عَنْ أَبي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَا مِنْ صَاحِبِ ذَهَبٍ وَلَا فِضَّةٍ، لَا يُؤَدِّي مِنْهَا حَقَّهَا، إِلَّا إِذَا كَانَ يَوْمُ الْقِيَامَةِ، صُفِّحَتْ لَهُ صَفَائِحُ مِنْ نَارٍ، فَأُحْمِيَ عَلَيْهَا فِي نَارِ جَهَنَّمَ، فَيُكْوَى بِهَا جَنْبُهُ وَجَبِينُهُ وَظَهْرُهُ، كُلَّمَا بَرَدَتْ أُعِيدَتْ لَهُ، فِي يَوْمٍ كَانَ مِقْدَارُهُ خَمْسِينَ أَلْفَ سَنَةٍ، حَتَّى يُقْضَى بَيْنَ الْعِبَادِ، فَيَرَى سَبِيلَهُ، إِمَّا إِلَى الْجَنَّةِ، وَإِمَّا إِلَى النَّارِ» قِيلَ: يَا رَسُولَ اللهِ، فَالْإِبِلُ؟ قَالَ: «وَلَا صَاحِبُ إِبِلٍ لَا يُؤَدِّي مِنْهَا حَقَّهَا، وَمِنْ حَقِّهَا حَلَبُهَا يَوْمَ وِرْدِهَا، إِلَّا إِذَا كَانَ يَوْمُ الْقِيَامَةِ، بُطِحَ لَهَا بِقَاعٍ قَرْقَرٍ، أَوْفَرَ مَا كَانَتْ، لَا يَفْقِدُ مِنْهَا فَصِيلًا وَاحِدًا، تَطَؤُهُ بِأَخْفَافِهَا وَتَعَضُّهُ بِأَفْوَاهِهَا، كُلَّمَا مَرَّ عَلَيْهِ أُولَاهَا رُدَّ عَلَيْهِ أُخْرَاهَا، فِي يَوْمٍ كَانَ مِقْدَارُهُ خَمْسِينَ أَلْفَ سَنَةٍ، حَتَّى يُقْضَى بَيْنَ الْعِبَادِ، فَيَرَى سَبِيلَهُ إِمَّا إِلَى الْجَنَّةِ، وَإِمَّا إِلَى النَّارِ» قِيلَ: يَا رَسُولَ اللهِ، فَالْبَقَرُ وَالْغَنَمُ؟ قَالَ: «وَلَا صَاحِبُ بَقَرٍ، وَلَا غَنَمٍ، لَا يُؤَدِّي مِنْهَا حَقَّهَا، إِلَّا إِذَا كَانَ يَوْمُ الْقِيَامَةِ بُطِحَ لَهَا بِقَاعٍ قَرْقَرٍ، لَا يَفْقِدُ مِنْهَا شَيْئًا، لَيْسَ فِيهَا عَقْصَاءُ، وَلَا جَلْحَاءُ، وَلَا عَضْبَاءُ تَنْطَحُهُ بِقُرُونِهَا وَتَطَؤُهُ بِأَظْلَافِهَا، كُلَّمَا مَرَّ عَلَيْهِ أُولَاهَا رُدَّ عَلَيْهِ أُخْرَاهَا، فِي يَوْمٍ كَانَ مِقْدَارُهُ خَمْسِينَ أَلْفَ سَنَةٍ، حَتَّى يُقْضَى بَيْنَ الْعِبَادِ، فَيَرَى سَبِيلَهُ إِمَّا إِلَى الْجَنَّةِ، وَإِمَّا إِلَى النَّارِ» قِيلَ: يَا رَسُولَ اللهِ، فَالْخَيْلُ؟ قَالَ: «الْخَيْلُ ثَلَاثَةٌ: هِيَ لِرَجُلٍ وِزْرٌ، وَهِيَ لِرَجُلٍ سِتْرٌ، وَهِيَ لِرَجُلٍ أَجْرٌ، فَأَمَّا الَّتِي هِيَ لَهُ وِزْرٌ، فَرَجُلٌ رَبَطَهَا رِيَاءً وَفَخْرًا وَنِوَاءً عَلَى أَهْلِ الْإِسْلَامِ، فَهِيَ لَهُ وِزْرٌ، وَأَمَّا الَّتِي هِيَ لَهُ سِتْرٌ، فَرَجُلٌ رَبَطَهَا فِي سَبِيلِ اللهِ، ثُمَّ لَمْ يَنْسَ حَقَّ اللهِ فِي ظُهُورِهَا وَلَا رِقَابِهَا، فَهِيَ لَهُ سِتْرٌ وَأَمَّا الَّتِي هِيَ لَهُ أَجْرٌ، فَرَجُلٌ رَبَطَهَا فِي سَبِيلِ اللهِ لِأَهْلِ الْإِسْلَامِ، فِي مَرْجٍ وَرَوْضَةٍ، فَمَا أَكَلَتْ مِنْ ذَلِكَ الْمَرْجِ، أَوِ الرَّوْضَةِ مِنْ شَيْءٍ، إِلَّا كُتِبَ لَهُ، عَدَدَ مَا أَكَلَتْ حَسَنَاتٌ، وَكُتِبَ لَهُ، عَدَدَ أَرْوَاثِهَا وَأَبْوَالِهَا، حَسَنَاتٌ، وَلَا تَقْطَعُ طِوَلَهَا فَاسْتَنَّتْ شَرَفًا، أَوْ شَرَفَيْنِ، إِلَّا كَتَبَ اللهُ لَهُ عَدَدَ آثَارِهَا وَأَرْوَاثِهَا حَسَنَاتٍ، وَلَا مَرَّ بِهَا صَاحِبُهَا عَلَى نَهْرٍ، فَشَرِبَتْ مِنْهُ وَلَا يُرِيدُ أَنْ يَسْقِيَهَا، إِلَّا كَتَبَ اللهُ لَهُ، عَدَدَ مَا شَرِبَتْ، حَسَنَاتٍ» قِيلَ: يَا رَسُولَ اللهِ، فَالْحُمُرُ؟ قَالَ: «مَا أُنْزِلَ عَلَيَّ فِي الْحُمُرِ شَيْءٌ، إِلَّا هَذِهِ الْآيَةَ الْفَاذَّةُ الْجَامِعَةُ»: {فَمَنْ يَعْمَلْ مِثْقَالَ ذَرَّةٍ خَيْرًا يَرَهُ، وَمَنْ يَعْمَلْ مِثْقَالَ ذَرَّةٍ شَرًّا يَرَهُ} [الزلزلة: 8].

[صحيح] - [متفق عليه] - [صحيح مسلم: 987]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
ရွှေ၊ ငွေကိုပိုင်ဆိုင်သူတို့သည် ထိုရွှေ၊ ငွေတို့၏ ဝ တ္တရား(ဇကားသ်)ကိုမပေးခဲ့လျှင်ထိုရွှေ၊ ငွေတို့သည် ကိယာမသ်နေ၌ မီးနှင့်အတိပြီးသောကျောက်သားများအဖြစ် အလျားလိုက် ပြုလုပ်ခံရမည်ဖြစ်ပြီး ထိုသူသည် ငရဲမီး၌ ထိုကျောက်သားပြင်များအပေါ် အပူပေးခြင်းခံရမည်။ ထိုသူ၏ နံဘေး၊ နဖူး၊ကျောကုန်းတို့သည်လည်းထိုအရာတို့ဖြင့် အပူလောင်စေခြင်းခံကြရမည်။ (မီးနှင့်အတိပြီးသော ထိုကျောက်သားပြင်တို့သည်)အေးသွားသည့်အခါတိုင်း တဖန်ပြန်၍ပူလာမည်ဖြစ်သည်။ ထိုအချိန်၌တစ်ရက်၏ အတိုင်းအတာသည် နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။ ထိုသူ‌သည် ဗန္ဒဟ်ကျေးကျွန်များကြား ဆုံးဖြတ်ပြီးသည့်တိုင်အောင် ထိုအပြစ်ဒဏ်ကိုခံစားနေရမည်ဖြစ်သည်။ ၎င်းနောက် ထိုသူသည် မိမိလျှောက်ရမည့်လမ်းကို တွေ့မြင်ရလိမ့်မည်။ ထိုလမ်းသည် ဂျန္နသ်သို့သွားသည့်လမ်းဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ဂျဟန္နမ်သို့ သွားသည့်လမ်း