عَنْ عُبَيْدِ اللَّهِ بْنِ مِحْصَنٍ الْأَنْصَارِيِّ رَضيَ اللهُ عنهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«مَنْ أَصْبَحَ مِنْكُمْ مُعَافى فِي جَسَدِهِ، آمِنًا فِي سِرْبِهِ، عِنْدَهُ قُوتُ يَوْمِهِ، فَكَأَنَّمَا حِيزَتْ لَهُ الدُّنْيَا».

[حسن] - [رواه الترمذي وابن ماجه] - [سنن ابن ماجه: 4141]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အုဗိုင်ဒုလ္လာဟ် ဗင်န် မိဟ်စွတ်န် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"သင်တို့အနက်မှ မည်သူမဆို နံနက်ခင်းအချိန်သို့ဝင်သောအခါ ကျန်းမာသောကိုယ်ခန္ဓာရှိလျက်၊ မိမိအသက်ဝိညာဉ် ဘေးကင်းလျက်၊ ၎င်းထံ ထိုနေ့အတွက် စားနပ်ရိက္ခာရှိလျှင် ထိုသူသည် ဤလောကကြီးတစ်ခုလုံး စုပေါင်းပေးအပ်ခံခဲ့ရသူကဲ့သို့ပင် ဖြစ်၏။"

[حسن] - [رواه الترمذي وابن ماجه] - [سنن ابن ماجه - 4141]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- အို မွတ်စ်လင်မ်တို့ သင်တို့ထဲမှ မည်သူမဆို မိမိကိုယ်ခန္ဓာ၌ ရောဂါများနှင့် ဝေဒနာများမှ ကျန်းမာချမ်းသာစွာ၊ မိမိအသက်၊ မိသားစုနှင့် လမ်းခရီး၌ ကြောက်ရွံ့ထိန်လန့်မှုမရှိဘဲ အေးချမ်းလုံခြုံမှုရှိလျက်၊ ထို့ပြင် တစ်နေ့တာ လိုအပ်ချက်ကို အလုံအလောက်ဖြည့်ဆည်းနိုင်သော ဟလာလ်ရိက္ခာကို ရရှိလျက် နံနက်ခင်းသို့ ရောက်ရှိပါက၊ ထိုသူသည် ဤလောကကြီးတစ်ခုလုံးကို စုပေါင်းပေးအပ်ခံခဲ့ရသူကဲ့သို့ပင် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လူသားတွင် ကျန်းမာခြင်း၊ လုံခြုံခြင်းနှင့် စားနပ်ရိက္ခာ လိုအပ်ကြောင်း ရှင်းလင်းဖော်ပြချက်။
  2. ဗန္ဒဟ်ကျေးကျွန်သည် အလ္လာဟ်အရှင်မြတ်အား ဤနိအ်မသ်တော်များအတွက် ချီးမွမ်းထောမနာပြုခြင်း၊ ကျေးဇူးတင်ခြင်း ပြုရမည်။
  3. လောကီတွင် ရောင့်ရဲတင်းတိမ်မှုထားရန်နှင့် လောကီကိုမမက်မောရန် တိုက်တွန်းနှိုးဆော်ခြင်း။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (44)
ထပ်၍