عَنْ مَعْدَانَ بْنِ أَبِي طَلْحَةَ الْيَعْمَرِيُّ قَالَ:
لَقِيتُ ثَوْبَانَ مَوْلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقُلْتُ: أَخْبِرْنِي بِعَمَلٍ أَعْمَلُهُ يُدْخِلُنِي اللهُ بِهِ الْجَنَّةَ؟ أَوْ قَالَ قُلْتُ: بِأَحَبِّ الْأَعْمَالِ إِلَى اللهِ، فَسَكَتَ. ثُمَّ سَأَلْتُهُ فَسَكَتَ. ثُمَّ سَأَلْتُهُ الثَّالِثَةَ فَقَالَ: سَأَلْتُ عَنْ ذَلِكَ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: «عَلَيْكَ بِكَثْرَةِ السُّجُودِ لِلَّهِ، فَإِنَّكَ لَا تَسْجُدُ لِلَّهِ سَجْدَةً، إِلَّا رَفَعَكَ اللهُ بِهَا دَرَجَةً، وَحَطَّ عَنْكَ بِهَا خَطِيئَةً» قَالَ مَعْدَانُ: ثُمَّ لَقِيتُ أَبَا الدَّرْدَاءِ فَسَأَلْتُهُ فَقَالَ لِي: مِثْلَ مَا قَالَ لِي: ثَوْبَانُ.
[صحيح] - [رواه مسلم] - [صحيح مسلم: 488]
المزيــد ...
မအ်ဒါးန် ဗင်န် အဗူသွလ်ဟဟ် ယအ်မရီ က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ သူကောင်းပြုထားသော ကျွန် စောင်ဝ်ဗားန် (ရဿွိယလ္လာဟုအန်ဟု) နှင့် တွေ့ဆုံခဲ့ပြီး ဤသို့ ပြောဆိုလျှောက်ထားခဲ့သည်- အမလ်ကျင့်စဥ်တစ်ခုကို ကျွန်ုပ်အား ပြောပြပါ။ ယင်းအမလ်ကို ကျွန်ုပ်ကျင့်ကြံခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စံမြန်းစေတော်မူမည်။ သို့မဟုတ် ဆင့်ပြန်သူက ပြောပြသည်။ အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးသော အမလ်ကျင့်စဥ်ကို ကျွန်ုပ်အားပြောပြပါ။ထိုအခါ ၎င်း (စောင်ဝ်ဗားန် (ရဿွိယလ္လာဟုအန်ဟု)) က ဆိတ်ဆိတ်နေခဲ့သည်။ ကျွန်ုပ်က ထပ်မံမေးမြန်းပြန်သော် ၎င်းသည် ထပ်မံ၍ ဆိတ်ဆိတ်နေခဲ့သည်။ ကျွန်ုပ်သည် တတိယအကြိမ် မေးမြန်းပြန်သော်အခါ ၎င်းက ဤသို့ပြောဆိုသည်။ ကျွန်ုပ်သည် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံလျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့ မိန့်ကြားတော်မူခဲ့သည်- “အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်ဦးချမှုများစွာပြုလုပ်ပါလေ။အကြောင်းမှာ အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်တစ်ကြိမ်ဦးချလျှင် အလ္လာဟ်အရှင်မြတ်က ထိုစဂ်ျဒဟ်တစ်ကြိမ်ဦးချမှုကြောင့် အသင့်အား အဆင့်အ
တန်းတစ်ခု မြှင့်တင်ပေးတော်မူပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ဖယ်ရှား(ခွင့်လွှတ်) ပေးတော်မူမည် ဖြစ်သောကြောင့်တည်း။” မအ်ဒါးန်က ဆက်လက်ပြောကြားသည်- ထို့နောက် ကျွန်ုပ်သည် အဘူဒဒ်ရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု) နှင့် တွေ့ဆုံခဲ့ပြီး သူ့အား (ထိုနည်းတူ)မေးမြန်းခဲ့ရာ ၎င်းသည်ကျွန်ုပ်အား စောင်ဝ်ဗါးန် (ရဿွိယလ္လာဟုအန်ဟု) ကကျွန်ုပ်အား ပြောခဲ့သည့်အတိုင်းပင် ပြောပြခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 488]
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စေနိုင်သော သို့မဟုတ် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်သော အမလ်တစ်ခုအကြောင်း မေးမြန်းခြင်းခံရတော်မူသည်။
ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “အသင်သည် ဆွလားသ်ဝတ်ပြုရာတွင် များမြောင်စွာ စဂျ်ဒဟ်ပြုလုပ်ပါလေ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်အတွက် အသင်ပြုလုပ်ခဲ့သည် စဂ်ျဒဟ်တစ်ကြိမ်တိုင်းအတွက် အလ္လာဟ်အရှင်မြတ်သည် အသင့်အား အဆင့်တစ်ဆင့်မြှင့်တင်ပေးတော်မူမည် ဖြစ်ပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ခွင့်လွှတ်တော်မူမည် ဖြစ်သောကြောင့်တည်း” ဟု မိန့်ကြားတော်မူခဲ့သည်။