عن أبي مسعود رضي الله عنه قال: قال النبي صلى الله عليه وسلم:
«مَنْ قَرَأَ بِالْآيَتَيْنِ مِنْ آخِرِ سُورَةِ الْبَقَرَةِ فِي لَيْلَةٍ كَفَتَاهُ».
[صحيح] - [متفق عليه] - [صحيح البخاري: 5009]
المزيــد ...
အဗူမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။
[صحيح] - [متفق عليه] - [صحيح البخاري - 5009]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအား ဘေးအန္တရာယ်များ၊ ဆိုးကျိုးများ၊ မနှစ်မြို့ဖွယ်ရာများမှ ကင်းဝေးစေရန် လုံလောက်တော်မူမည်ဖြစ်သည်။ ဟဒီးဆ်တော်၌ပါရှိသော လုံလောက်ပြီဟူသော စာသား၏ဆိုလိုရင်းကို အချို့သာသနာ့ပညာရှင်များက သဟဂျ်ဂျုဒ် ညဆွလာသ်အတွက် လုံလောက်သွားသည်ဟုလည်းကောင်း၊ အချို့က မိမိရွတ်ဖတ်လေ့ရှိသော ဇိကိရ်၊သိလာဝသ် စသည်တို့အတွက် လုံလောက်သွားသည်ဟုလည်းကောင်း၊ အချို့က သဟဂျ်ဂျုဒ် ညဆွလာသ် အထမြောက်စေရန်အတွက် အနိမ့်ဆုံး ဖတ်ရွတ်ရမည့် အတိုင်းအတာဖြစ်ကြောင်း စသည်ဖြင့် တင်ပြကြပြီး၊ အချို့ကလည်း အခြားအဆိုများကို တင်ပြကြသည်။ တင်ပြခဲ့သော အဆိုတိုင်းသည် ဟဒီးဆ်စာသား၏ အလိုသဘောတွင်ပါရှိသဖြင့် အားလုံးမှန်ကန်ပေသည်။