ဖြစ်ချင်ဖြစ်မည်။ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်၊ ကုလားအုတ် ၏ ( ဇကားသ် ) နှင့်ပတ်သတ်၍ မည်သို့ ရှိပါသနည်းဟု လျှောက်ထားခြင်းခံရလေသော် ကိုယ်တော်ကမိန့်တော်မူသည်။ ကုလားအုတ်ပိုင်ရှင်သည် ထိုကုလားအုတ်၏ဝတ္တရားကို ပေးဆောင်မှုမပြုခဲ့လျှင် ၎င်းနောက်ထိုကုလားအုတ်၏ ဝတ္တရားတစ်ခုမှာ ကုလားအုတ်ရေသောက်ဆင်းသောနေ့၌ (ဆင်းရဲ သားများအား) ယင်းကုလားအုတ် ၏ နို့ညှစ်ခွင့်ပေးခြင်း ဖြစ်သည်။ ကိယာမသ်နေ့တွင် ထိုသူသည် မြေပြန့်တစ်ခုတွင် ဝမ်းလျား မှောက် စေခြင်းခံရမည်။ ကုလားအုတ်များအနက် ကုလားအုတ်ပေါက်စ တစ်ကောင်ပင်လျှင် ကျန်ရစ်နေခဲ့မည်မဟုတ်ဘဲ ကုလားအုတ်တို့သည် ဝဖြိုးလျက် လာကြကာ ထိုသူ့ကိုမိမိတို့၏ခွာများဖြင့်နင်းချေကြလိမ့်မည်။ ၎င်းအပြင်မိမိတို့၏ပါးစပ်များဖြင့် ကိုက်ကြလိမ့်မည်။ ထိုကုလားအုတ်များအနက် ပထမဦးဆုံးအကောင် နင်းခြေသွားပြီးသောအခါ နောက်ဆုံးအကောင် ရောက်လာမည်ဖြစ်သည်။ ထိုအချိန်၌ တစ်ရက်၏အတိုင်းအတာသည် နှစ်ပေါင်းငါးသောင်းနှင့်ညီမျှသည်။ ထိုသူသည် ဗန္ဒဟ်ကျေးကျွန် များကြား ဆုံးဖြတ်ပြီးသည့်တိုင်အောင် ထိုပြစ်ဒဏ်ကိုခံစားနေရမည်ဖြစ်သည်။ ၎င်းနောက်ထိုသူသည်မိမိ၏ လမ်းကိုတွေ့မြင်ရမည်။ ထိုလမ်းသည် ဂျန္နသ်သို့သွားသည့်လမ်းဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ဂျဟန္နမ်သို့ သွားသည့်လမ်း ဖြစ်ချင်ဖြစ်မည်။ အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်၊ နွား၊ ဆိတ် တို့၏ ( ဇကားသ် )နှင့် ပတ်သတ်၍ လည်း မည်သို့အခြေအနေ ရှိပါသနည်းဟုလျှောက်ထားပြန်လေသော် ကိုယ်တော်ကမိန့်တော်မူသည်။ နွားရှင်၊ ဆိတ်ရှင်တို့သည်လည်း ထိုနွား၊ဆိတ်တို့၏ဝတ္တရားကို ပေးဆောင်မှုမပြုခဲ့လျင် ကိယာမသ်နေ့၌ ထိုသူသည် မြေပြန့်တစ်ခုတွင် ဝမ်းလျားမှောက်စေခြင်း ခံရမည်။ နွား၊ ဆိတ် အားလုံးသည် အသေးပေါက်စ တစ်ကောင်ပင်လျင်ကျန်ရစ်နေမည်မဟုတ်ဘဲ ရောက်လာကြလိမ့်မည်။ ထိုနွား၊ ဆိတ်တို့တွင် ချိုကောက်၊ ချိုလိမ်၊ ချိုမပါ၊ချိုကျိုးတစ်ကောင်မျှမပါခြေ။ ထိုသူ့အားမိမိတို့၏ ဦးချိုများဖြင့် တိုးဝှေ့ လိမ့်မည်။ ၎င်းပြင် ခွာများဖြင့် နင်းခြေကြလိမ့်မည်။ ပထမဦးဆုံးအကောင် ကျော်လွန်သွားသောအခါ နောက်ဆုံးအကောင်လာရောက်မည်ဖြစ်သည်။ ထိုအချိန်၌ တစ်ရက်၏အတိုင်းအတာသည် နှစ်ပေါင်းငါးသောင်းနှင့်ညီမျှသည် ထိုသူသည် ဗန္နာကျေးကျွန်များကြား