عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنْ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«قَالَ اللَّهُ تَبَارَكَ وَتَعَالَى: أَعْدَدْتُ لِعِبَادِي الصَّالِحِينَ، مَا لاَ عَيْنٌ رَأَتْ، وَلاَ أُذُنٌ سَمِعَتْ، وَلاَ خَطَرَ عَلَى قَلْبِ بَشَرٍ» قَالَ أَبُو هُرَيْرَةَ: اقْرَؤُوا إِنْ شِئْتُمْ: {فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ} [السجدة: 17].
[صحيح] - [متفق عليه] - [صحيح البخاري: 4779]
المزيــد ...
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- " ငါအရှင်သည်မိမိ၏သူ
တော်ကောင်းကျေးကျွန်များအတွက် ဘယ်မျက်စိကမှ မမြင်ဖူးသော၊ ဘယ်နားကမှ မကြားဖူးသော၊ ဘယ်လူသားတစ်ဦးတစ်ယောက်၏စိတ်နှလုံးသားထဲသို့လည်း မဝင်ရောက်ဖူးသော အရာများကို ပြင်ဆင်ထားရှိတော်မူ၏။" ထို့နောက် အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောသည်မှာ- "အကယ်၍ အသင်တို့ အလိုရှိလျှင် ဤအာယတ်တော်ကို ရွတ်ဖတ်ကြလော့-"
{فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ} [السجدة: 17].
(ထို့ပြင် သူတို့အတွက် သူတို့ ပြုလုပ်ခဲ့ကြသည့် လုပ်ရပ်များ၏ အကျိုးကျေးဇူးအဖြစ် လျှို့ဝှက်ထားသော မျက်စိအေးမြကြည်လင်မှုကို မည်သူမျှမသိပေ။) (အတ်စ်စဂ်ျဒဟ်၊ ၁၇)
[صحيح] - [متفق عليه] - [صحيح البخاري - 4779]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားခဲ့သည်။ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- ငါအရှင်သည် မိမိ၏သူတော်ကောင်းကျေးကျွန်များအား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့အတွက် ဘယ်မျက်စိကမှ မမြင်ဖူးသော၊ ဘယ်နားကမှ မကြားဖူးသော၊ လူသား၏စိတ်နှလုံးသားထဲသို့လည်း မဝင်ရောက်ဖူးသော အရာများကို ပြင်ဆင်ထားရှိတော်မူ၏။ အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောသည်မှာ- "အကယ်၍ အသင်တို့ အလိုရှိလျှင် ဤအာယတ်တော်ကို ရွတ်ဖတ်ကြလော့-"
(ထို့ပြင် သူတို့အတွက် သူတို့ ပြုလုပ်ခဲ့ကြသည့် လုပ်ရပ်များ၏ အကျိုးကျေးဇူးအဖြစ် လျှို့ဝှက်ထားသော မျက်စိအေးမြကြည်လင်မှုကို မည်သူမျှမသိပေ။) (အတ်စ်စဂ်ျဒဟ်၊ ၁၇)