عَنْ مُعَاوِيَةَ رَضيَ اللهُ عنهُ قَالَ: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«الْمُؤَذِّنُونَ أَطْوَلُ النَّاسِ أَعْنَاقًا يَوْمَ الْقِيَامَةِ».
[صحيح] - [رواه مسلم] - [صحيح مسلم: 387]
المزيــد ...
မုအာဝိယဟ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
"မုအဇ္ဖင်န် (အဇာန်ပေးသူ) များသည် ကိယာမသ်နေ့၌ လူတို့အနက် လည်ပင်းအရှည်ဆုံးသူများ ဖြစ်ကြလိမ့်မည်။"
[صحيح] - [رواه مسلم] - [صحيح مسلم - 387]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မုအဇ္ဇင်န်များသည် ကိယာမသ်နေ့တွင် ၎င်းတို့၏ဂုဏ်သိက္ခာမြင့်မားသောလုပ်ရပ်၊ များစွာသောကောင်းမှုများ၊ ကြီးမားသောအကျိုးဆုလဒ်တို့ကြောင့် လူတို့အနက် လည်ပင်းအရှည်ဆုံးသူများ ဖြစ်ကြလိမ့်မည်။