ဆုံးဖြတ်ပြီးသည့်တိုင်အောင် ထိုပြစ်ဒဏ်ကိုခံစားနေရမည်ဖြစ်သည်။ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်၊ မြင်းသည် မည်သို့ အခြေအနေ ရှိပါမည်နည်းဟု လျှောက်ထားခြင်းခံရသောအခါ ကိုယ်တော်ကမိန့်တော်မူသည်။မြင်းသည် သုံးမျိုးရှိသည်။ (၁) ပိုင်ရှင်အတွက် ဝန်ထုပ်ဝန်ပိုး (အပြစ်)ဖြစ်မည်။ (၂) ပိုင်ရှင်အ‌တွက်အပြစ်မှ ဖုံးကွယ်ပေးသောမြင်းဖြစ်သည်။ (၃) ပိုင်ရှင်အတွက်အကျိုးဖြစ်သော မြင်းဖြစ်သည်။ ပိုင်ရှင်အတွက်အပြစ်ဖြစ်သောမြင်းမှာ ပိုင်ရှင်က ပြစားရန်၊ မောက်မာဝင့်ကြွားရန်၊ မွတ်စလင်မ်တို့အား ရန်မူရန် ချည်နှောင်ထားသောမြင်းဖြစ်သည်။ ၎င်းနောက် ပိုင်ရှင်အတွက် အပြစ်မှဖုံးကွယ်ပေးသော မြင်းမှာ ပိုင်ရှင်သည်ထိုမြင်းသည် အလ္လာဟ့်လမ်းတော်၌ ချည်နှောင်ထားသည်။ထို့နောက် သူသည်ထိုမြင်းကို စီးနင်းခြင်း၊ အစာရေစာ တိုက်ကျွေးခြင်းတို့၌ အလ္လာဟ်အရှင်မြတ်၏ ဝတ္တရားကိုမမေ့လျော့ခဲ့လျင် ထိုမြင်းသည် ထိုသူအတွက် အပြစ်မှဖုံးကွယ်ပေးသော မြင်းပင်ဖြစ်သည်။ ၎င်းနောက် အကျိုးဖြစ်သော မြင်းမှာ ပိုင် ရှင်သည် ထိုမြင်းကို မွတ်စလင်မ်တို့အတွက် အလ္လာဟ်လမ်းတော်၌ စားကျက်တစ်ခု သို့မဟုတ် ဥယာဉ်တစ်ခု၌ ချည်နှောင်ထားသည်။ သို့နှင့် ထိုမြင်းသည် စားကျက် သို့မဟုတ် ဥယာဉ်မှ တစ်စုံတရာကို စားသောက်ခဲ့လျင် ထိုမြင်းစားသောက်ခဲ့သည့် အရာများ၏ အရေအတွက်နှင့်အညီကောင်းမှုများ ရေးမှတ်ခံရမည်ဖြစ်သည်။ ၎င်းနောက်ထိုမြင်း၏(စွန့်လိုက်သော) ကျင်ကြီး၊ ကျင်ငယ်တို့၏ အရေအတွက်နှင့်အညီ ကောင်းမှုများ ရေးမှတ်ခံရမည် ဖြစ်သည်။ ထို့ပြင် ထိုမြင်းသည် မိမိ၏ကြိုးကို ဖြတ်၍ တောင်ကုန်း တစ်ခု သို့မဟုတ် နှစ်ခုအပေါ် တက်ရောက်သွားခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ထိုမြင်း၏ခြေလမ်းများနှင့် မစင်များ၏ အရေအ တွက်နှင့်အညီ ကောင်းမှုများ ရေးမှတ် တော်မူမည်ဖြစ်သည်။ ၎င်းပြင် ပိုင်ရှင်သည် ထိုမြင်းနှင့် ချောင်းကိုဖြတ်မည်။ သို့နှင့် မြင်းက (ချောင်းမှရေကို) ပိုင်ရှင်ကတိုက်ရန် ဆန္ဒမရှိသော်လဲ (ကိုယ်တိုင်) သောက်လိုက်မည်။ သို့ဆိုလျှင် ထိုမြင်းသောက်ခဲ့သော (ရေ၏) အရေအတွက်နှင့်အညီ အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများကိုရေးမှတ်တော်မူမည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 987]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ပစ္စည်းဥစ္စာအမျိုးမျိုးနှင့် ထိုပစ္စည်းဥစ္စာများကို ဇကာသ်မပေးခဲ့သောသူများအတွက် ကိယာမတ်နေ့တွင် ခံစားရမည့် အပြစ်ဒဏ်များကို ရှင်းလင်းတင်ပြမိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့အနက်အချို့မှာ -
