عَنِ ابْنِ عَبَّاسٍ رضي الله عنهما:
أَنَّ رَجُلًا أَتَى النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَكَلَّمَهُ فِي بَعْضِ الْأَمْرِ، فَقَالَ: مَا شَاءَ اللهُ وَشِئْتَ، فَقَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَجَعَلْتَنِي لِلَّهِ عَدْلًا؟ قُلْ: مَا شَاءَ اللهُ وَحْدَهُ».
المزيد
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။ ထို့နောက် ထိုသူက (مَا شَاءَ اللهُ وَشِئْتَ) “အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်းနှင့် အသင် (တမန်တော်) အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)” ဟု ပြောဆိုလိုက်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က “သင်သည် ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်နှင့် တန်းတူအဖြစ် ပြုလုပ်လိုက်လေသလော။ ‘အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)’ ဟု ပြောဆိုလော့” ဟု မိန့်ကြားတော်မူခဲ့သည်။