عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنْ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا لَقِيَ أَحَدُكُمْ أَخَاهُ فَلْيُسَلِّمْ عَلَيْهِ، فَإِنْ حَالَتْ بَيْنَهُمَا شَجَرَةٌ أَوْ جِدَارٌ أَوْ حَجَرٌ ثُمَّ لَقِيَهُ فَلْيُسَلِّمْ عَلَيْهِ أَيْضًا».

[صحيح] - [رواه أبو داود] - [سنن أبي داود: 5200]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
မည်သူမဆို မိမိ၏( မွတ်စ်လင်မ် )ညီ‌နောင်နှင့် တွေ့ဆုံသည့်အခါ ၎င်းအား စလာမ်ဆိုပါ။ ထို့နောက် ၎င်းတို့နှစ်ဦးကြားတွင် သစ်ပင်၊ နံရံ သို့မဟုတ် ကျောက်တုံးစသည့် အရာတစ်ခုခု ပိတ်ဆို့ခြားသွားခဲ့ပြီးနောက် ပြန်လည်တွေ့ဆုံကြပါက ထိုအခါ ၎င်းအား ထပ်မံ၍ စလာမ်ဆိုပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [အဗူဒါဝူဒ်ကျမ်း။] - [سنن أبي داود - 5200]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင် (မွတ်စ်လင်မ်တစ်ဦးနှင့် တွေ့ဆုံသည့်အခါတိုင်း စလာမ်ဆိုရန် နှိုးဆော်တိုက်တွန်းထားသည်။ နှစ်ဦးသား အတူတကွ လမ်းလျှောက်နေစဉ် ၎င်းတို့နှစ်ဦးကြားတွင် ခြားနားစေသော သစ်ပင်၊ နံရံ၊ ကျောက်တုံးကဲ့သို့သော အရာဝတ္ထုတစ်ခုခု ပေါ်လာပြီး (ယင်းကြောင့် ခေတ္တကွဲကွာသွားပြီးနောက် ) ပြန်လည်တွေ့ဆုံကြပါက ထိုအခါ ထပ်မံ၍ စလာမ်ဆိုရမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စလာမ်ကို ဖြန့်ချီခြင်း(ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်း)နှင့် အခြေအနေအချိန်အခါအလိုက် ပြောင်းလဲမှုတိုင်းတွင် ထပ်မံ၍ စလာမ်ပေးခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် စလာမ်၏ စွန္နသ်တော်ကို ကျယ်ပြန့်စွာ ပြုလုပ်ရန် အလွန်အလေးထား ဆောင်ရွက်တော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် စလာမ်ပေးခြင်းအားဖြင့် မွတ်စ်လင်မ်များကြားတွင် ချစ်ခြင်းမေတ္တာနှင့် ခင်မင်ရင်းနှီးမှုများ ပေါ်ပေါက်လာစေသောကြောင့် ဖြစ်သည်။
  3. စလာမ်ပေးခြင်းဆိုသည်မှာ “ အတ်စ်လာမု အလိုင်ကွမ်” (သင်တို့အပေါ် ငြိမ်းချမ်းမှု ကျရောက်ပါစေ) သို့မဟုတ် “အတ်စ်လာမု အလိုင်ကွမ် ဝရဟ်မသုလ္လာဟိ ဝဗရကာသုဟူ” (သင်တို့အပေါ် ငြိမ်းချမ်းမှု၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတော်များ ကျရောက်ပါစေ) ဟု ပြောဆိုခြင်းကို ဆိုလိုသည်။ သို့ရာတွင် ၎င်း၌ ပထမဆုံးအကြိမ် တွေ့ဆုံသည့်အခါ လက်ဆွဲနှုတ်ဆက်ခြင်း ( မုဆွာဖဟာ) ပါဝင်ခြင်းမရှိပေ။
  4. စလာမ်သည် ဒုအာတစ်ခုဖြစ်ပြီး မွတ်စ်လင်မ်တို့သည် အချင်းချင်း တစ်ဦးအတွက် အခြားတစ်ဦးမှ ဒုအာပြုပေးရန် လိုအပ်သည်။ ထို့ကြောင့်ပင် ၎င်းတို့သည် မည်မျှပင် အကြိမ်ကြိမ် တွေ့ဆုံသည်ဖြစ်ပါစေ ( စလာမ်ပေးခြင်းကို ပြုလုပ်ရမည် )။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (49)
ထပ်၍