عن زِياد بن لَبِيد، قال: ذَكَر النبي صلى الله عليه وسلم شيئًا، فقال: "ذاك عند أَوان ذَهابِ العِلْم"، قلتُ: يا رسولَ الله، وكيف يَذْهَبُ العِلْم، ونحْن نَقْرأ القرآنَ ونُقْرِئُه أبْناءَنا ويُقْرِئُه أبْناؤُنا أبناءَهُم إلى يوم القيامة؟ قال: "ثَكِلَتْكَ أُمُّكَ يا زياد، إن كنتُ لَأراكَ مِن أَفْقِه رَجُلٍ بالمدِينَة، أَوَلَيْس هذه اليهود والنَّصارى يَقْرؤون التَّوراةَ والإنجِيلَ، لا يَعْمَلُونَ بِشَيءٍ ممّا فِيهِما؟!".
[صحيح لغيره] - [رواه ابن ماجه]
المزيــد ...

ဇိယာဒ်ဗင်န်လဗီးဒ် (ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အကြောင်းအရာတစ်ခုကို ပြောပြတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ- ယင်းသည် အသိပညာ ပျောက်ကွယ်သွားသည့်အချိန်တွင် ဖြစ်လာလိမ့်မည်။ ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အသိပညာသည် အဘယ်ကဲ့သို့ပျောက်ကွယ်သွားမည်နည်း။ ကျွန်တော်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ကြပြီး မိမိတို့၏ သားသမီးများကိုသင်ကြားပေးကြသည်။ တဖန် ကျွန်တော်တို့၏ သာသမီးများကလည်း ၎င်းတို့၏သားသမီးများကို သင်ကြားပို့ချကြပါမည်။ ဤအတိုင်းပင် ကိယာမသ်နေ့ထိတိုင် ရှိနေလိမ့်မည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က အို ဇိယာဒ်၊ အသင်၏မိခင်သည် အသင့်ကိုပျောက်ဆုံးပါစေ၊ ငါကိုယ်တော်သည် အသင့်အား မဒီနာ၌ အသိပညာအရှိဆုံးသူဟု ထင်မှတ်ထားသည်။ ဤယဟူဒီနှင့် နဆ်ွရာနီတို့သည် သောင်ရာသ်ကျမ်းနှင့် အင်န်ဂျိလ်ကျမ်း တို့ကိုရွတ်ဖတ်ကြသည်။ သို့သော် ၎င်းတို့သည် ထိုကျမ်းများတွင်ရှိသော မည်သည့် အမိန့်ပညတ်ချက်ကိုမျှ လိုက်နာကျင့်သုံးမှု မပြုကြသည် မဟုတ်လောဟု မိန့်ကြားတော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ်လိဂိုင်းရိဟီ အဆင့်ရှိသည်။ - အိဗ်နုမာဂျဟ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကြောက်မက်ဖွယ်ကောင်းသော အကြောင်းအရာတစ်ခုကို ပြောပြတော်မူခဲ့ပြီး ထိုအရာသည် အသိပညာ ပျောက်ကွယ်သွားသည့်အချိန်၊ ရုပ်သိမ်းခံရသည့်အချိန်တွင် ဖြစ်ပေါ်လာမည်ဟု မိန့်ကြားခဲ့သည်။ ထိုအခါ ဇိယာဒ် (ရဿွိယလ္လာဟုအန်ဟု)က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အသိပညာသည် အဘယ်ကဲ့သို့ ရုပ်သိမ်းခံရမည်နည်း။ ကျွန်တော်တို့ မွတ်စ်လင်မ်များသည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ကြပြီး မိမိတို့၏ သားသမီးများကိုသင်ကြားပေးကြသည်။ တဖန် ကျွန်တော်တို့၏ သားသမီးများကလည်း ၎င်းတို့၏သားသမီးများကို