عَنْ جَرِيرٍ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَنْ يُحْرَمِ الرِّفْقَ يُحْرَمِ الْخَيْرَ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2592]
المزيــد ...
ဂျရီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ
နူးညံ့သိမ်မွေ့မှုမရှိသူသည် ကောင်းခြင်းဟူသ၍တို့မှလက်မဲ့ဖြစ်သွားပေသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2592]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အသိပေးမိန့်ကြားထားသည်မှာ နူးညံ့သိမ်မွေ့မှုမရှိ သောသူသည် လောကီ၊ လောကုတ္တရာနှစ်ဌာန၌ဖြစ်စေ၊ မိမိ၏အရေးကိစ္စ၌ဖြစ်စေ၊ အခြားသူများနှင့်ဆက်ဆံသည့်အခါ၌ဖြစ်စေ ကောင်းခြင်းများမရရှိနိုင်သောကြောင့် ကောင်းခြင်းဟူသမျှမှ လက်မဲ့ဖြစ်သွားပေသည်။