عَنْ عَلِيٍّ رضي الله عنه قَالَ: قَالَ لِي رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«قُلِ اللهُمَّ اهْدِنِي وَسَدِّدْنِي، وَاذْكُرْ بِالْهُدَى هِدَايَتَكَ الطَّرِيقَ، وَالسَّدَادِ سَدَادَ السَّهْمِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2725]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ - ကျွန်ုပ်အား အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။
( အို အလီ ) အသင် ဤသို့ ပြောဆိုပါလေ။ အို - အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ မှန်ကန် တည့်မှတ်စေတော်မူပါ။ ထို့နောက် အသင်သည် "အလ်ဟုဒါ" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ လမ်းမှန်ကိုညွှန်ပြခြင်းဖြစ်ကြောင်းကို သတိရလော့။ "အတ်စ်စဒါဒ်" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ မြားတံအား ပစ်လွှတ်ရာတွင်ပစ်မှတ်ကို ဖြောင့်မတ်စွာ ပစ်ခွင်နိုင်ခြင်းကို သတိရလော့။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2725]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလီ ဗင်န် အဘီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု) အား ဤဒုအာကို တောင်းဆိုရန် အမိန့်ပေးတော်မူခဲ့သည်။ ၎င်းမှာ - " အို-အလ္လာဟ် အရှင်မြတ် ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ မှန်ကန် တည့်မှတ်စေတော်မူပါ။" ဆိုလိုသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ၊ (တဖန်ညွှန်ပြခြင်းခံရသော တရားလမ်းမှန်အတိုင်း လျှောက်လှမ်းနိုင်ရန်) သောင်ဝ်ဖီးက်စွမ်းအားပေးသနားတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုး၏ ကိစ္စအဝဝတွင် ကျွန်တော်မျိုးအား ဖြောင့်မတ်မှန်ကန်သူအဖြစ် ပြုလုပ်ပေးသနားတော်မူပါ။
“အလ်ဟုဒါ” ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ အမှန်တရားကို အကျဉ်းချုံးအားဖြင့်လည်းကောင်း၊ အကျယ်တဝင့်အားဖြင့်လည်းကောင်း သိရှိနားလည်ခြင်းနှင့် ထင်ရှားပေါ်လွင်စွာဖြင့် လည်း ကောင်း၊ ဖုံးကွယ်လျှို့ဝှက်စွာဖြင့် လည်းကောင်း ယင်းအမှန်တရား၏ လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးနိုင်စွမ်း ရရှိခြင်းပင်ဖြစ်သည်။
“အတ်စ်ဒါဒ်” ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ မှန်ကန်သောလမ်းစဉ်အတိုင်း မြဲမြံစွာရပ်တည်နိုင်ခြင်းနှင့် ကိစ္စအဝဝတွင် မှန်ကန်မှုရှိခြင်းပင်ဖြစ်သည်။ အပြောအဆို၊ လုပ်ရပ်နှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များတွင် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်ခြင်းပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စိတ်ကူး ဉာဏ်ဖြင့်သာ ခံစားသိရှိနိုင်သော အရာဝတ္ထုသည် အာရုံခံစားမှုဖြင့် ပိုမိုရှင်းလင်းစွာ သိမြင်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤဒုအာကို သင်တောင်းသည့်အခါ- «“ဟုဒါ” တရားလမ်းညွှန်မှုဆိုသည်မှာ လမ်းကြောင်းမှန်သို့ ညွှန်ပြခြင်းဖြစ်သည်» ဟု သတိရလော့။ ထို့ပြင် ခရီးသည်တစ်ဦးအား လမ်းညွှန်သည့်နည်းတူ သင်သည် လမ်းမှန်တရားညွှန်ပြခြင်းကို တောင်းခံစဉ် စိတ်နှလုံးသားကို အာရုံစူးစိုက်လျက် စိတ်ပါဝင်စားမှု အပြည့်ဖြင့် တောင်းခံပါ‌လေ။ အကြောင်းမှာ ထိုသို့ လမ်းညွှန်ခြင်းခံရသည့် ခရီးသည်သည် ဘယ်ဘယ်သို့ သွားရမလား၊ သို့မဟုတ် ညာဘက်သို့ သွားရမလား စသဖြင့် ဟိုဟိုဒီဒီ မဖြစ်တော့ဘဲ လမ်းလွဲခြင်းမှ ကင်းဝေးနေမည်ဖြစ်သည်။ ဤသို့အားဖြင့် သူသည် လုံခြုံမှုကို ရရှိ၍ မိမိ၏ခရီးပန်းတိုင်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်ပေသည်။
