عَنْ أَبِي وَاقِدٍ اللَّيْثِيِّ رضي الله عنه:
أَنَّ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ لَمَّا خَرَجَ إِلَى حُنَيْنٍ مَرَّ بِشَجَرَةٍ لِلْمُشْرِكِينَ يُقَالُ لَهَا: ذَاتُ أَنْوَاطٍ يُعَلِّقُونَ عَلَيْهَا أَسْلِحَتَهُمْ، فَقَالُوا: يَا رَسُولَ اللهِ، اجْعَلْ لَنَا ذَاتَ أَنْوَاطٍ كَمَا لَهُمْ ذَاتُ أَنْوَاطٍ، فَقَالَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: «سُبْحَانَ اللهِ! هَذَا كَمَا قَالَ قَوْمُ مُوسَى {اجْعَلْ لَنَا إِلَهًا كَمَا لَهُمْ آلِهَةٌ} [الأعراف: 138] وَالَّذِي نَفْسِي بِيَدِهِ لَتَرْكَبُنَّ سُنَّةَ مَنْ كَانَ قَبْلَكُمْ».

[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي: 2180]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဝါကစ်ဒ်အတ်လိုင်စီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဟိုနိုင်သို့ ထွက်ခွါတော်မူစဉ်၊ 'ဇာသု-အန်ဝါသ်' ဟုခေါ်သော မုရှ်ရိက်များ၏ သစ်ပင်တစ်ပင်ကို ဖြတ်သွားခဲ့သည်။ ၎င်းတို့သည် ထိုသစ်ပင်တွင် ၎င်းတို့၏ လက်နက်များကို ချိတ်ဆွဲထားကြသည်။ ထိုအခါ စွဟာဗဟ်များက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် သူတို့၌ 'ဇာသု-အန်ဝါသ်' ရှိသကဲ့သို့ ကျွန်တော်မျိုးတို့အတွက်လည်း 'ဇာသု-အန်ဝါသ်' တစ်ခုကို သတ်မှတ်ပေးတော်မူပါ" ဟု ပြောဆိုကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "စွဗ်ဟာနလ္လာဟ် (အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူပါ၏)၊ ဤသည်ကား (တမန်တော်) မူစာ၏ အမျိုးသားတို့က "သူတို့အတွက် ကိုးကွယ်ရာများရှိသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း ကိုးကွယ်ရာတစ်ခုကို ပြုလုပ်ပေးပါ" (ကုရ်အာန်၊ ၇း၁၃၈) ဟု ပြောဆိုခဲ့ကြသည့် စကားနှင့် ဆင်တူလှပေသည်။ ငါကိုယ်တော်၏အသက်ကို စိုးပိုင်တော်မူသော အရှင်၏ ကစမ်၊ အသင်တို့သည် မုချဧကန် အသင်တို့ထက်အလျင် ရှိခဲ့ကြသူ ( ယဟူဒ်၊ နတ်စ်ွရာနီ ) တို့၏ လမ်းစဉ်ကို လိုက်နာကြမည် ဖြစ်သည်။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه الترمذي وأحمد] - [سنن الترمذي - 2180]

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သွာအိဖ်နှင့် မက္ကာမြို့တို့ကြားရှိ ဟိုနိုင်ချိုင့်ဝှမ်းသို့ ချီတက်တော်မူစဉ်၊ မကြာသေးမီကမှ အစ္စလာမ်သာသနာသို့ ကူးပြောင်းဝင်ရောက်လာကြသည့် ဆွဟာဗဟ်အချို့လည်းကိုယ်တော်နှင့်အတူ လိုက်ပါခဲ့ကြသည်။ ထို့‌နောက် သူတို့သည် မုရှ်ရိက်များ ဂုဏ်ပေးလေးစားပြီး ကောင်းချီးမဂ်လာရရှိရန် သူတို့၏လက်နက်များကို ချိတ်ဆွဲထားသော 'ဇာသု-အန်ဝါသ်' ဟုခေါ်သည့် သစ်ပင်တစ်ခုကို ဖြတ်သွားခဲ့ကြသည်။ ထိုအခါ ၎င်းတို့က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား " ၎င်းတို့အတွက်လည်း ထိုကဲ့သို့သော သစ်ပင်တစ်ပင် သတ်မှတ်ပေးရန်၊ထိုသစ်ပင်ပေါ်တွင် ကောင်းချီးမဂ်လာရရှိရန် ၎င်းတို့၏လက်နက်များကို ချိတ်ဆွဲထားနိုင်မည်" ဟု တောင်းဆိုကြသည်။ အမှန်မှာ သူတို့သည် ထိုသို့ပြုလုပ်ခြင်းကို ခွင့်ပြုထားသည်ဟု ထင်မြင်ယူဆပြီး