عَنْ عَبْدِ اللَّهِ بْنِ عَمْرٍو رَضِيَ اللَّهُ عَنْهُمَا عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«المُسْلِمُ مَنْ سَلِمَ المُسْلِمُونَ مِنْ لِسَانِهِ وَيَدِهِ، وَالمُهَاجِرُ مَنْ هَجَرَ مَا نَهَى اللَّهُ عَنْهُ».
[صحيح] - [متفق عليه] - [صحيح البخاري: 10]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။
မွတ်စ်လင်မ်ဆိုသည်မှာ အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေသူဖြစ်သည်။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။
[صحيح] - [متفق عليه] - [صحيح البخاري - 10]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အစ္စလာမ့်တရားတော်ကို ပြည့်ဝစွာလိုက်နာသူ မွတ်စ်လင်မ်ဟူသည် အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေပြီးသူတစ်ပါးအား ဆဲရေးတိုင်းထွာခြင်းလည်းမပြု၊ ကျိန်ဆဲခြင်းလည်းမပြု၊ နောက်ကွယ်အတင်းပြောခြင်းလည်းမပြု၊ မိမိနှုတ်လျှာဖြင့် အခြားသူများဒုက္ခရောက်စေမည့် မည်သည့်ကိစ္စရပ်ကိုမဆို ကျူးလွန်ခြင်းလည်းမရှိသောသူဖြစ်သည်။ ထို့ပြင် မိမိ၏လက်ဖြင့်အခြားသူများအား ကျူးလွန် စော်ကားခြင်းလည်းမပြု၊ သူတစ်ပါး၏ ပစ္စည်းဥစ္စာများအား မတရားသိမ်းယူခြင်း စသည့် မကောင်းသော အပြုအမူများကိုလည်း မပြုပေ။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။