عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«قَالَ اللَّهُ: كُلُّ عَمَلِ ابْنِ آدَمَ لَهُ، إِلَّا الصِّيَامَ، فَإِنَّهُ لِي وَأَنَا أَجْزِي بِهِ، وَالصِّيَامُ جُنَّةٌ، وَإِذَا كَانَ يَوْمُ صَوْمِ أَحَدِكُمْ فَلاَ يَرْفُثْ وَلاَ يَصْخَبْ، فَإِنْ سَابَّهُ أَحَدٌ أَوْ قَاتَلَهُ، فَلْيَقُلْ إِنِّي امْرُؤٌ صَائِمٌ، وَالَّذِي نَفْسُ مُحَمَّدٍ بِيَدِهِ، لَخُلُوفُ فَمِ الصَّائِمِ أَطْيَبُ عِنْدَ اللَّهِ مِنْ رِيحِ المِسْكِ، لِلصَّائِمِ فَرْحَتَانِ يَفْرَحُهُمَا: إِذَا أَفْطَرَ فَرِحَ، وَإِذَا لَقِيَ رَبَّهُ فَرِحَ بِصَوْمِهِ».
[صحيح] - [متفق عليه] - [صحيح البخاري: 1904]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - လူသားတို့၏ အမလ်လုပ်ဆောင်ချက်အားလုံးသည် သူတို့အတွက်ဖြစ်၏။ သို့ရာတွင် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်းမှာမူ ငါအရှင်မြတ်အတွက်သာလျှင်ဖြစ်၍ ငါအရှင်မြတ်ကိုယ်တော်တိုင် ၎င်း၏ အကျိုးဆုလာဘ်ကို ချီးမြှင့်ပေးသနားတော်မူမည်။ စွိယာမ်ဥပုသ် စောင့်ထိန်းခြင်းသည် (ဂျဟန္နမ်ငရဲမှ ကာကွယ်ပေး သော ) ဒိုင်းတစ်ခုပမာဖြစ်၏။ သို့ဖြစ်၍ သင်တို့အနက်တစ်ဦးတစ်ယောက်သည် စွိယာမ်ဥပုသ်စောင့်ထိန်းသည့်နေ့တွင် စက်ဆုပ်ဖွယ်ရာ စကားကိုလည်းကောင်း၊ အချေအတင်ငြင်းခုံခြင်း၊ အော်ဟစ်ဆူပူခြင်းကိုလည်းကောင်း မပြုလုပ်ကြရပေ။အကယ်၍ တစ်ဦးတစ်ယောက်က သူ့အား ဆဲဆိုမ ကောင်းပြောခြင်း (သို့မဟုတ်) သူ့အား လာရောက်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့လျှင် ၎င်းသည် (ထိုသူအား) ကျွန်ုပ် စွိယာမ်ဥပုသ် စောင့်ထိန်းထားသူဖြစ်သည်ဟု ပြောဆိုရမည်။ အကြင်အရှင်မြတ်၏ ကစမ်၊ ထိုအရှင်၏ လက်တော်ဝယ် မုဟမ္မဒ်၏ အသက်ဇီဝိန် ရှိသည်။ စွိယာမ်ဥပုသ်စောင့်ထိန်းသူ၏ ပါးစပ်(မှထွက်သော)အနံ့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကတိုးနံ့ထက် ပို၍မွှေးကြိုင်လှပေသည်။ စွိယာမ်ဥပုသ်စောင့်ထိန်းသူအတွက် ဝမ်းမြောက်ပျော်ရွှင်ဖွယ် အခိုက်အတန့်နှစ်ခုရှိ၏။ ထိုနှစ်ခုတွင် သူသည် ဝမ်းမြောက်ပျော်ရွှင်လေသည်။ တစ်ခုမှာ ဝါဖြေသည့်အချိန် ဝမ်းမြောက်ပျော်ရွှင်၍၊ အခြားတစ်ခုမှာ သူ့အားဖန်ဆင်းတော်မူသော အရှင်မြတ်အား တွေ့ဆုံသည့်အချိန် သူ၏ စွိယာမ်ဥပုသ်စောင့်ထိန်းသည့် အကျိုးကုသိုလ်ကို ရရှိသည့်အခါ ဝမ်းမြောက်ပျော်ရွှင်လေသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1904]
တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - အလ္လာဟ်အရှင်မြတ်သည် ဟဒီးစ်ကုဒ်စီ၌ ဤသို့ မိန့်ကြားတော်မူသည်။
လူသားတို့၏ အမလ်လုပ်ဆောင်
ချက်အားလုံးသည် ကောင်းမှုတစ်ခုကို အကျိုးစဝါးဗ် ဆယ်ဆမှ အဆပေါင်းခုနှစ်ရာအထိ တိုး၍
ချီးမြှင့်ခြင်းခံရသည်။ သို့ရာတွင် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်းမှာမူ (ဤသို့မဟုတ်)။ ၎င်းသည် ငါအရှင်မြတ်အတွက်သာလျှင်ဖြစ်သည်။ အကြောင်းမှာ စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၌ ရိယာပြစားမှု မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ငါအရှင်မြတ်ကိုယ်တော်တိုင် ၎င်း၏ အကျိုးဆုလာဘ်ကို ချီးမြှင့်ပေးသနားတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် ထိုစွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၏ အကျိုးစဝါးဗ်နှင့် ကောင်းမှုများ မည်မျှတိုးပွားမည်ကို အတိအကျ သိရှိတော်မူသောအရှင်ဖြစ်တော်မူသည်။
ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဆက်လက်မိန့်ကြားတော်မူသည်မှာ -စွိယာမ်ဥပုသ် စောင့်ထိန်းခြင်းသည် (ဂျဟန္နမ်ငရဲမှ ကာကွယ်ပေးသော)ဒိုင်းတစ်ခုပမာဖြစ်၏။ဆိုလိုသည်မှာ -စွိယာမ်ဥပုသ် စောင့်ထိန်းခြင်းသည် ဂျဟန္နမ်ငရဲမှ လွှဲဖယ်စေသော၊ အကာအကွယ်ပေးသော၊ ခိုင်ခံ့သော ခံတပ်တစ်ခုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စွိယာမ်ဥပုသ် စောင့်ထိန်းခြင်းသည် တပ်မက်မှုများအားလည်းကောင်း၊ ပြစ်မှုဒုစရိုက်များထဲသို့ ကျရောက်ခြင်းမှလည်းကောင်း တားဆီးထိန်းချုပ်ပေးခြင်း ကြောင့်ဖြစ်၏။
ထို့ပြင် ဂျဟန္နမ်ငရဲမီးသည် တပ်မက်မှုများဖြင့် ဝန်းရံလျက်ရှိ၏။
သင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် စွိယာမ်ဥပုသ်
စောင့်ထိန်းသည့်နေ့တွင် စက်ဆုပ်ဖွယ်ရာ စကားကိုပြောဆိုခြင်း မပြုလုပ်ရ။ ဆိုလိုသည်မှာ ဇနီးသည်နှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့် ၎င်း၏နိဒါန်းဆိုင်ရာ( ရာဂစိတ်ကို နိုးဆွသည့် )မည်သည့်စကားကိုမျှ မပြောဆိုရန်နှင့် မည်သည့်မကောင်းသော စကားကိုမျှ လုံးဝမပြောဆိုရန် ဖြစ်၏။
အချေအတင်ငြင်းခုံခြင်း၊ အော်ဟစ်ဆူပူခြင်းတို့ကိုလည်း မပြုလုပ်ရ။
ဆိုလိုသည်မှာ အချင်းချင်း ငြင်းခုံရန်ဖြစ်ခြင်း၊ အော်ဟစ်ဆူပူခြင်းတို့ မပြုရန် ဖြစ်၏။
