عَنْ أَبِي وَاقِدٍ اللَّيْثِيِّ رضي الله عنه:
أَنَّ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ لَمَّا خَرَجَ إِلَى حُنَيْنٍ مَرَّ بِشَجَرَةٍ لِلْمُشْرِكِينَ يُقَالُ لَهَا: ذَاتُ أَنْوَاطٍ يُعَلِّقُونَ عَلَيْهَا أَسْلِحَتَهُمْ، فَقَالُوا: يَا رَسُولَ اللهِ، اجْعَلْ لَنَا ذَاتَ أَنْوَاطٍ كَمَا لَهُمْ ذَاتُ أَنْوَاطٍ، فَقَالَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: «سُبْحَانَ اللهِ! هَذَا كَمَا قَالَ قَوْمُ مُوسَى {اجْعَلْ لَنَا إِلَهًا كَمَا لَهُمْ آلِهَةٌ} [الأعراف: 138] وَالَّذِي نَفْسِي بِيَدِهِ لَتَرْكَبُنَّ سُنَّةَ مَنْ كَانَ قَبْلَكُمْ».
المزيد
အဗူဝါကိဒ် အတ်လိုင်စီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟိုနိုင်းသို့ ထွက်ခွါတော်မူစဉ်၊ 'ဇာသု-အန်ဝါသ်' ဟုခေါ်သော မုရှ်ရိက်များ၏ သစ်ပင်တစ်ပင်ကို ဖြတ်သွားခဲ့သည်။ ၎င်းတို့သည် ထိုသစ်ပင်တွင် ၎င်းတို့၏ လက်နက်များကို ချိတ်ဆွဲထားကြသည်။ ထိုအခါ ဆွဟာဗဟ်များက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် သူတို့၌ 'ဇာသု-အန်ဝါသ်' ရှိသကဲ့သို့ ကျွန်တော်မျိုးတို့အတွက်လည်း 'ဇာသု-အန်ဝါသ်' တစ်ခုကို သတ်မှတ်ပေးတော်မူပါ" ဟု ပြောဆိုကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က "စွဗ်ဟာနလ္လာဟ် (အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူပါ၏)၊ ဤသည်ကား တမန်တော်မူစာ၏ အမျိုးသားတို့က "သူတို့အတွက် ကိုးကွယ်ရာများရှိသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း ကိုးကွယ်ရာတစ်ခုကို ပြုလုပ်ပေးပါ" (ကုရ်အာန်၊ ၇း၁၃၈) ဟု ပြောဆိုခဲ့ကြသည့် စကားနှင့် ဆင်တူလှပေသည်။ ငါကိုယ်တော်၏အသက်ကို စိုးပိုင်တော်မူသော အရှင်၏ ကစမ်၊ အသင်တို့သည် မုချဧကန် အသင်တို့ထက်အလျင် ရှိခဲ့ကြသူ (ယဟူဒ်၊ နတ်စ်ွရာနီ) တို့၏ လမ်းစဉ်ကို လိုက်နာကြမည် ဖြစ်သည်။"