عن جرير بن عبد الله رضي الله عنه مرفوعاً: «مَنْ لا يَرْحَمِ النَّاسَ لا يَرْحَمْهُ اللهُ».
[صحيح] - [متفق عليه]
المزيــد ...

ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူသားတို့အား သနားကြင်နာမှု မရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း သနားကြင်နာတော်မူမည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

လူသားတို့အား သနားကြင်နာမှု မရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း သနားကြင်နာတော်မူမည် မဟုတ်ပေ။ လူသားဟူသည့် စကားလုံး၏ ဆိုလိုရင်းသည် သနားကြင်နာမှု ထားရှိရမည့်သူများဖြစ်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူများ၊ မွတ်စ်လင်မ်တို့၏လက်အောက်၌ အခွန်ပေး၍ နေထိုင်ကြသော ဘာသာခြားများနှင့် ၎င်းတို့ကဲ့သိုသော အခြားသူများ စသည်တို့ကို ဆိုလိုသည်။ သို့သော် (မွတ်စ်လင်မ်တို့နှင့်) စစ်မက်တိုက်ခိုက်ကြသော ကာဖိရ် သွေဖည်ငြင်းပယ်သူများကိုမူ သနားကြင်နာရန် မလိုအပ်သည့်အပြင် ၎င်းတို့အား စစ်တိုက်ရမည်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် ဆွဟာဗဟ် သာဝကကြီးများ၏ အရည်အချင်းနှင့် ပတ်သက်၍ မိန့်ကြားထားတော်မူသည်မှာ (‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့နှင့် ပတ်သက်လျှင် ပြင်းထန်သူများဖြစ်ကြပြီး မိမိတို့အချင်းချင်း(ဆက်ဆံရာတွင်)သနားကြင်နာသူများပင် ဖြစ်ကြကုန်၏။) စူရဟ် ဖသ်ဟ် (၄၈း၂၉)

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လူသားကို သီးသန့်တင်ပြထားခြင်းသည် အလေးအနက်ထားသည့် သဘောမျိုး
  2. ဖြစ်သည်။ အမှန်တကယ်တွင် အဖန်ဆင်းခံအားလုံးအပေါ် သနားကြင်နာမှုထားရှိရန် လိုအပ်ပေသည်။
  3. သနားကြင်နာမှုသည် ကြီးကျယ်လှသည့် ကိုယ်ကျင့်တရားဖြစ်ပြီး အစ္စလာမ်သာသနာသည် လူသားတို့၏ စိတ်ထဲ၌ ထိုကိုယ်ကျင့်တရားအား ခိုင်မာအားကောင်းစေရန် နှစ်သက်လိုလားသည်။
  4. လူသားအချင်းချင်း သနားကြင်နာမှု ထားရှိခြင်းသည် ၎င်းတို့ပေါ် အလ္လာဟ်အရှင်မြတ်၏ သနားကရုဏာတော် သက်ရောက်ရန်အတွက် အကြောင်းခံဖြစ်သည်။
  5. အလ္လာဟ်အရှင်မြတ်၏ သနားကရုဏာတော်အား အတည်ပြုတင်ပြထားသည်။ ထိုဂုဏ်တော်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ မူလပကတိဂုဏ်တော်ဖြစ်ပြီး အဓိပ္ပါယ်သည် အရှင်မြတ်၏ ကြီးကျယ်မှုနှင့်လျော်ညီသည့်အတိုင်း စကားလုံး၏ ပေါ်လွင်ထင်ရှားနေသည့် အဓိပ္ပါယ်အတိုင်းပင်ဖြစ်သည်။
ထပ်၍