တောင်းဆိုခဲ့ကြခြင်း ဖြစ် သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤ မနှစ်မြို့ဖွယ်စကားကို ငြင်းဆန်သည့်အနေဖြင့် အလ္လာဟ်အရှင်မြတ်၏ စင်ကြယ်သန့်ရှင်းမှုကို ဖော်ပြသည့် "စွဗ်ဟာနလ္လာဟ်" ဟု ပြောဆိုတော်မူပြီး၊ သူတို့၏ ဤစကားသည် (တမန်တော်) မူစာ(အလိုင်ဟိစလာမ်)၏ အမျိုးသားတို့က "သူတို့အတွက် ကိုးကွယ်ရာများရှိသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း ကိုးကွယ်ရာတစ်ခုကို ပြုလုပ်ပေးပါ" (ကုရ်အာန်၊ ၇း၁၃၈) ဟု ပြောဆိုခဲ့သည့် စကားနှင့် ဆင်တူကြောင်း ရှင်းပြတော်မူသည်။ ၎င်းတို့( တမန်တော်မူစာ၏ အမျိုးသားများ) သည် ရုပ်တုများကို ကိုးကွယ်သူများကို တွေ့မြင်ရသောအခါ၊ ထိုမုရှ်ရိက်များအတွက် ရုပ်တု ဆင်းတုများ ရှိသကဲ့သို့ ၎င်းတို့အတွက်လည်း ရုပ်တုဆင်းတုများ ရှိစေရန် တောင်းဆိုကြသည်။ ဤသည်မှာ သူ (မုရှ်ရိက်)တို့၏လမ်းစဉ်ကို လိုက်နာခြင်းပင်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- ဤအွမ္မသ်သားများသည် ယဟူဒ်၊ နတ်စ်ွရာနီများ၏ လမ်းစဉ်ကို လိုက်နာပြီး၊ ၎င်းတို့လုပ်သကဲ့သို့ လိုက်လုပ်ကြလိမ့်မည်ဖြစ်သည်။ ကိုယ်တော်သည် ဤကဲ့သို့သော အပြုအမူများမှ ရှောင်ကျဉ်ရန် သတိပေးသည့်အနေဖြင့် မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ လူသားသည် တစ်ခါတစ်ရံ အရာတစ်ခုကို အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်စေသောအရာဟု ထင်မှတ်ကာ ကောင်းမြတ်သည့်အရာဟု ယူဆမိသော်လည်း၊ စစ်စစ် ထိုအရာသည် ၎င်းအား အလ္လာဟ်အရှင်မြတ်မှ ဝေးကွာစေသော အရာဖြစ်နေတတ်သည်။
  2. ၂။ လူသားသည် သာသနာနှင့်စပ်လျဉ်း၍ မသင့်လျော်သော စကားပြောဆိုသည်ကို ကြားလျှင် သို့မဟုတ် တစ်စုံတစ်ခုနှင့်ပတ်သက်၍ အံ့ဩသွားလျှင်၊ "စွဗ်ဟာနလ္လာဟ်" သို့မဟုတ် "အလ္လာဟုအက္ကဗရ်" ဟု ပြောဆိုရမည်။
  3. ၃။ သစ်ပင်များ၊ ကျောက်တုံးများ စသည်တို့မှ ဗရ်ကသ်မင်္ဂလာရယူခြင်းသည်လည်း ရှိရ်က် အမျိုးအစားထဲတွင် ပါဝင်သည်။ ဗရ်ကသ်မင်္ဂလာကို အလ္လာဟ်အရှင်မြတ်ထံမှသာ တောင်းခံရမည်။
  4. ၄။ ရုပ်တုများကို ကိုးကွယ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့ကို ကြည်ညိုလေးစားခြင်း၊ ၎င်းတို့နားတွင် မှီတင်းနေထိုင်ခြင်းနှင့် ၎င်းတို့ထံမှ ဗရ်ကသ်မင်္ဂလာ ရယူခြင်းတို့ကြောင့် ဖြစ်သည်။
  5. ၅။ ရှိရ်က်ဘက်သို့ ဦးတည်စေသော တံခါးပေါက်များနှင့် လမ်းကြောင်းများကို ပိတ်ဆို့ရန် လိုအပ်သည်။
  6. ၆။ ယဟူးဒ်၊ နတ်စ်ွရာနီများ (ဂျူးများနှင့် ခရစ်ယာန်များ) ကို ပြစ်တင်ရှုတ်ချထားသည့် ကုရ်အာန်၊ ဟဒီးစ်ပါ အချက်
  7. အလက်များသည် အမှန်တကယ်အားဖြင့် ကျွန်ုပ်တို့အတွက် သတိ
  8. ပေးချက်များသာဖြစ်သည်။
  9. ၇။ ဂျာဟိလီယသ် ( အမှောင်ခေတ် )တွင် ရှိခဲ့သောလူများ၊ ယဟူဒီများနှင့် ခရစ်ယာန်များနှင့် တုပခြင်းမှ တားမြစ်ထားသည်။ သို့ရာတွင် (ကုရ်အာန်၊ ဟဒီးစ်) သက်သေအထောက်အထားများက အရာတစ်ခုသည် ကျွန်ုပ်တို့၏သာသနာတွင် ပါဝင်ကြောင်း ညွှန်ပြထားလျှင်မူ (ထိုကိစ္စရပ်တွင် ၎င်းတို့နှင့် ဆင်တူလျှင်လည်း ပြသနာ မရှိပေ။ )
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
ထပ်၍