ဟဒီးဆ်တော်များစာရင်း

ကျေးကျွန်တစ်ဦး နာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ခရီးထွက်သည့်အခါတွင် ၎င်းသူ မိမိ၏ဒေသ၌ ကျန်းမာသန်စွမ်းစဉ် ကျင့်ဆောင်ခဲ့သည့်အတိုင်း အကျိုးကုသိုလ်ရေးမှတ်ခြင်းခံရမည်။
عربي الإنجليزية الأوردية
အသင်တို့သည် အာယသ်တော်တစ်ခုမျှပင်ဖြစ်စေ ငါကိုယ်တော်ထံမှ ကြားသိခဲ့ရသည်တို့ကို ပို့ချကြပါ။ အစ္စရာအီလ်မျိုးနွယ်ထံမှ ကြားသိရသည်တို့ကိုလည်း ဆင့်ပြန်ပြောကြလေကုန် (ထိုသို့ပြောကြားခြင်းသည်) အပြစ်တစ်စုံတစ်ရာမရှိပေ။ ထို့ပြင် အကြင်သူသည် ငါကိုယ်တော့်အပေါ် သိလျက်နှင့်တမင်လိမ်လည်ပြောဆိုခဲ့လျှင် သူသည် မိမိနေထိုင်ရမည့်နေရာအား ငရဲမီးတွင် သတ်မှတ်လိုက်ပါ။
عربي الإنجليزية الأوردية
ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အို ကျွန်တော့်ဘကြီးတော် ‘လာအိလာဟ အိလ္လလ္လာဟ်’ဟူသည့် ကလိမဟ်တော်ကို ရွတ်ဆိုလိုက်ပါ။ ကျွန်တော်သည် ဘကြီးအတွက် ဤကလိမဟ်တော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အရေးဆိုလျှောက်ထားပေးတော်မူမည်ဟု ပြောကြားခဲ့သည်။
عربي الإنجليزية الأوردية
စင်စစ်သာသနာသည် လွယ်ကူပေသည်။ တစ်ဦးတစ်ယောက်သည် သာသနာအား(လုပ်နိုင်သည်ထက်ပို၍လုပ်ပြီး) ခက်ခဲအောင်ပြုလုပ်ပါက သာသာနာသည် သူ့ကိုလွှမ်းမိုးသွားပေမည်။ (ဆက်လုပ်နိုင်တော့မည်မဟုတ်ပေ။) ထို့ကြောင့် အသင်တို့သည် (ကျင့်ဆောင်ရာ၌လွန်ကျူးမှုနှင့်ပေါ့လျော့မှုမရှိဘဲ) အလယ်အလက်ကို ကျင့်ဆောင်ကြပါ။ အသင်တို့သည် (ခဝပ်မှု၌အပြည်ဝဆုံးကို ပြုကျင့်နိုင်ရန် မတတ်စွမ်းနိုင်ပါက) အနီးစပ်ဆုံးကို ကျင့်ဆောင်ကြပါ။
عربي الإنجليزية الأوردية
အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ဝိညာဥ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ မကြာခင် အသင်တို့ထဲတွင် တရားမျှတစွာအုပ်ချုပ်မည့် မရ်ယမ်၏ သားတော် (အီစာ) ဆင်းသက်လာလိမ့်မည်။ ထိုအချိန်၌ သူသည်လက်ဝါးကပ်တိုင်ကို ချိုးဖျက်မည်။ ဝက်တိရစ္ဆာန်တွေကို သတ်ဖြတ်မည်။ အခွန်အခကို ဖျက်သိမ်းပစ်မည်။ (အလှူ) ငွေလက်ခံမည့်သူ တစ်ဦးမှမရှိတော့သည်အထိ ဥစ္စာပစ္စည်းများ ပေါများကြွယ်ဝလာလိမ့်မည်။
عربي الإنجليزية الأوردية
ကျွန်တော်သည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ် မျိုးနွယ်ဝင်တစ်ဦးလည်း ဖြစ်ပါသည်။
عربي الإنجليزية الأوردية
အို - လူသားအပေါင်းတို့ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် အမိုက်ခေတ်၏ မာန်မာနထောင်လွှားမှုနှင့် ၎င်းခေတ်၏ဘိုးဘေးတို့ဖြင့် ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းတို့အား အသင်တို့ထံမှဖယ်ရှားတော်မူလိုက်လေပြီ။
عربي الإنجليزية الأوردية
သင်တို့ မတိုင်မီ ခေတ်ကာလ၌ ဘုရင်တစ်ပါးရှိခဲ့ပြီး၊ ထိုဘုရင့်ထံတွင် စာဟိရ်( ဂျာဒူ‌မှော်အတတ်ပညာတတ်ကျွမ်းသူ )တစ်ဦးရှိခဲ့သည်
عربي الإنجليزية الأوردية
( အန်စွာရီ ) အမျိုးသားတစ်ဦးရှိခဲ့သည်။ ၎င်းထက်ပို၍ ဗလီနှင့် အဝေးမှာနေတယ့် အခြားသူတစ်ဦးကို ကျွန်ုပ်မသိပါ။ သို့သော် ၎င်းသည် ဆွလာသ်တစ်ကြိမ်မှ ပျက်ကွ က်ခဲ့ခြင်းမရှိပေ
عربي الإنجليزية الأوردية
“မီးဖြင့် ပြစ်ဒဏ်ပေးခြင်းသည် မီးကို ဖန်ဆင်းတော်မူသောအရှင် မြတ်အတွက်သာလျှင် သင့်တော်ပေသည်” ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
။ အသင်တို့သည် မိမိတို့စွမ်းဆောင်နိုင်သည့်အရာများကိုသာ ဆောင်ရွက်ကြလော့။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် (သင်တို့အား ဆုလာဘ်ချီးမြှင့်ရာတွင်) ငြီးငွေ့သွားတော်မူခြင်း မရှိပေ။ သို့ရာတွင် သင်တို့ကသာလျှင် (ကောင်းမှုကုသိုလ် ပြုလုပ်ရာတွင်) ငြီးငွေ့သွားကြပေသည်။
عربي الإنجليزية الأوردية