عن أبي هريرة رضي الله عنه مرفوعاً: «من كان يؤمن بالله واليوم الآخر فليقل خيرًا أو ليصْمُت، ومن كان يؤمن بالله واليوم الآخر فليُكْرِم جارَه، ومن كان يؤمن بالله واليوم الآخر فليكرم ضَيْفَه».
[صحيح] - [متفق عليه]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် ကောင်းသည့်စကားကိုသာ ပြောဆိုပါ၊ သို့မဟုတ် ဆိတ်ဆိတ်နေပါ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိအိမ်နီးချင်းအား ဂုဏ်ပေးပါ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိဧည့်သည်အား ဂုဏ်ပေးလေးစားပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံမှ ပြည့်စုံလှသည့် လူမှုရေးအခြေခံမူများကို ဆင့်ပြန်ခဲ့သည်။ ကိုယ်တော် မိန့်ကြားတော်မူသည့် “မည်သူမဆို အီမာန်သက်ဝင်ယုံကြည်လျှင်”ဟူသောစကားသည် သတ်မှတ်ချက်ပြ အကြောင်းပြ ဝါကျဖြစ်ပြီး ၎င်း၏ ရလဒ်ကို ဖော်ပြထားသည့် ဝါကျမှာ “ကောင်းသည့်စကားကိုသာ ပြောဆိုပါ၊ သို့မဟုတ် ဆိတ်ဆိတ်နေပါ။”ဟူ၍ဖြစ်သည်။ ဤစာသား၏ ရည်ရွယ်ချက်မှာ ကောင်းသည့်စကားကိုသာပြောဆိုရန် သို့မဟုတ် ဆိတ်ဆိတ်နေရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။ ကိုယ်တော်က အသင်သည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် ကောင်းသည့်စကားကိုသာ ပြောဆိုပါ၊ သို့မဟုတ် ဆိတ်ဆိတ်နေပါဟု ပြောလိုက်ခြင်းပင်ဖြစ်သည်။ “ကောင်းသည့်စကားကိုသာ ပြောဆိုပါ၊”ဟူသည် ပြောသူ၏ စိတ်ထဲ၌ ထိုစကားကို ကောင်းသည်ဟု မမှတ်ယူလျှင်လည်းသူ၏ မိတ်ဆွေများကို ပျော်ရွှင်စေရန်အတွက်ပြောလိုက်ခြင်းမျိုးဖြစ်သည်။ ဤသည် ရင်းနှီးမှုကို ရရှိစေပြီး အထီးကျန်ဆန်ခြင်းမျိုးမရှိတော့ဘဲ ချစ်ခင်မှုကိုရရှိစေသည်။ “သို့မဟုတ် ဆိတ်ဆိတ်နေပါ၊”ဟူသည် ထိုသို့မပြောနိုင်ပါက နှုတ်ဆိတ်နေလိုက်ပါဟု ဆိုလိုခြင်းဖြစ်သည်။ “မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိအိမ်နီးချင်းအား ဂုဏ်ပေးပါ၊” ဤသည် မိမိ၏ အိမ်နီးနားချင်းကို ဆိုလိုသော်လည်း ၎င်းထဲတွင်သင်၏ ဆိုင်နီးချင်းကဲ့သို့ မိမိနှင့်နီးကပ်မှုရှိသည့် သူတိုင်းပါဝင်နေကြောင်း ပေါ်လွင်နေပေသည်။ သို့သော် ပထမအမျိုးအစားဖြစ်သည့် အိမ်နီးနားချင်းအား ရည်ညွှန်းကြောင်း ပို၍ထင်ရှားသည်။ အိမ်နီးချင်းသည် သင်နှင့်ပိုနီးလေလေ ၎င်း၏ဝတ္တရားသည်လည်း ပိုကြီးလေလေဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “အိမ်နီးချင်းအား