عَنْ سَهْلٍ رَضِيَ اللهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ فِي الْجَنَّةِ بَابًا يُقَالُ لَهُ الرَّيَّانُ، يَدْخُلُ مِنْهُ الصَّائِمُونَ يَوْمَ الْقِيَامَةِ، لَا يَدْخُلُ مِنْهُ أَحَدٌ غَيْرُهُمْ، يُقَالُ: أَيْنَ الصَّائِمُونَ، فَيَقُومُونَ لَا يَدْخُلُ مِنْهُ أَحَدٌ غَيْرُهُمْ، فَإِذَا دَخَلُوا أُغْلِقَ، فَلَمْ يَدْخُلْ مِنْهُ أَحَدٌ».
[صحيح] - [متفق عليه] - [صحيح البخاري: 1896]
المزيــد ...
စဟ်လ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
"ဧကန်စင်စစ် ဂျန္နသ်သုခဘုံ၌ “ရိုင်ယ်ယားန်” ဟု ခေါ်သော တံခါးတစ်ခုရှိ၏။ ကိယာမသ်နေ့၌ ထိုတံခါးမှတစ်ဆင့် စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူများသည် ဝင်ရောက်ကြလိမ့်မည်။ ထိုသူများမှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ခွင့်ရမည်မဟုတ်ပေ။ (ထိုနေ့တွင်) “ စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူတို့ အဘယ်မှာနည်း” ဟု မေးမြန်းခံရလိမ့်မည်။ ထိုအခါ သူတို့သည် ထရပ်ကြလိမ့်မည်။ သူတို့မှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ခွင့်ရမည်မဟုတ်ပေ။ ထို့နောက် သူတို့ဝင်ရောက်ပြီးသောအခါ ထိုတံခါးကို ပိတ်လိုက်မည်။ သို့ဖြစ်၍ အခြားမည်သူမျှ ထိုတံခါးမှ မဝင်ရောက်ရတော့ပေ။"
[صحيح] - [متفق عليه] - [صحيح البخاري - 1896]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ဂျန္နသ်သုခဘုံ၏ တံခါးများထဲတွင် ‘ရိုင်ယ်ယားန်’ ဟုခေါ်သော တံခါးတစ်ပေါက်ရှိသည်။ ကိယာမသ်နေ့၌ ထိုတံခါးမှတစ်ဆင့် စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူများသည် ဝင်ရောက်ကြလိမ့်မည်။ ထိုသူများမှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ခွင့်ရမည်မဟုတ်ပေ။ (ထိုနေ့တွင်) “ စွိယာမ်ဥပုသ်စောင့်ထိန်းခဲ့ကြသူတို့ အဘယ်မှာနည်း” ဟု မေးမြန်းခံရလိမ့်မည်။ ထိုအခါ သူတို့သည် ထရပ်ကြပြီး ဝင်ရောက်ကြလိမ့်မည်။ သူတို့မှတစ်ပါး အခြားမည်သူမျှ ထိုတံခါးမှ ဝင်ရောက်ခွင့်မရပေ။ ထိုသူတို့အနက်မှ နောက်ဆုံးလူ ဝင်ရောက်သွားသည်နှင့် ထိုတံခါးကို ပိတ်လိုက်မည်ဖြစ်ရာ ထိုနောက်ပိုင်း မည်သူမျှ ထိုတံခါးမှ ဝင်ရောက်ခွင့် ရတော့မည်မဟုတ်ပေ။