عَنْ سَعْدِ بْنِ أَبِي وَقَّاصٍ رضي الله عنه عَنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَنَّهُ قَالَ:
«مَنْ قَالَ حِينَ يَسْمَعُ الْمُؤَذِّنَ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا، غُفِرَ لَهُ ذَنْبُهُ».
المزيد
စအ်ဒ်ဗင်န်အဗီဝက္ကာစ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကြင်သူသည် မုအဇ္ဇင်န် အဇာန်ပေးသောသူ၏အဇာန်အသံကို ကြားသောအခါ
أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا
ကို ရွတ်ဆိုခဲ့ပါက အလ္လာဟ်ရှင်မြတ်သည် သူ၏အကုသိုလ်များကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူမည်ဖြစ်သည်။
ဒုအာ၏အဓိပ္ပာယ်မှာ - တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့်ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်အား မွေးမြူဖန်ဆင်း မွေးမြူတော်မူသောအရှင်အဖြစ်၊ တမန်တော်မုဟမ္မဒ်ကို ရစူလ်တမန်တော်အဖြစ်၊ အစ္စလာမ်သာသနာ တော်ကို ဘာသာတရားအဖြစ် ကျွန်တော်မျိုးကျေနပ်နှစ်သက်လက်ခံပါ၏။