عَنْ عَائِشَةَ أُمِّ المُؤْمِنينَ رَضِيَ اللهُ عَنْهَا قَالَتْ:
كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا دَخَلَ الْعَشْرُ أَحْيَا اللَّيْلَ، وَأَيْقَظَ أَهْلَهُ، وَجَدَّ وَشَدَّ الْمِئْزَرَ.
المزيد
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ဝင်ရောက်လာသော် ညကိုနိုးနိုးကြားကြား နေတော်မူပြီး၊ မိမိ၏အိမ်သူအိမ်သားများကိုလည်း (ဝတ်ပြုရန်) နှိုးတော်မူ၏။ (ဝတ်ပြုကိုးကွယ်မှုတွင်) ကြိုးစားအားထုတ်တော်မူ၏။ ထို့ပြင် ခါးဝတ်ပုဆိုးကိုလည်း မြဲမြံစွာချည်နှောင်တော်မူ၏။