(1) ရွှေ၊ ငွေနှင့် ထိုအရာနှစ်ခု၏အမိန့်တွင်ရှိသော အခြားပစ္စည်းဥစ္စာများနှင့် ကုန်ပစ္စည်းများဖြစ်ကာ၊ ၎င်းတို့အပေါ်တွင် ဇကာသ်ပေးရန် မဖြစ်မနေတာဝန်ရှိပြီး ဇကာသ်မပေးခဲ့ပါက၊ ကိယာမတ်နေ့တွင် ယင်းပစ္စည်းများကို အရည်ကျိုပြီး သင်ပုန်း ကျောက်သားများ သဏ္ဍာန် ပြုလုပ်ကာ ထိုသူသည် ငရဲမီး၌ ထိုကျောက်သားပြင်များအပေါ် အပူပေးခြင်းခံရပြီး၊ ပြစ်ဒဏ် ပေးခြင်း ခံရမည်ဖြစ်သည်။ ထိုသူ၏ နံဘေး၊ နဖူး၊ ကျောကုန်းတို့သည်လည်း ထိုအရာတို့ဖြင့် အပူလောင်စေခြင်းခံကြရမည်။ (မီးနှင့်အတိပြီးသော ထိုကျောက်သားပြင်တို့သည်)အေးသွားသည့်အခါတိုင်း တဖန်ပြန်လည် အပူ‌ ပေးခြင်းခံရမည်ဖြစ်သည်။ ဤပြစ်ဒဏ်သည် ကိယာမတ်နေ့တစ်နေ့လုံး ဆက်တိုက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ ယင်းကိယာမသ်နေ့၏ တစ်ရက်၏ အတိုင်း အတာသည် နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကြား တရားစီရင်ပြီး၊ ထိုသူသည် ဂျန္နသ် သုခဘုံသားများအနက်မှ ဖြစ်မည်လား သို့မဟုတ် ဂျဟန္နမ်ငရဲသားများအနက်မှ ဖြစ်မည်လားဆိုသည်ကို ဆုံးဖြတ်သည်အထိ (၎င်းသည် ထိုပြစ်ဒဏ်ကို ခံစားနေရမည်) ဖြစ်သည်။
(2) ကုလားအုတ် ပိုင်ရှင်ဖြစ်ပြီး ထိုကုလားအုတ်၏ ဇကာသ်နှင့် ကုလားအုတ်၏ ဝတ္တရားကို မပေးခဲ့သော သူဖြစ်သည်။ ကုလားအုတ်၏ ဝတ္တရားတစ်ခုမှာ (ကုလားအုတ်ရေသောက်ဆင်းသောနေ့၌ ထိုနေရာသို့) လာရောက်ကျသည့် ဆင်းရဲသားများကို ကုလား အုတ်၏ နို့ညှစ်ခွင့်ပေးခြင်း ဖြစ် သည်။ ထိုသို့မပေးခဲ့ပါက၊ ကိယာမတ်နေ့တွင် ထိုကုလားအုတ်များကို ယခင်ကထက် ပိုမိုဝဖြိုးသော အခြေအနေနှင့် ပိုမိုများပြားသော အရေအတွက်ဖြင့် ခေါ်ဆောင်လာပြီး၊ ၎င်း၏ပိုင်ရှင်ကို ညီညာပြန့်ပြူးသော ကွင်းပြင်ကြီးအတွင်း ပက်လက်လဲလျောင်းစေကာ ထိုကုလားအုတ်များက ၎င်း၏ခန္ဓာကိုယ်ကို ခြေဖြင့်နင်းပြီး သွားဖြင့်ကိုက်ဖြတ်ကြမည်။ ထိုကုလားအုတ်များအနက် နောက်ဆုံးကုလားအုတ် တက်နင်းသွားပြီးသောအခါ ပထမဆုံးကုလားအုတ်မှ ( တက်နင်းရန်) ပြန်ရောက်လာမည်ဖြစ်သည်။ ဤပြစ်ဒဏ်သည် ကိယာမတ်နေ့တစ်နေ့လုံး ဆက်တိုက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ ယင်းကိယာမသ်နေ့၏ တစ်ရက်၏ အတိုင်း အတာသည် နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကြား တရားစီရင်ပြီး၊ ထိုသူသည် ဂျန္နသ် သုခဘုံသားများအနက်မှ ဖြစ်မည်လား သို့မဟုတ် ဂျဟန္နမ်ငရဲသားများအနက်မှ ဖြစ်မည်လားဆိုသည်ကို ဆုံးဖြတ်သည်အထိ (၎င်းသည် ထိုပြစ်ဒဏ်ကို ခံစားနေရမည်) ဖြစ်သည်။
