عَنْ عَائِشَةَ أُمِّ المُؤْمِنينَ رَضِيَ اللهُ عَنْهَا قَالَتْ:
كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا دَخَلَ الْعَشْرُ أَحْيَا اللَّيْلَ، وَأَيْقَظَ أَهْلَهُ، وَجَدَّ وَشَدَّ الْمِئْزَرَ.

[صحيح] - [متفق عليه] - [صحيح مسلم: 1174]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ဝင်ရောက်လာသော် ညကိုနိုးနိုးကြားကြား‌ နေတော်မူပြီး၊ မိမိ၏အိမ်သူအိမ်သားများကိုလည်း (ဝတ်ပြုရန်) နှိုးတော်မူ၏။ (ဝတ်ပြုကိုးကွယ်မှုတွင်) ကြိုးစားအားထုတ်တော်မူ၏။ ထို့ပြင် ခါးဝတ်ပုဆိုးကိုလည်း မြဲမြံစွာချည်နှောင်တော်မူ၏။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1174]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ဝင်ရောက်လာသော် အေဗာဒသ်ဝတ်ပြုမှုအမျိုးမျိုးဖြင့် တစ်ညလုံး နိုးနိုးကြားကြား‌ နေတော်မူပြီး၊ မိမိ၏အိမ်သူအိမ်သားများကိုလည်း ဆွလားသ်ဝတ်ပြုရန် နှိုးတော်မူ၏။ မိမိပုံမှန်လုပ်‌နေကျထက် ပို၍ ဝတ်ပြုကိုးကွယ်မှုတွင် ပိုမိုကြိုးစားအားထုတ်တော်မူ၏။ ဝတ်ပြုကိုးကွယ်မှုအတွက် အချိန်အပြည့်ပေးကာ မိမိ၏ဇနီးကြင်ယာ‌တော်များနှင့် ခွဲခွာနေတော်မူ၏။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ မွန်မြတ်သောအချိန်ကာလများကို ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် အခွင့်ကောင်း ယူရန် တိုက်တွန်းထားခြင်း။
  2. ၂။ နဝဝီက ဆိုသည်- ဤဟဒီးစ်တော်တွင် ပါရှိသည်မှာ- ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်တွင် ဝတ်ပြုကိုးကွယ်မှုများကို တိုးမြှင့်ပြုလုပ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ ထိုဆယ်ရက်အတွင်းရှိ ညဉ့်များကို ဝတ်ပြုကိုးကွယ်မှုများဖြင့် နိုးနိုးကြားကြား‌နေခြင်းသည်လည်း မွတ်စ်သဟဗ် ဖြစ်သည်။
  3. ၃။ လူသားသည် မိမိ၏အိမ်သူအိမ်သားများကို ဝတ်ပြုကိုးကွယ်ရန် အမိန့်ပေးခြင်းဖြင့် အလေးထားဂရုစိုက်သင့်သည်။ ထို့ပြင် ၎င်းတို့အပေါ် စိတ်ရှည်သည်းခံရမည်။
  4. ၄။ ကောင်းမှုကုသိုလ်များ ပြုလုပ်ရာတွင် ဆုံးဖြတ်ချက်ခိုင်မာမှု၊ စိတ်ရှည်မှု၊ ဇွဲလုံ့လဝီရိယတို့ လိုအပ်သည်။
  5. ၅။ အိမာမ်နဝဝီက ဆိုသည်မှာ - ပညာရှင်များသည် ဤဟဒီးစ်ပါ (شدّ المِئزر) "ရှဒ္ဒလ်မိအ်ဇရ" (ခါးဝတ်ပုဆိုးကိုလည်း မြဲမြံစွာချည်နှောင်တော်မူ၏) ဟူသော စကား၏ အဓိပ္ပါယ်နှင့် ပတ်သက်၍ ကွဲလွဲကြသည်။ အချို့က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အခြားသောညများထက် ဤညများတွင် အေဗာဒသ်ခဝပ်ဆည်းမှုများကို ပိုမိုပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဤအဓိပ္ပါယ်အရ ဤစကားစုသည် အေဗာဒသ်ခဝပ်ဆည်းကပ်မှုအတွက် အသင့်ပြင်ဆင်ခြင်းနှင့် အားထုတ်ခြင်းကို ဆိုလိုသည်။ အာရဗီစကားတွင် (شَدَدْتُ لهذا الأمر مِئزري) "ရှဒဒ်သု လိဟာဇလ်အမရိ မိအ်ဇရီ" ဟု ဆိုကြပြီး "ဤကိစ္စအတွက် ကျွန်ုပ်၏ ခါးဝတ်ပုဆိုးကို မြဲမြံစွာချည်နှောင်လိုက်သည်" ဟု အဓိပ္ပါယ်ရသည်။ဆိုလိုသည်မှာ ထိုကိစ္စအတွက် ကျွန်ုပ်အဆင်သင့်ဖြစ်နေပြီ၊ အချိန်အပြည့်ပေးလိုက်ပြီ ဟု ဆိုလိုသည်။ အချို့က ဤစကားစုသည် အေဗာဒသ်ခဝပ်ဆည်းကပ်မှုတွင် အာရုံစူးစိုက်နိုင်ရန် ဇနီးသည်များနှင့် ခွဲခွာနေခြင်းကို ခိုင်းနှိုင်းပြောဆိုခြင်း ဖြစ်သည် ဟု ဆိုကြသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (44)
ထပ်၍