عن أنس بن مالك قال: بينما نحن جلوس مع النبي صلى الله عليه وسلم في المسجد دخل رجل على جمل، فأناخه في المسجد ثم عقله، ثم قال لهم: أيكم محمد؟ والنبي صلى الله عليه وسلم متكئ بين ظهرانيهم، فقلنا: هذا الرجل الأبيض المتكئ. فقال له الرجل: يا ابن عبد المطلب فقال له النبي صلى الله عليه وسلم: «قد أجبتك». فقال الرجل للنبي صلى الله عليه وسلم: إني سائلك فمشدد عليك في المسألة، فلا تجد علي في نفسك؟ فقال: «سل عما بدا لك» فقال: أسألك بربك ورب من قبلك، آلله أرسلك إلى الناس كلهم؟ فقال: «اللهم نعم». قال: أنشدك بالله، آلله أمرك أن نصلي الصلوات الخمس في اليوم والليلة؟ قال: «اللهم نعم». قال: أنشدك بالله، آلله أمرك أن نصوم هذا الشهر من السنة؟ قال: «اللهم نعم». قال: أنشدك بالله، آلله أمرك أن تأخذ هذه الصدقة من أغنيائنا فتقسمها على فقرائنا؟ فقال النبي صلى الله عليه وسلم: «اللهم نعم». فقال الرجل: آمنت بما جئت به، وأنا رسول من ورائي من قومي، وأنا ضمام بن ثعلبة أخو بني سعد بن بكر.
[صحيح] - [رواه البخاري]
المزيــد ...

အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ဗလီဝတ်ကျောင်းတော်၌ ထိုင်နေကြစဉ် ပုဂ္ဂိုလ်တစ်ဦးသည် ကုလားအုတ်စီးပြီး ဝင်ရောက်လာခဲ့သည်။ ၎င်းသည် ကုလားအုတ်ကို ဗလီ(မျက်နှာစာ)၌ ဝပ်တွားစေပြီး ချည်နှောင်ခဲ့သည်။ ထို့နောက် ၎င်းက လူတို့အား အသင်တို့ထဲ၌ မုဟမ္မဒ် ဆိုသူမှာ မည်သူပါနည်းဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ်တို့၏ အလယ်တွင် မှီလျက်ထိုင်နေတော်မူခဲ့သည်။ ကျွန်ုပ်တို့က ဤမှီလျက်ထိုင်နေတော်မူပြီး အသားဖြူသော ပုဂ္ဂိုလ်ဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ၎င်းက ကိုယ်တော်မြတ်အား အို- အဗ်ဒုလ်မုသ်သွလိဗ်၏သားဟု ခေါ်လိုက်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား ကျွန်ုပ်အသင့်စကားကို (နားထောင်ပြီး) အဖြေပေး(ရန်အသင့်ဖြစ်)နေပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ ၎င်းက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားသည်မှာ ကျွန်တော် ကိုယ်တော့်ကို မေးခွန်းတချို့ မေးမြန်းမည့်သူ ဖြစ်ပါသည်။မေးသည့်အခါတွင်လည်း ကိုယ်တော့်အပေါ် ခက်ခက်ထန်ထန်ပြောဆိုပါမည်။ ထိုအခါ ကိုယ်တော့်စိတ်ထဲ၌ ကျွန်တော့်အား ဒေါသမဖြစ်ပါနှင့်။ ထိုအခါကိုယ်တော်က အသင်မေးမြန်းချင်သည်ကို မေးမြန်းပါဟု မိန့်တော်မူလိုက်သည်။ ၎င်းကပြောသည်မှာ ကိုယ်တော်၏ အရှင်သခင်၊ကိုယ်တော်မတိုင်ခင်က ရှိခဲ့ကြသူများ၏ အရှင်သခင်ကို တိုင်တည်၍ ကိုယ်တော့်အား ကျွန်တော် လျှောက်ထားမေးမြန်းပါမည်။ အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား လူသားအားလုံးထံသို့ (တမန်တော်အဖြစ်)စေလွှတ်တော်မူသည်ဆိုခြင်းမှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟုဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နေ့နှင့်တစ်ညတွင် ကျွန်ုပ်တို့ဆွလာသ်ငါးကြိမ်ဆောက်တည်ရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နှစ်တွင် ဤ(ရမသွာန်)တစ်လ ကျွန်ုပ်တို့ ဆွိယာမ်ဥပုသ် စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ကျွန်တော်တို့အနက်မှ ချမ်းသာသောသူများထံမှ ဤဇကာသ်ကိုယူ၍ ကျွန်တော်တို့အနက်မှ ဆင်းရဲသားများကို ပြန်၍ခွဲဝေပေးရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်ကပြောကြားသည်မှာ ကိုယ်တော်ယူဆောင်လာခဲ့သည့်အရာ(အစ္စလာမ်သာသနာတော်)အား ကျွန်တော်မျိုး အီမာန်သက်ဝင်ယုံကြည်ပါ၏။ ကျွန်တော်သည် ကျွန်တော့်နောက်တွင်ကျန်ရစ်ခဲ့ကြသော ကျွန်တော့်အမျိုးသားများ၏ ကိုယ်စားလှယ်ဖြစ်ပါသည်။ ကျွန်တော်သည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ်မျိုးနွယ်ဝင်တစ်ဦးလည်း ဖြစ်ပါသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။

ရှင်းလင်းချက်

အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ- ကျွန်တော်တို့သည်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူမတ်စ်ဂျိဒ် ဗလီဝတ်ကျောင်းတော်၌ရှိနေစဉ် ပုဂ္ဂိုလ်တစ်ဦးသည် ကုလားအုတ်စီးပြီး ဝင်ရောက်လာခဲ့သည်။ ၎င်းသည် ကုလားအုတ်ကို ဗလီရှေ့၌ ဝပ်စေပြီး ချည်နှောင်ခဲ့သည်။ ထို့နောက် ၎င်းက လူတို့အား အသင်တို့ထဲ၌ မုဟမ္မဒ် ဆိုသူမှာ မည်သူပါနည်းဟု မေးမြန်းခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ်တို့၏ အလယ်တွင် မှီလျက်ထိုင်နေတော်မူခဲ့သည်။ ဤသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကျိုးနွံမှုရှိခြင်းကို ညွှန်ပြနေခြင်းဖြစ်သည်။ ထိုအမျိုးသားသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် ကိုယ်တော်၏ အဆ်ွဟာဗ်တော်တို့ကြားတွင် မခွဲခြားနိုင်ပေ။ ကျွန်ုပ်တို့က ဤမှီလျက်ထိုင်နေတော်မူပြီး အသားဖြူသော ပုဂ္ဂိုလ်ဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ဤနေရာတွင် အသားဖြူခြင်းဟူသည် ဖြူဝင်းကာ အနီရောင်သန်းနေခြင်းကို ဆိုလိုသည်။ ၎င်းက ကိုယ်တော်မြတ်အား အို- အဗ်ဒုလ်မုသ်သွလိဗ်၏သားဟု ခေါ်လိုက်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား ကျွန်ုပ်အသင့်စကားကို အဖြေပေးမည်။ တနည်း ကျွန်ုပ်နားထောင်နေသည်ဟုဖြေကြားခဲ့သည်။ ထိုအခါ ၎င်းက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားသည်မှာ ကျွန်တော် ကိုယ်တော့်ကို မေးခွန်းတချို့ မေးမြန်းမည့်သူ ဖြစ်ပါသည်။မေးသည့်အခါတွင်လည်း ကိုယ်တော့်အပေါ် ခက်ခက်ထန်ထန်ပြောဆိုပါမည်။ ထိုအခါ ကိုယ်တော့်စိတ်ထဲ၌ ကျွန်တော့်အား ဒေါသမဖြစ်ပါနှင့်။ ထိုအခါကိုယ်တော်က အသင်မေးမြန်းလိုသည်ကို မေးမြန်းပါဟု မိန့်တော်မူလိုက်သည်။ ဤသည်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏နူးညံ့သိမ်မွေ့မှုပင်ဖြစ်သည်။ ကိုယ်တော်မြတ်သည် မာန်မာနထောင်လွှားသူ မဟုတ်သလို ရှင်ဘုရင်တစ်ပါးလည်းမဟုတ်ပေ။ အမှန်စင်စစ် ကိုယ်တော်မြတ်သည် အရှင်မြတ်၏ ဗန္ဒဟ်အစေတော်၊ ရစူလ်တမန်တော်နှင့် ကျိုးနွံနှိမ့်ချသူပင်ဖြစ်သည်။ ၎င်းက ပြောသည်မှာ ကိုယ်တော်၏ အရှင်သခင်၊ကိုယ်တော်မတိုင်ခင်က ရှိခဲ့ကြသူများ၏ အရှင်သခင်ကိုတိုင်တည်၍ ကိုယ်တော့်အား ကျွန်တော်လျှောက်ထားမေးမြန်းပါမည်။ အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား လူသားအားလုံးထံသို့ (တမန်တော်အဖြစ်)စေလွှတ်တော်မူသည်ဆိုခြင်းမှာ ဟုတ်ပါသလား။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဧကန်အမှန်ပင် မိမိသည် လူသားတို့အားလုံးထံစေလွှတ်ခြင်းခံရသည့် ရစူလ်တမန်တော်ဖြစ်ကြောင်း ကျိန်ဆိုတော်မူခဲ့သည်။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟုဖြေကြားတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါသည် ဟူသည့် စကားလုံးသည် မိမိသည် ရစူလ်တမန်တော်ဖြစ်သည်မှာ မှန်ကန်ကြောင်းကို လေးနက်စေရန်အတွက် အလ္လာဟ်အရှင်မြတ်အားဖြင့် သက်သေထူလိုက်ခြင်းပင်ဖြစ်သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နေ့နှင့်တစ်ညတွင် ကျွန်ုပ်တို့ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ဤသည် ဖရ်ဿ်ွဆွလာသ် ငါးကြိမ်ကို ဆိုလိုခြင်းဖြစ်သည်။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။တစ်နှစ်တွင် ဤ(ရမသွာန်)တစ်လ ကျွန်ုပ်တို့ ဆွိယာမ်ဥပုသ် စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ကျွန်တော်တို့အနက်မှ ချမ်းသာသောသူများထံမှ ဤဇကာသ်ကိုယူ၍ ကျွန်တော်တို့အနက်မှ ဆင်းရဲသားများကို ပြန်၍ခွဲဝေပေးရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ထိုလေးချက်ကိုသာ မေးမြန်းခြင်းကို ကြည့်ခြင်းအားဖြင့် ထိုပုဂ္ဂိုလ် လာရောက်သည့်ချိန်၌ ဟဂ်ျ ဖရ်ဿ်ွမဖြစ်သေးကြောင်း ပေါ်လွင်နေသည်။ထိုအခါ ၎င်းပုဂ္ဂိုလ်ကပြောကြားသည်မှာ ကိုယ်တော်ယူဆောင်လာခဲ့သည့်အရာ(အစ္စလာမ်သာသနာတော်)အား ကျွန်တော်မျိုး အီမာန်သက်ဝင်ယုံကြည်ပါ၏။ ကျွန်တော်သည် ကျွန်တော့်နောက်တွင်ကျန်ရစ်ခဲ့ကြသော ကျွန်တော့် အမျိုးသားများ၏ ကိုယ်စားလှယ်ဖြစ်ပါသည်။ ဆိုလိုသည်မှာ- ၎င်းသည် ဒီန်းသာသနာတော်နှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးလျှောက်ခဲ့သည့် အကြောင်းအရာများအား သူ၏အမျိုးသားများကို ပြန်လည်ပို့ချမည်ဖြစ်သည်။ ကျွန်တော်သည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ်မျိုးနွယ်ဝင် တစ်ဦးလည်း ဖြစ်ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ဘက်မှ ကိုယ်စားလှယ်တို့၏ ဒအ်ဝဟ် ဖိတ်ခေါ်မှုသည် ၎င်းထံသို့ ရောက်ရှိခဲ့သည်။သို့ဖြစ်၍ အခြားဆင့်ပြန်ချက်များတွင် လာရှိသည့်အတိုင်း ၎င်းသည် ထိုအကြောင်းကိုသေချာအောင် အတည်ပြုရန်အတွက် မိမိအမျိုးသားတို့၏ ကိုယ်စားအဖြစ် လာရောက်ခဲ့ခြင်းဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အာလင်မ် သာသနာ့ပညာရှင်မဟုတ်သည့် လူသာမာန် နောက်လိုက်တို့သည် ယုံကြည်သူများပင်ဖြစ်ကြသည်။ အကယ်၍ အခြားသူ၏ တင်ပြချက်အပေါ် နောက်လိုက်ခြင်းဖြစ်လျှင်လည်း အမှန်တရားအပေါ် သံသယမရှိ လက်ခံယုံကြည်လိုက်လျှင် လုံလောက်ပေသည်။
