عَن عَبْدِ اللَّهِ بنِ مَسْعُودٍ رَضِيَ اللَّهُ عَنْهُ قَالَ: كُنَّا مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ:
«مَنِ اسْتَطَاعَ البَاءَةَ فَلْيَتَزَوَّجْ، فَإِنَّهُ أَغَضُّ لِلْبَصَرِ، وَأَحْصَنُ لِلْفَرْجِ، وَمَنْ لَمْ يَسْتَطِعْ فَعَلَيْهِ بِالصَّوْمِ، فَإِنَّهُ لَهُ وِجَاءٌ».
[صحيح] - [متفق عليه] - [صحيح البخاري: 1905]
المزيــد ...
အဗ်ဒွလ္လာဟ်ဗင်န်မတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ ကျွန်တော်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူရှိနေစဉ် ကိုယ်တော်ကမိန့်တော်မူသည်မှာ
မည်သူမဆိုလက်ထပ်နိုင်စွမ်းရှိပါက လက်ထပ်ထိမ်းမြားလိုက်ပါ။ အဘယ်ကြောင့်ဆိုသော နိကာဟ် ထိမ်းမြားခြင်းသည် မျက်လွှာကို (ဟရာမ်တားမြစ်ထားသည့်အရာများမှ) အလွန်ပင်ထိန်းသိန်း ပေးသည်။ အရှက်အင်္ဂါကို (မကောင်းမှုမှ) အလွန်ပင်ထိန်းသိမ်းပေးသည်။ လက်ထပ်နိုင်စွမ်းမရှိသူသည် ဆောင်မ် ဥပုသ်စောင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆောင်မ် ဥပုသ်စောင့်ခြင်းသည် ရာဂစိတ်ထကြွမှုကိုလျော့ကျစေသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1905]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လက်ထပ်နိုင်စွမ်းရှိသောသူ၊ ထိမ်းမြားရန်လိုအပ်သော ကုန်ကျစရိတ်ကို တက်စွမ်းနိုင်သူကိုလက်ထပ်ရန်တိုက်တွန်းခဲ့သည်။ ဤသည် မိမိ၏အရှူကို ဟရာမ်တားမြစ်ထားသောအရာမှ အလွန်ပင်ထိန်းသိန်းပေးသည့်အပြင် မိမိ၏အရှက်အင်္ဂါကိုလည်း အလွန်ပင်ကာကွယ်ပေးပြီး စက်ဆုပ်ရွံရှာဖွယ်ရာများ၌ကျရောက်ခြင်းမှအလွန်ပင်တားမြစ်ပေးသည်။ ပေါင်းသင်းဆက်ဆံရန်တတ်စွမ်းနိုင်သော်လည်း နိကာဟ်ထိမ်းမြားရန်အတွက် ကုန်ကျစရိတ်မတတ်စွမ်းနိုင်သူသည် ဆောင်မ်ဥပုသ်ဆောင့်ရမည်။ အဘယ့်ကြောင့်ဆိုသော် ဆောင်မ်ဥပုသ်ဆောင့်ခြင်းသည် ရာဂစိတ်နှင့်သုက်ရည်၏ဆိုးကျိုးမှပြတ်တောက်စေသည်။