عَنْ أَبِي حَازِمٍ قَالَ: قَاعَدْتُ أَبَا هُرَيْرَةَ رضي الله عنه خَمْسَ سِنِينَ، فَسَمِعْتُهُ يُحَدِّثُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ:
«كَانَتْ بَنُو إِسْرَائِيلَ تَسُوسُهُمُ الأَنْبِيَاءُ، كُلَّمَا هَلَكَ نَبِيٌّ خَلَفَهُ نَبِيٌّ، وَإِنَّهُ لاَ نَبِيَّ بَعْدِي، وَسَيَكُونُ خُلَفَاءُ فَيَكْثُرُونَ» قَالُوا: فَمَا تَأْمُرُنَا؟ قَالَ: «فُوا بِبَيْعَةِ الأَوَّلِ فَالأَوَّلِ، أَعْطُوهُمْ حَقَّهُمْ، فَإِنَّ اللَّهَ سَائِلُهُمْ عَمَّا اسْتَرْعَاهُمْ».
المزيد
အဘူဟာဇင်မ်က ဆင့်ပြန်သည်။ ၎င်းက ပြောပြခဲ့သည်။ ကျွန်ုပ်သည် အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) နှင့် ငါးနှစ်တိုင်တိုင် အတူနေခဲ့သည်။ ၎င်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဟဒီးဆ်ဆင့်ပြန်ပြောကြားခဲ့သည်ကို ကျွန်ုပ်ကြားသိခဲ့ရသည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"ဗနီအစ္စရာအီလ်မျိုးနွယ်တို့၏ (အရေးကိစ္စအဝဝကို) နဗီတမန်တော်များက တာဝန်ယူ အုပ်ချုပ်ခဲ့ကြသည်။ နဗီတမန်တော်တစ်ပါး ကွယ်လွန်သွားသည့်အခါတိုင်း အခြားနဗီတမန်တော်တစ်ပါးက ၎င်းနေရာကို ဆက်ခံခဲ့သည်။ သို့သော် ငါကိုယ်တော်၏နောက်တွင် မည်သည့်နဗီတမန်တော်တစ်ပါးမျှ ပွင့်ပေါ်လာတော့မည် မဟုတ်ပေ။ များမကြာမီ ခလီဖဟ်ခေါင်းဆောင်များ အမြောက်အများ ပေါ်ထွန်းလာကြမည် ဖြစ်သည်။ ထိုအခါ ဆွဟာဗဟ်များက လျှောက်
ထားကြသည် - ကိုယ်တော်ကျွန်တော်မျိုးတို့အား မည်သို့ အမိန့်ပေးညွှန်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ "ပထမဦးဆုံး ဗိုင်အသ်ကတိသစ္စာပြုခံရသော ခလီဖဟ်၏ ကတိသစ္စာကို ဖြည့်ဆည်းကြလော့။ ထို့နောက် ၎င်းနောက်မှလာသူ၏ ကတိသစ္စာကို ဖြည့်ဆည်းကြလော့။ ၎င်းတို့၏ အခွင့်အရေးကို ၎င်းတို့အား အပြည့်အဝ ပေးဆောင်ကြလော့။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တာဝန်ပေးအပ်ခဲ့သော (လက်အောက်ငယ်သားတို့၏) ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အား စစ်ဆေးမေးမြန်းတော်မူမည့် အရှင်ဖြစ်သည်။