عَنْ عَائِشَةَ أُمِّ المُؤمنينَ رضي الله عنها قَالَتْ:
دَخَلَ عَلَيَّ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَقَدْ سَتَرْتُ سَهْوَةً لِي بِقِرَامٍ فِيهِ تَمَاثِيلُ، فَلَمَّا رَآهُ هَتَكَهُ وَتَلَوَّنَ وَجْهُهُ وَقَالَ: «يَا عَائِشَةُ، أَشَدُّ النَّاسِ عَذَابًا عِنْدَ اللهِ يَوْمَ الْقِيَامَةِ الَّذِينَ يُضَاهُونَ بِخَلْقِ اللهِ» قَالَتْ عَائِشَةُ: «فَقَطَعْنَاهُ فَجَعَلْنَا مِنْهُ وِسَادَةً أَوْ وِسَادَتَيْنِ».
المزيد
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်မထံကြွရောက်လာတော်မူသည်။ ထိုအချိန်တွင် ကျွန်မသည် မိမိ၏ ပစ္စည်းသိုလှောင်ခန်းငယ်လေး ( နံရံတွင်ရှိသော အပေါက်သေးသေးလေးတစ်ခု )ကို သက်ရှိရုပ်ပုံများပါသော ကန့်လန့်ကာဖြင့် ကာထားခဲ့သည်။ ၎င်းအား ကိုယ်တော် တွေ့မြင်တော်မူသောအခါ ဆွဲချွတ်ပစ်တော်မူကာ ကိုယ်တော်
၏မျက်နှာတော်မှာ အရောင် ပြောင်းလဲသွားပြီး ဤသို့ မိန့်ကြားတော်မူသည်။
"အို-အာအိရှဟ်၊ ကိယာမသ်နေ့ အလ္လာဟ်အရှင်မြတ် ထံတွင် အပြင်းထန်ဆုံးသောပြစ်ဒဏ်ကို ခံစားရမည့်သူများမှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းအား လိုက်လံတုပပြုလုပ်သူတို့ပင် ဖြစ်သည်။"
အာအိရှဟ်သခင်မက ပြောပြသည်မှာ - ထိုအခါကျွန်မသည် ထိုအဝတ်ကို ဆုတ်ဖြဲကာ ခေါင်းအုံးတစ်လုံး သို့မဟုတ် နှစ်လုံး ပြုလုပ်လိုက်လေသည်။