عن أبي موسى الأشعري رضي الله عنه عن النبي صلى الله عليه وسلم قال:
«تَعَاهَدُوا هَذَا الْقُرْآنَ، فَوَالَّذِي نَفْسُ مُحَمَّدٍ بِيَدِهِ لَهُوَ أَشَدُّ تَفَلُّتًا مِنَ الْإِبِلِ فِي عُقُلِهَا».
[صحيح] - [متفق عليه] - [صحيح مسلم: 791]
المزيــد ...
အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို စွဲမြဲစွာ ရွတ်ဖတ်ကြပါ။ အကြင်အရှင်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်အား တိုင်တည်၍ပြောမည် ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက် ကုရ်အာန်ကျမ်းမြတ်သည် ပိုမိုလျင်မြန်စွာ မေ့လျော့သွားတတ်သည်။
[صحيح] - [متفق عليه] - [صحيح مسلم - 791]
ကုရ်အာန်ကျမ်းမြတ်ကို မိမိစိတ်နှလုံးသားထဲတွင် အလွတ်ကျက်မှတ်ပြီးနောက် ပြန်လည်မမေ့လျော့စေရန်အတွက် စွဲစွဲမြဲမြဲ ရွတ်ဖတ်နေရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအချက်ကို ပို၍လေးနက်စေရန် ကျိန်ဆိုတော်မူကာ ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက်ပင် ကုရ်အာန်ကျမ်းမြတ်သည် ပို၍လျင်မြန်စွာ မေ့လျော့သွားတတ်ကြောင်း မိန့်ကြားခဲ့သည်။ ကြိုးဟူသည် ကုလားအုတ်၏ အရှေ့ခြေဒူခေါင်းနားတွင် ချည်နှောင်ထားသည့် ကြိုးကိုဆိုလိုသည်။ လူတစ်ဦးအနေဖြင့် ထိုကြိုးကို ချည်ထားပါက ကုလားအုတ်သည်ရှိနေမည်ဖြစ်ပြီး ဖြည်ထားလိုက်ပါက ထွက်သွားကာ ပျောက်ဆုံးသွားမည်ဖြစ်သည်။