عن أبي هريرة رضي الله عنه مرفوعاً: «كل أمتي يدخلون الجنة إلا من أَبَى». قيل: ومَنْ يَأْبَى يا رسول الله؟ قال: «من أطاعني دخل الجنة، ومن عصاني فقد أَبَى».
[صحيح] - [رواه البخاري]
المزيــد ...
အဗူဟုရိုင်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်။ ငြင်းပယ်သူမှအပ ငါကိုယ်တော်၏ အွမ္မသ်သားအားလုံးသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်။ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ငြင်းပယ်သူသည် မည်သူဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းကြသည့်အခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ငါကိုယ်တော့်အမိန့်ကိုနာခံလျှင် ထိုသူသည် ဂျန္နသ်ကိုဝင်ရမည်ဖြစ်ပြီး မည်သူမဆိုငါကိုယ်တော်၏ အမိန့်ကိုမနာခံလျှင် ထိုသူသည်ငြင်းပယ်သူဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်အား သတင်းကောင်းပေးခဲ့ကြောင်း အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကိုယ်တော်မိန့်ကြားခဲ့သည့် “ငါကိုယ်တော်၏ အွမ္မသ်သားအားလုံးသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်။” ဟူသည် ကိုယ်တော်၏ အမိန့်ကိုနာခံခဲ့ကြသော အွမ္မသ်သားတို့ကို ဆိုလိုသည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “ငြင်းပယ်သူမှအပ”ဟူ၍ ဖယ်ထုတ်ထားသည်။ ဆိုလိုသည်မှာ ၎င်းတို့အနက် ဂျန္နသ်သို့ဝင်ရောက်ခွင့်ရရန် အကြောင်းခံဖြစ်သည့် အမိန့်နာခံမှုအား စွန့်လွှတ်ကာ ဖီဆန်ခဲ့ကြသူများ မပါဝင်ပေ။ အဘယ့်ကြောင့်ဆိုသော် မည်သူမဆိုတစ်စုံတစ်ရာအတွက် မရှိမဖြစ်လိုအပ်သောအကြောင်းခံအား စွန့်လွှတ်ခဲ့ပါက ၎င်းသည် ငြင်းပယ်သူပင်ဖြစ်သည်။ ၎င်းတို့အား ဖယ်ထုတ်ထားခြင်းသည် ၎င်းတို့အပေါ်ပြင်းပြင်းထန်ထန် သတိပေးထားခြင်းပင်ဖြစ်သည်။ သို့မဟုတ် (ငြင်းပယ်သူဟူသည်) ဒအ်ဝဟ်ဖိတ်ခေါ်ရန်လိုအပ်သည့် ဘာသာခြားများကို ဆိုလိုပါက ၎င်း၏အလိုသဘောမှာ အစ္စလာမ်ကို ငြင်းပယ်ကြသူများ ဖြစ်သည်။ ဂုဏ်သရေရှိ သာဝကကြီးများက “အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ငြင်းပယ်သူသည် မည်သူဖြစ်ပါသနည်း”ဟု ကိုယ်တော်အား မေးမြန်းခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းတို့အား ဖြေကြားတော်မူသည်မှာ “မည်သူမဆို ငါကိုယ်တော့်အမိန့်ကိုနာခံလျှင်” ဆိုလိုသည်မှာငါကိုယ်တော် ယူဆောင်လာသည့် အရာကို ကျိုးနွံ နာခံလိုက်နာလျှင် “ထိုသူသည် ဂျန္နသ်ကိုဝင်ရမည်။” “မည်သူမဆို ငါကိုယ်တော်၏အမိန့်ကို မနာခံလျှင်” ဆိုလိုသည်မှာ မထောက်ခံခဲ့လျှင် သို့မဟုတ် တားမြစ်ထားသော ကိစ္စကိုပြုလုပ်လျှင် “ထိုသူသည် ငြင်းပယ်သူဖြစ်သည်။” ဆိုလိုသည်မှာ ၎င်းသည် သူ၏ ငြင်းပယ်မှုကြောင့် ဆိုးရွားလှသည့် ရလဒ်ကိုသာ ရရှိမည်ဖြစ်သည်။ နိဂုံးချုပ်အားဖြင့် ဆိုရလျှင် ထိုငြင်းပယ်သူသည် အကယ်၍ ကာဖိရ်ဆိုပါက ဂျန္နသ်သို့ အလျင်းဝင်ရောက်ရမည် မဟုတ်ပေ။ သို့သော်(ငြင်းပယ်သူသည်) မွတ်စ်လင်မ်ဖြစ်လျှင် ဂျဟန္နမ်ငရဲမီးဖြင့် အပြစ်များကို ဆေးကြောပြီးမှသာ ဂျန္နသ်သို့ဝင်ရောက်ရမည်ဖြစ်သည်။ မွတ်စ်လင်မ်တစ်ဦးသည် အကုသိုလ်ဟူသ၍ကို ကျူးလွန်ခဲ့သော်လည်း တစ်ခါတစ်ရံ ၎င်းသည် ခွင့်လွှတ်ခြင်းခံရပြီး အဇာဗ်ပြစ်ဒဏ်ပေးခြင်းမခံရပေ။