခြင်း စသည်တို့ပါဝင်သည်။ အကယ်၍ ထိုသို့ မလုပ်နိုင်ပါက ဆိတ်ဆိတ်နေရမည်။ လူတို့အား ဒုက္ခမပေးဘဲ နှုတ်လျှာကို ထိန်းသိမ်းရမည်။
(၂) အိမ်နီးချင်းအား ဂုဏ်ပေးခြင်း။ ၎င်းတို့အား ကောင်းကျိုးပြုခြင်း၊ ဒုက္ခမပေးခြင်း။
(၃) မိမိအား လာရောက်တွေ့ဆုံသည့် ဧည့်သည်အား ဂုဏ်ပေးလေးစားခြင်း။ ၎င်းတို့အား ကောင်းမွန်ချိုသာစွာစကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်း စသည်တို့ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်ခြင်းသည် ကောင်းခြင်းအားလုံး၏ ဇာစ်မြစ်ဖြစ်ပြီး ကောင်းမြတ်သည့် အကျင့်သီလများကို ရှင်သန်စေသည်။
  2. နှုတ်လျှာ၏ ဆိုးကျိုးများမှ ရှောင်ကြဥ်ရန် သတိပေးထားသည်။
  3. အစ္စလာမ်သာသနာသည် ချစ်ခင်ရင်းနှီးမှု၊ ဂုဏ်ပေးလေးစားမှုကို ဖော်ဆောင်သော သာသနာဖြစ်သည်။
  4. ဤအကျင့်အမူများသည် အီမာန်ယုံကြည်မှု၏ အကိုင်းအလက်များနှင့် မြင့်မြတ်သည့် ကိုယ်ကျင့်တရားများ အနက်မှဖြစ်သည်။
  5. စကားများများပြောခြင်းသည် မနှစ်သက်ဖွယ်ရာနှင့် တားမြစ်ထားသောအရာဆီသို့ တွန်းပို့ပေးသည်။ ကောင်းမြတ်သည့် စကားကိုပြောခြင်း သို့မဟုတ် ဆိတ်ဆိတ်နေခြင်း၌ ငြိမ်းချမ်းမှုရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (66)
ထပ်၍