عَنْ ابْنِ عُمَرَ رَضيَ اللهُ عنهُما أَنَّهُ سَمِعَ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَا حَقُّ امْرِئٍ مُسْلِمٍ لَهُ شَيْءٌ يُوصِي فِيهِ، يَبِيتُ ثَلَاثَ لَيَالٍ، إِلَّا وَوَصِيَّتُهُ عِنْدَهُ مَكْتُوبَةٌ»، قَالَ عَبْدُ اللهِ بْنُ عُمَرَ رضي الله عنهما: «مَا مَرَّتْ عَلَيَّ لَيْلَةٌ مُنْذُ سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ ذَلِكَ إِلَّا وَعِنْدِي وَصِيَّتِي».
[صحيح] - [متفق عليه] - [صحيح مسلم: 1627]
المزيــد ...
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)ထံမှဆင့်ပြန်လာရှိသည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
“မည်သည့်မွတ်စ်လင်မ်မဆို မိမိတွင် မှာတမ်းစရာ တစ်စုံတစ်ရာရှိပါက သေတမ်းစာကို သူ့ထံ၌ ရေးသားထားရမည်ဖြစ်သည်။ (မရေးသားဘဲ) သုံးည မကုန်ဆုံးသင့်ပေ။" အဗ်ဒုလ္လာဟ် ဗင်န် အုမရ် (ရဿွိယလ္လာဟ် အန်ဟုမာ)က “သေတမ်းစာအကြောင်း ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ပြောကြားသည်ကို ကြားသိရပြီးချိန်မှစ၍ ကျွန်ုပ်ထံတွင် သေတမ်းစာမရှိဘဲ ညတစ်ညမျှ ကုန်လွန်ခဲ့ခြင်းမရှိခဲ့ပေ” ဟု ပြောကြားခဲ့သည်။
[صحيح] - [متفق عليه] - [صحيح مسلم - 1627]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - မည်သည့် မွတ်စ်လင်မ်မဆို၊ သူ့တွင် သေတမ်းစာရေးရန် လိုအပ်သည့်အရာ (အခွင့်အရေး သို့မဟုတ် ဥစ္စာပစ္စည်းများ) အနည်းငယ်မျှဖြစ်ပါစေ၊ သေတမ်းစာကို သူ့ထံ၌ ရေးသားထားရမည်ဖြစ်သည်။ (မရေးသားဘဲ) သုံးည မကုန်ဆုံးသင့်ပေ။ အဗ်ဒုလ္လာဟ် ဗင်န် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က သေတမ်းစာအကြောင်း ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ပြောကြားသည်ကို ကြားသိရပြီးချိန်မှစ၍ ကျွန်ုပ်ထံတွင် သေတမ်းစာမရှိဘဲ ကျွန်ုပ်သည် ညတစ်ညမျှ ကုန်လွန်ခဲ့ခြင်းမရှိခဲ့ပေ” ဟု ပြောကြားခဲ့သည်။