သင်ကြားပို့ချကြပါမည်။ သို့ဖြစ်၍ ကုရ်အာန်ကျမ်းတော်မြတ်သည် ကိယာမသ်နေ့ထိတိုင်အောင် လူတို့ကြားတွင် ဆက်လက်တည်ရှိနေမည့် အခြေအနေမျိုးဖြစ်သည်။ ထို့ကြောင့်အသိပညာသည် မည်သို့ပျောက်ကွယ်သွားပြီး မည်သည့်အချိန်တွင် ရုပ်သိမ်းခံရမည်နည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ဖြေကြားတော်မူသည်မှာ အိုဇိယာဒ်၊အသင်၏မိခင်သည် အသင့်ကို ပျောက်ဆုံးပါစေ။ ထိုစကားသည် မူလအဓိပ္ပာယ်တွင် ၎င်းအပေါ်သေခြင်းတရား ဆိုက်ရောက်ပြီး သူ၏မိခင်က သူ့ကို ဆုံးရှုံးသွားပါစေဟု မကောင်းဆုတောင်းခြင်းဖြစ်သည်။ သို့သော် ဤနေရာတွင် ဆိုလိုရင်းအဓိပ္ပါယ်မှာ- ဤကိစ္စရပ်နှင့် စပ်လျဉ်း၍ သူ၏သတိမထားမှုအပေါ်အံ့ဩ၍ ပြောဆိုခြင်းဖြစ်သည်။ ငါကိုယ်တော်သည် အသင့်အား မဒီနာ၌ အသိပညာအရှိဆုံးသူဟု ထင်မှတ်ထားသည်။ ဤယဟူဒီနှင့် နဆ်ွရာနီတို့သည် သောင်ရာသ်ကျမ်းနှင့် အင်န်ဂျိလ်ကျမ်း တို့ကိုရွတ်ဖတ်ကြသည်။ သို့သော် ၎င်းတို့သည် ထိုကျမ်းများတွင်ရှိသော အမိန့်ပညတ်ချက်များကို လိုက်နာကျင့်သုံးမှု မပြုကြသည် မဟုတ်လော။ မည်သူမဆို မိမိ၏အသိပညာအပေါ် မကျင့်ကြံလျှင် ၎င်းသည် ဂျာဟိလ် ပညာမဲ့နှင့် အတူတူပင်ဖြစ်သည်။ သို့သာမက ၎င်းသည် စာအုပ်များကိုသယ်ဆောင်ထားသည့် မြည်းနှင့်အလားတူပင်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဇီယာဒ်ဗင်န် လဗီးဒ်(ရဿွိယလ္လာဟုအန်ဟု)၏ အဆင့်အတန်းကို ဖေါ်ပြထားသည်။
  2. အိလ်မ် အသိပညာအပေါ် လိုက်နာကျင့်သုံးမှုမရှိခြင်းသည် အသိပညာ ကင်းမဲ့သည့်ပမာပင်ဖြစ်သည်။
  3. ကုရ်အာန်ကျမ်းမြတ်အပေါ် လိုက်နာကျင့်သုံးရန်အရေးကြီးကြောင်း အထူးထား၍တင်ပြထားပြီး အခြားအသိပညာများအပေါ်ယျေဘုယျအားဖြင့် လိုက်နာကျင့်သုံးရန်အရေးကြီးကြောင်းတင်ပြထားသည်။
  4. ဆွဟာဗဟ် သာဝကကြီးများအပေါ် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အလေးထားမှုနှင့် ၎င်းတို့၏ ထူးခြားသည့်အရည်အသွေးများကို ကောင်းစွာသိနားလည်တော်မူကြောင်း ဖော်ပြထားသည်။
  5. ဧကန်အမှန်ပင် ပညာရှင်များကွယ်လွန်သွားခြင်းဖြင့် အသိပညာပျောက်ကွယ်သွားသောအခါ ပညာမဲ့များသာကျန်ရစ်ပြီး အသိပညာမရှိဘဲ ဖသ်ဝါ ဓမ္မသတ် ဆုံးဖြတ်ချက်များပေးကာ ထိုအတိုင်း လိုက်နာကျင့်သုံးကြမည်။ သို့ဖြစ်၍ အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများ ပျောက်ကွယ်သွားမည်။ အကယ်၍ ကုရ်အာန်ကျမ်းမြတ်များ၊ အခြားကျမ်းဂန်များသည် လူတို့၏လက်တွင်ရှိနေလျှင်လည်း ကျွန်ုပ်တို့၏အလျင်ရှိခဲ့ကြသည့် ယဟူဒီနှင့် နဆ်ွရာနီ ကျမ်းရပုဂ္ဂိုလ်များ၌ ဖြစ်ခဲ့သည့်အတိုင်းပင် ဖြစ်သွားကြမည်။
ထပ်၍