“အတ်စ်စဒါဒ် ” ဖြောင့်မတ်မှန်ကန်မှုဆိုသည်မှာ မြားတစ်စင်းလွှတ်ရာတွင် ပစ်မှတ်ကို ဖြောင့်ဖြောင့်မတ်မတ် ဦးတည်ခြင်းကဲ့သို့ဖြစ်သည်။ သင်သည် မြားပစ်ရာတွင် ၎င်း၏ ပစ်မှတ်ကို မြန်မြန်ဆန်ဆန် ထိမှန်ခြင်းကို သတိပြုမိပါလိမ့်မည်။ မြားပစ်သူသည် ပစ်မှတ်တစ်ခုကို ပစ်သည့်အခါ မြားကို ပစ်မှတ်ဆီသို့ ဖြောင့်ဖြောင့်မတ်မတ် ဦးတည်ပစ်လွှတ်သည်။ ထိုနည်းတူစွာ သင်သည် အလ္လာဟ်အရှင်မြတ်ထံ “စဒါဒ်” ဖြောင့်မတ်မှန်ကန်မှုကို တောင်းခံရာတွင် အရှင်မြတ်သည် သင့်အား မြားတစ်ချောင်းကဲ့သို့ ဖြောင့်မတ်မှန်ကန်စွာ ထိန်းသိမ်းစေရန် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် သင်၏တောင်းခံမှုတွင် ပြည့်ဝသော တရားလမ်းမှန်ညွှန်ကြားမှုနှင့် အကြွင်းမဲ့သော ဖြောင့်မတ်မှန်ကန်မှုကို တောင်းဆိုသူဖြစ်လာပေမည်။
ထို့ကြောင့် သင်သည် အလ္လာဟ်အရှင်မြတ်ထံ “စဒါဒ်” ဖြောင့်မတ်မှန်ကန်မှုကို တောင်းခံသည့်အခါ ဤနောက်ခံသဘောတရားကို နှလုံးသွင်း သတိရလော့။ သို့မှသာ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အတိုင်း လျှောက်လှမ်းရာတွင် သင်သည် မှန်ကန်သော ပစ်မှတ်သို့ ဦးတည်သွားလာနေသော မြား၏ လက်တွေ့ပုံရိပ်တစ်ခု ဖြစ်လာပေမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဒုအာဆုတောင်းသူသည် စွန္နသ်တော်(တမန်တော်မြတ်၏ လမ်းစဉ်)ကို လိုက်နာခြင်းနှင့် အိခ်လားစ်ွ ( မိမိပြုလုပ်သည့်အမလ်ကို အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ဖြစ်စေခြင်းအား ) ဖြင့် မိမိ၏အမလ်ကို တည့်မှတ်မှန်ကန်အောင် ပြုပြင်ရန် ဂရုစိုက်သင့်ပါသည်။
  2. သောင်ဝ်ဖီးက်စွမ်းအားနှင့် ဖြောင့်မှတ်မှန်ကန်မှုကို ရရှိရန်အတွက် ဤပြီးပြည့်စုံလှသော စကားလုံးများဖြင့် ဒုအာလုပ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  3. ဗန္ဒဟ်ကျေးကျွန်သည် မိမိ၏ကိစ္စအဝဝတွင် အလ္လာဟ်အရှင်မြတ်ထံ အကူအညီတောင်းခံရန် လိုအပ်သည်။
  4. သင်ကြားရာကဏ္ဍ၌ ဥပမာပေးခြင်း။
  5. ( ဤဒုအာတွင် ) တရားလမ်းမှန်နှင့် ကောင်းမွန်သောအခြေအနေရရှိရန်အတွက် လည်း ကောင်း၊ ထိုအခြေအနေပေါ်၌ ဆက်လက်တည်တံ့ နေရန်နှင့် မျက်စိတမှိတ်အတွင်း ထိုအခြေအနေမှ လမ်းလွဲယိမ်းယိုင်သွားခြင်းမရှိဘဲ ကောင်းမွန်သော အဆုံးသတ်နိဂုံးကိုရရှိရန် တောင်းဆိုခြင်းတို့ကို (တစ်နေရာတည်းတွင်) ပေါင်းစည်းထားလေသည်။
  6. ထို့ကြောင့် ၎င်း၏ "ကျွန်တော်မျိုးအား လမ်းမှန်တရားကို ညွှန်ကြားပြသတော်မူပါ" ဟူသော စကားသည် လမ်းမှန်တရားပေါ်တွင် ဆက်လက်လျှောက်လှမ်းရန်ဖြစ်ပြီး၊ "ကျွန်တော်မျိုးအား မှန်ကန်တည့်မတ်စေတော်မူပါ" ဟူသော စကားသည် ၎င်းရရှိထားသော လမ်းမှန်တရားတွင် လမ်းလွှဲခြင်းမရှိဘဲ မှန်ကန်စွာ ဆက်လက်ရှိနေရန်ဖြစ်သည်။
  7. ဒုအာတောင်းသူသည် မိမိ၏ဒုအာကို အလေးထားဂရုစိုက်ရန်နှင့် မိမိတောင်းဆိုလိုက်သည့် ဒုအာများ၏ အဓိပ္ပာယ်များကို စိတ်နှလုံးသွင်းရန် လိုအပ်ပေသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ဒုအာသည် လက်ခံခြင်းခံရရန် ပိုမိုနီးစပ်စေသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (49)
ထပ်၍