အကယ်၍ တစ်ဦးတစ်ယောက်က သူ့အား လမြတ်ရမဿွန်၌ ဆဲဆိုမကောင်းပြောခြင်း (သို့မဟုတ်) သူ့အား လာရောက်တိုက်ခိုက်ခြင်းပြုလုပ်ခဲ့လျှင် ၎င်းသည် (ထိုသူအား) ကျွန်ုပ် စွိယာမ်ဥပုသ် စောင့်ထိန်းထားသူဖြစ်သည်ဟု ပြောဆိုရမည်။
ဤသို့ပြောဆိုခြင်းဖြင့် ထိုသူသည် (စွိယာမ်ဥပုသ် စောင့်ထိန်းထားသူအား ဆဲဆိုမကောင်းပြောခြင်းနှင့် ရန်ပြုတိုက်ခိုက်ခြင်းတို့မှ) ရပ်စဲနိုင်ပေမည်။ အကယ်၍ ထိုသူသည် ဤသို့ ဆက်လက်ပြုလုပ်နေပြီး ခုခံကာကွယ်တိုက်ခိုက်ခြင်းမှအပ အခြားနည်းလမ်းမရှိလျှင် အတတ်နိုင်ဆုံး အလျှော့ပေါ့ဆုံး နည်းလမ်းဖြင့် ခုခံကာကွယ်ရမည်။ ဥပမာအားဖြင့် ရန်သူကို တွန်းလှန်ခြင်းကဲ့သို့သော နည်းလမ်းမျိုးဖြင့် ဖြစ်၏။
ထို့နောက်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ အသက်ဇီဝိန်ကို စိုးပိုင် တော်မူသော အရှင်မြတ်ကို တိုင်တည်၍ မိန့်ကြားတော်မူခဲ့၏။ စွိယာမ်ဥပုသ်စောင့်ထိန်းသူ၏ စွိယာမ်ဥပုသ်စောင့်ထိန်းမှုကြောင့် ပြောင်းလဲသွားသော ခံတွင်းနံ့သည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ( လောကီ၌ ) သင်တို့ထံတွင်ရှိသော ကတိုးနံ့ထပ် ပို၍မွှေးကြိုင်လှပြီး၊ သောကြာနေ့များနှင့် ဇိကိရ်၏ထိုင်ဝိုင်းများတွင် (သုံးစွဲရန်) ညွှန်ကြားထားသော မွတ်စ်သဟဗ်အဆင့်ရှိသည့် အမွှေးအကြိုင်ထက်ပင် အကျိုးစဝါးဗ်ပို၍များ
သည်။
စွိယာမ်ဥပုသ်စောင့်ထိန်းသူအတွက် ဝမ်းမြောက်ပျော်ရွှင်ဖွယ် အခိုက်အတန့်နှစ်ခုရှိ၏။ထိုနှစ်ခုတွင် သူသည် ဝမ်းမြောက်ပျော်ရွှင်လေသည်။ တစ်ခုမှာ ဝါဖြေသည့်အချိန်တွင် အစာရေစာ စားသောက်ခွင့် ပြုလိုက်သောကြောင့် မိမိ၏ဆာ
လောင်မွတ်သိပ်မှုနှင့် ရေငတ်ခြင်း ပျောက်ကင်းသွားသောကြောင့် ရရှိသော ပျော်ရွှင်မှုဖြစ်ပြီး၊ အခြားတစ်ခုမှာ မိမိ၏စွိယာမ်ဥပုသ်ကို ပြီးပြည့်စုံစွာ ဆောက်တည်နိုင်ခြင်း၊ ( စွိယာမ်ရဲ့)အိဗာဒသ် ပြီးဆုံးခြင်း၊ မိမိ၏အရှင်က လျှော့ပေါ့ပေးမှုနှင့် နောင်တွင်ဆောက်တည်ရမည့် စွိယာမ်ဥပုသ်အတွက် ကူညီထောက်ပံ့မှုကို ရရှိသောကြောင့် ကြုံရသော ပျော်ရွှင်မှုဖြစ်၏။
သူ့အားဖန်ဆင်းတော်မူသော အရှင်မြတ်အား တွေ့ဆုံသည့်အချိန် သူ၏ စွိယာမ်ဥပုသ်စောင့်ထိန်းသည့် အကျိုးကုသိုလ်ကို ရရှိသည့်အခါ ဝမ်းမြောက်ပျော်ရွှင်လေသည်။
) ဆိုလိုသည်မှာအရှင်မြတ်ပေးသနားတော်မူမည့် စွိယာမ်ဥပုသ်၏ အကျိုးဆုလာဘ်ကြောင့် ပျော်ရွှင်လိမ့်မည်။