ဂုဏ်ပေးပါ၊”ဟုသာမိန့်ကြားထားပြီး မည်သို့ ဂုဏ်ပေးရမည်ကို မသတ်မှတ်ထားပေ။ ဥပမာ ငွေကြေးပေးရမည် သို့မဟုတ် လှူဒါန်းရမည် သို့မဟုတ် အဝတ်အစားပေးရမည် သို့မဟုတ် အလားတူ ပေးကမ်းမှုမျိုးလုပ်ရမည်ဟူ၍ မမိန့်ကြားခဲ့ပေ။ အစ္စလာ့မ်တရားဥပဒေ၌ မည်သည့်ကိစ္စကိုမဆို ကန့်သတ်ချက်မပါရှိဘဲ ဖော်ပြထားပါက ၎င်းအားသိရှိနိုင်ရန် လူတို့ထံတွင် ကျော်ကြားပြီးသား ဓလေ့၊ထုံးတမ်းဘက်သို့ ပြန်လှည့်ရမည်ဖြစ်သည်။ ထို့ကြောင့် ဂုဏ်ပေးခြင်းအား ပုံသဏ္ဍာန် မသတ်မှတ်ဘဲ လူတို့ကြား၌ သတ်မှတ်ထားသည့် အတိုင်းသာ မှတ်ယူရမည်။အိမ်နီးချင်းသည်လည်း တစ်ဦးနှင့်တစ်ဦးမတူကြပေ။ တစ်ခါတစ်ရံ ဆင်းရဲသည့် သင်၏အိမ်နီးချင်းအား ပေါင်မုန့်တစ်လုံးပေးလိုက်ခြင်းသည် ဂုဏ်ပေးရာရောက်နိုင်သော်လည်း ချမ်းသာသည့် သင့်အိမ်နီးချင်းအား ဤမျှလောက်နှင့် ဂုဏ်ပေးရန် မလုံလောက်ပေ။ နိမ့်ပါးသည့် အိမ်နီးချင်းအတွက် တစ်ခါတစ်ရံ အနည်းအကျဉ်းဖြင့် ဂုဏ်ပေးရန် လုံလောက်သော်လည်း ဂုဏ်သိက္ခာရှိသည့် သင့်အိမ်နီးချင်းအတွက်မူ အများအပြားလိုအပ်ပေသည်။ အိမ်နီးချင်းဟူသည် သင့်ဘေးတွင်နေထိုင်သူ သို့မဟုတ် ဈေး၌ သင့်ဘေးကဆိုင် သို့မဟုတ် သင်နှင့်မျက်နှာချင်းဆိုင်နေသူ စသည်ဖြင့် မည်သူ့အားဆိုလိုသည်ကို လူတို့ကြား၌ သတ်မှတ်ချက်အရသာ ဆုံးဖြတ်ရမည်ဖြစ်သည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားခဲ့သည့် “မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိ၏ဧည့်သည်အား ဂုဏ်ပေးလေးစားပါ။”ဟူသည့် ဩဝါဒတွင် ဧည့်သည်ဟူသည် ခရီးသည်ကဲ့သို့သော သင့်ထံတွင် တည်းခိုနေထိုင်သူကို ဆိုလိုသည်။ ဤကဲ့သို့သော ဧည့်သည်အား ဓလေ့အတိုင်းပင် ဂုဏ်ပေးလေးစားရန် တာဝန်ရှိသည်။ အချို့သော သာသနာ့ပညာရှင်( ရဟိမဟုမွလ္လာဟ်) တို့က ကျေးရွာများ၊မြို့ငယ်များတွင် ဧည့်သည်အား တည်းခိုခွင့်ပေးရန် တာဝန်ရှိပြီး မြို့ကြီးပြကြီးများတွင် တည်းခိုခွင့်ပေးရန် ဝါဂျိဗ်တာဝန်မဟုတ်ဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် မြို့ပြများတွင် သွားရောက်ရန် စားသောက်ဆိုင်များ၊ တည်းခိုခန်းများရှိသည်။ သို့သော် ရွာငယ်များတွင် လူတစ်ဦးအနေဖြင့် တည်းခိုရန်နေရာလိုအပ်ပေသည်။ သို့သော် ဟဒီးဆ်တော်၏ ပေါ်လွင်နေသော အဓိပ္ပါယ်မှာ ယေဘုယျ သဘောပင်ဖြစ်ပြီး “မိမိ၏ဧည့်သည်အား ဂုဏ်ပေးလေးစားပါ။” ဟူ၍သာ လာရှိထားသည်။