عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ كَانَتْ لَهُ مَظْلَمَةٌ لِأَخِيهِ مِنْ عِرْضِهِ أَوْ شَيْءٍ فَلْيَتَحَلَّلْهُ مِنْهُ اليَوْمَ، قَبْلَ أَلا يَكُونَ دِينَارٌ وَلاَ دِرْهَمٌ، إِنْ كَانَ لَهُ عَمَلٌ صَالِحٌ أُخِذَ مِنْهُ بِقَدْرِ مَظْلَمَتِهِ، وَإِلَمْ تَكُنْ لَهُ حَسَنَاتٌ أُخِذَ مِنْ سَيِّئَاتِ صَاحِبِهِ فَحُمِلَ عَلَيْهِ».
المزيد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို ၎င်း၌ မိမိ၏ညီနောင်အား သူ၏သိက္ခာကိုဖြစ်စေ သို့မဟုတ် အခြားတစ်ခုခုကိုဖြစ်စေ မတရားပြုလုပ်ထားသည်ရှိသော် ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးနှစ်ခုစလုံး အသုံးမဝင်မည့်နေ့ကို မရောက်ခင်အလျင် ယနေ့ပင် ထိုမတရားမှုကို ခွင့်လွှတ်ဖို့ရာအတွက် တောင်းပန်လော့။ (ထိုသို့မတောင်းပန်ခဲ့ပါက) အကယ်၍ ၎င်း၌ ကောင်းမြတ်သောအမလ်များ ရှိခဲ့လျင် ၎င်းမတရားလုပ်ခဲ့သည့် အတိုင်းအတာနှင့်အညီ ထိုကောင်းမှုထဲမှ နှုတ်ယူခြင်းခံရပေမည်။ အကယ်၍ ၎င်း၌ ကောင်းမှုများမရှိလျင် သူ့ရဲ့မတရားပြုလုပ်ခြင်းကိုခံရသူ၏ မကောင်းမှုများကို ယူပြီး သူ့အပေါ်၌ ထမ်းရွက်စေခြင်းခံမည်ဖြစ်သည်။