  2. ဆင့်ပြန်သူတစ်ဦးတည်းက ဆင့်ပြန်ထားသည့် ဟဒီးဆ် ဩဝါဒတော်အား လက်ခံပြီး လိုက်နာကျင့်သုံးရမည်။
  3. လက်အောက်ငယ်သားက အကြီးအကဲကို ကွန်နိယဟ်(မိဘ၊ဘိုးဘွား၊သားသမီးဘက်သို့ဆက်နွယ်၍ခေါ်ဆိုခြင်း)မဟုတ်ဘဲ နာမည်တတ်၍ ခေါ်ပိုင်ခွင့်ရှိသည်။ သို့သော် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်ပတ်သက်၍ ထိုသို့ခေါ်ဆိုခွင့်ကို ဖျက်သိမ်းထားသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- (အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ ခေါ်ခြင်းကို မိမိတို့အကြားဝယ် မိမိတို့အချင်းချင်း တစ်ဦးကို တစ်ဦးက ခေါ်သကဲ့သို့ မပြုလုပ်ကြနှင့်။) ကုရ်အာန် (၂၄:၆၃)
  4. ကုလားအုတ်ကို ဗလီထဲသို့ သွင်းခွင့်ရှိသည်။
  5. ထိုင်ဝိုင်းများတွင် လူတို့ကြား၌ မှီ၍ထိုင်ခွင့်ရှိသည်။
  6. ဤဟဒီးဆ်တော်တွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားမွန်မြတ်မှုနှင့် မာနထောင်လွှားမှုမရှိခြင်းတို့ကို (ဆွဟာဗဟ်တို့၏ အလယ်တွင်)ရှိနေသည်ဟူသည့် စကားက ညွှန်ပြနေသည်။ ထို့အတူ မေးမြန်းသူအားအဖြေပေးရာ၌ နူးညံ့သိမ်မွေ့ခြင်းတို့ကိုဖေါ်ပြထားသည်။
  7. ကောင်းမွန်စွာ အဖြေပေးခြင်းသည် ဒအ်ဝဟ် ဖိတ်ခေါ်မှုကို လက်ခံရန်အကြောင်းခံများအနက်မှတစ်ခုပင်ဖြစ်သည်။
  8. လူတစ်ဦးကို အသားဖြူခြင်း၊ နီခြင်း၊ အရပ်ရှည်ခြင်း၊ အရပ်ပုခြင်းအစရှိသည့် လက္ခဏာများဖြင့် သရုပ်ဖော် တင်ပြခွင့်ရှိသည်။
  9. တိကျခိုင်မာသည့်ကိစ္စတစ်ခုအား ပို၍လေးနက်စေရန်အတွက် ကျိန်ဆိုခိုင်းခွင့်ရှိသည်။
  10. အသင်တို့ထဲ၌ မုဟမ္မဒ် ဆိုသူမှာ မည်သူပါနည်းဟု ပြောကြားခဲ့သည့် စကားအရ လူတစ်ဦးအား နာမည်ကိုင်၍ မိတ်ဆက်ခွင့်ရှိသည်။
  11. မေးမြန်းသူက (အဗ်ဒုလ်မုသ်သွလိဗ်၏သား) ဟုခေါ်ဆိုသောကြောင့် ဘိုးဘွားများဘက်သို့ ဆက်နွယ်၍ ခေါ်ဆိုခွင့်ရှိသည်။
  12. လူတစ်ဦးသည် စကားပြောဆိုရာတွင် ပြောကြားမည့်သူ၏ရှေ့မှောက်၌ မိမိစကား၏အနေအထား ကောင်းမွန်စေရန်အတွက် ခြွင်းချက်အနေဖြင့် ပြောကြားလိုသည့်စကားကို အစကတည်းက ထည့်သွင်းပြောကြားသင့်သည်။ ထိုသို့ပြောဆိုခြင်းဖြင့် ပို၍ထိရောက်မှုရှိစေသည်။ ဤအချက်ကို ၎င်း၏စကားက ညွှန်ပြနေသည်။ (ကျွန်တော် ကိုယ်တော့်ကို မေးခွန်းတချို့ မေးမြန်းမည့်သူ ဖြစ်ပါသည်။မေးသည့်အခါတွင်လည်း ကိုယ်တော့်အပေါ် ခက်ခက်ထန်ထန်ပြောဆိုပါမည်။)
  13. ဟဒီးဆ်တော်တွင် ဿွိမားမ်ဗင်န် ဆအ်လဗဟ်၏ ထူးမြတ်မှုနှင့် ဉာဏ်ပညာပြည့်ဝမှုကိုဖေါ်ပြသည်။
အမျိုးအစားများ
ထပ်၍