عَنِ ابْنِ عَبَّاسٍ رضي الله عنهما:
أَنَّ رَجُلًا أَتَى النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَكَلَّمَهُ فِي بَعْضِ الْأَمْرِ، فَقَالَ: مَا شَاءَ اللهُ وَشِئْتَ، فَقَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَجَعَلْتَنِي لِلَّهِ عَدْلًا؟ قُلْ: مَا شَاءَ اللهُ وَحْدَهُ».
[إسناده حسن] - [رواه ابن ماجه والنسائي في الكبرى وأحمد] - [السنن الكبرى للنسائي: 10759]
المزيــد ...
အိဗ်နေအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး အကြောင်း
အရာတစ်ခုခုနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။ ထို့နောက် ထိုသူက (مَا شَاءَ اللهُ وَشِئْتَ) “အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်းနှင့် အသင် (တမန်တော်) အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)” ဟု ပြောဆိုလိုက်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သင်သည် ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်နှင့် တန်းတူအဖြစ် ပြုလုပ်လိုက်လေသလော။ ‘အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)’ ဟု ပြောဆိုလော့” ဟု မိန့်ကြားတော်မူခဲ့သည်။
[إسناده حسن] - [رواه ابن ماجه والنسائي في الكبرى وأحمد] - [السنن الكبرى للنسائي - 10759]
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး ကိုယ်တော့်အားအကြောင်း အရာတစ်ခုခုနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။ ထို့နောက် ထိုသူက (مَا شَاءَ اللهُ وَشِئْتَ) “အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်းနှင့် အသင် (တမန်တော်) အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)” ဟု ပြောဆိုလိုက်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်း၏ ဤစကားကို ကန့်ကွက်တော်မူခဲ့ပြီး၊ လူသား၏ အလိုဆန္ဒကို အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် စကားလုံးနှစ်ခုကြားဆက်စပ်ပေးသည့် အရဗီအက္ခရာ ( و ) ဖြင့် ဆက်စပ်ခြင်းသည် ရှိရ်က်အတ်စ်ဂရ် ( အသေးစား ယှဉ်တွဲကိုးကွယ်မှု ) ဖြစ်ကြောင်း၊ မွတ်စ်လင်မ်တစ်ဦးသည် ယင်းအား နှုတ်ဖြင့် ပြောဆိုခွင့်မရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် မှန်ကန်သည့်ပြောဆိုမှု ပုံစံကို လမ်းညွှန်ပြသတော်မူခဲ့သည် ယင်းမှာ "ما شاء الله وحده" (အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း အလိုရှိတော်မူသည့်အတိုင်းသာ) ဟူ၍ ဖြစ်သည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်၏အလိုတော်၌ တစ်ဆူတည်းအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး မည်သည့်တစ်စုံတစ်ဦး၏အလိုဆန္ဒကိုမျှ မည်သည့်ဆက်စပ်နည်းဖြင့်မဆို အရှင်မြတ်နှင့်တွဲဖက်ခြင်း မပြုအပ်ပေ။