(3) နွားနှင့် သိုး၊ ဆိတ်များ၏ ပိုင်ရှင်ဖြစ်ပြီး ၎င်းသည် ယင်းတိရိစ္ဆာန်တို့၏ ဇကာသ်ကို မပေးဆောင်ခဲ့ပါက၊ ကိယာမတ်နေ့တွင် ထိုနွားများနှင့် ဆိတ်များကို တစ်ကောင်မကျန်အရေအတွက်အပြည့်စုံဖြင့် ခေါ်ဆောင်လာမည်ဖြစ်ပြီး၊ ဦးချိုကွေးနေသော၊ ဦးချိုကျိုးနေ‌ သော၊ သို့မဟုတ် ဦးချိုမရှိသော အကောင်များ တစ်ကောင်မျှပမည်မဟုတ်ပေ။ ထို့နောက် ယင်းတိရိစ္ဆာန်များ ၏ပိုင်ရှင်ကို ကျယ်ပြန့်ညီညာသော ကွင်းပြင်ကြီးအတွင်း ပက်လက်လဲလျောင်းစေကာ ထိုနွားများနှင့် ဆိတ်များက ၎င်း၏ခန္ဓာကိုယ်ကို ဦးချိုများဖြင့် ထိုးနှက်ပြီး ခြေများဖြင့်နင်းကြမည်။ နောက်ဆုံး နွား သို့မဟုတ် ဆိတ် တက်နင်းသွားပြီးသောအခါ ပထမဆုံး နွား သို့မဟုတ် ဆိတ်မှ ( တက်နင်းရန်) ပြန်ရောက်လာမည်ဖြစ်သည်။ ဤပြစ်ဒဏ်သည် ကိယာမတ်နေ့တစ်နေ့လုံး ဆက်တိုက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး၊ ယင်းကိယာမသ်နေ့၏ တစ်ရက်၏ အတိုင်း အတာသည် နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့ကြား တရားစီရင်ပြီး၊ ထိုသူသည် ဂျန္နသ် သုခဘုံသားများအနက်မှ ဖြစ်မည်လား သို့မဟုတ် ဂျဟန္နမ်ငရဲသားများအနက်မှ ဖြစ်မည်လားဆိုသည်ကို ဆုံးဖြတ်သည်အထိ (၎င်းသည် ထိုပြစ်ဒဏ်ကို ခံစားနေရမည်) ဖြစ်သည်။
( 4 ) မြင်းမွေးထားသူဖြစ်ပြီး၊ ယင်း(မြင်း)သည် သုံးမျိုး သုံးစားရှိသည်။
ပထမအမျိုးအစား : ထိုမြင်းသည် သူ့အတွက် ဝန်ထုပ်ဝန် ပိုး(အပြစ်)ဖြစ်၏။ သူသည် ထိုမြင်းကို ပြစားရန်၊ ဂုဏ်ယူဝင့်ကြွားရန်နှင့် မွတ်စ်လင်မ်တို့အား စစ်ပြုရန်အတွက် မွေးထားသူဖြစ်သည်။
ဒုတိယအမျိုးအစား : ထိုမြင်းသည် သူ့အတွက် အကာအကွယ်ဖြစ်၏။ သူသည် ထိုမြင်းကိုအလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဂျိဟာဒ်ပြုလုပ်ရန်အတွက် မွေးပြီး၊ ထိုမြင်းအား ကောင်းမွန်စွာမွေးမြူကာ ၎င်း၏ အစာရေစာနှင့် အခြားလိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်သူဖြစ်သည်။ ကောင်းမွန်စွာမွေးမြူစောင့်ရှောက်ခြင်းအနက်တစ်ခုမှာ- ၎င်း၏မြင်းထီးကိုလည်း မျိုးပွားစေခြင်းဖြစ်သည်။
