عن عثمان رضي الله عنه عن النبي صلى الله عليه وسلم قال:
«خَيْرُكُمْ مَنْ تَعَلَّمَ الْقُرْآنَ وَعَلَّمَهُ».

[صحيح] - [رواه البخاري] - [صحيح البخاري: 5027]
المزيــد ...

အွတ်စ်မာန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သင်တို့အနက် ကုရ်အာန်ကျမ်းမြတ်အား သင်ယူပြီးနောက် သင်ကြားပေးသူသည် အမွန်မြတ်ဆုံးဖြစ်သည်။

[صحيح] - [رواه البخاري] - [صحيح البخاري - 5027]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်တို့အနက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အမွန်မြတ်ဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံးသူမှာ ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ခြင်း၊ အာဂုံဆောင်ခြင်း၊ သရ်သီလ်နှင့်တကွ ဖတ်ခြင်း၊ ရပ်နားခြင်း၊ အကျယ်ဖွင့်ဆိုခြင်းတို့ကို သင်ယူကာ ကိုယ်တိုင်လိုက်နာကျင့်သုံးပြီး မိမိတတ်မြောက်ထားသည့် ကုရ်အာန်ကျမ်းမြတ်၏ အသိပညာများကို အခြားသူအား ပြန်လည်သင်ကြားပေးသူဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကုရ်အာန်ကျမ်းမြတ်၏ ထွတ်မြတ်မှုကို တင်ပြထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ နှုတ်ကပါဌ်တော်ဖြစ်သည့်အတွက် အကောင်းဆုံးစကားပင်ဖြစ်သည်။
  2. သင်ယူသူများအနက် အကောင်းဆုံးသူမှာ မိမိအတွက်သာ သင်ယူခြင်း မဟုတ်ဘဲ အခြားသူများကိုပါ ပြန်လည်သင်ကြားပေးသူဖြစ်သည်။
  3. ကုရ်အာန်ကျမ်းမြတ်ကို သင်ယူခြင်း၊ ပြန်လည်သင်ကြားပေးခြင်း၌ ရွတ်ဖတ်ပုံနည်းလမ်းဖြစ်စေ၊ အဓိပ္ပါယ်ရသများနှင့် အမိန့်ပညတ်ချက်များဖြစ်စေ အားလုံး အကျုံးဝင်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (63)
ထပ်၍