တတိယအမျိုးအစား : ထိုမြင်းသည် သူ့အတွက် အကျိုးဆုလဒ်များ ရရှိစေသော မြင်းဖြစ်၏။ သူသည် ထိုမြင်းအား မွတ်စ်လင်မ်တို့အတွက် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဂျိဟာဒ်ပြုလုပ်ရန်အတွက် မွေးပြီး၊ ထိုမြင်းသည် စားကျက်နှင့် စိမ်းဆိုသည့် ဥယာဉ်တွင် ကျက်စားလေသည်။ ထိုမြင်းစားသမျှအတွက် စားသည့်ပမာဏအတိုင်း သူ့အတွက် ကောင်းမှုများ ရေးမှတ်ခြင်းခံရသည်။ ထို့အပြင် သူတို့၏ မစင်များနှင့် ကျင်ငယ် ( ဆီး )များ၏ အရေအတွက်အတိုင်း သူ့အတွက် ကောင်းမှုများ ရေးမှတ်ခြင်းခံရသည်။ အကယ်၍ ထိုမြင်းများသည် ၎င်းတို့အား ချည်နှောင်ထားသောကျိုးကို ဖျက်‌တောက်ကာ တောင်ကုန်းတစ်ခု သို့မဟုတ် နှစ်ခုပေါ်သို့ ပြေးတက်သွားခဲ့လျှင်၊ ၎င်းတို့၏ခြေရာများနှင့် (ပြေးတက်ရင်း ကျသွားသော) မစင်များ၏အရေအတွက်အတိုင်း အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် ကောင်းမှုများ ရေးမှတ်ပေးတော်မူသည်။ အကယ်၍ ထိုမြင်းများ၏ ပိုင်ရှင်သည် ၎င်းတို့ကို မြစ်ချောင်းတစ်ခုခုဆီသို့ ခေါ်သွားပြီး ၎င်းတို့သည် ထိုမြစ်ချောင်းမှ ရေသောက်ခဲ့လျှင်လည်း၊ ပိုင်ရှင်အနေဖြင့် ၎င်းတို့ကို ရေတိုက်ရန် ရည်ရွယ်ချက်မရှိခဲ့သည့်တိုင်၊ ၎င်းတို့ သောက်လိုက်သော ရေ၏ပမာဏအတိုင်း အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် ကောင်းမှုများ ရေးမှတ်ပေးတော်မူသည်။
ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မြည်းတရိစ္ဆာန်များနှင့် ပတ်သတ်၍ ယင်းတို့သည် မြင်းများနှင့် တူပါသလားဟု မေးမြန်းခြင်းခံရတော်မူသည်။
ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့မိန့်ကြားတော်မူ၏- မြည်းတရိစ္ဆာန်များနှင့်ပတ်သက်၍ သီးသန့် အမိန့်ပညတ်ချက်အဖြစ် ဤထူးခြားပြောင်မြောက်သည့် အာယသ်တစ်ပိုဒ်မှလွဲ၍ အခြားမည်သည့် အာယသ်မျှ ကျရောက်လာခြင်းမရှိပါ။ သို့သော် ထိုအာယသ်တော်မှာ နာခံခြင်းနှင့် မနာခံခြင်းဆိုင်ရာ အမျိုးအစားအားလုံးအတွက် ယေဘုယျသက်ရောက်မှုရှိသည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ဖြစ်သည့် - "သို့ဖြစ်ပေရာ မည်သူမဆို အနည်းငယ်မျှပင် ကောင်းမှုပြုခဲ့လျှင် ထိုသူသည် ယင်း(ကောင်းမှု၏အကျိုးဆုလာဘ်)ကို မြင်တွေ့ရလိမ့်မည်။ ထိုနည်းတူစွာ မည်သူမဆို အနည်းငယ်မျှပင် မကောင်းမှုပြုခဲ့လျှင် ထိုသူသည် ယင်း(မကောင်းမှု၏အပြစ်ဒဏ်)ကို မြင်တွေ့ရလိမ့်မည်။" (စူရဟ် ဇလ်ဇလဟ် - ၇-၈)။ သို့ဖြစ်ရာ မည်သူမဆိုသည် အမိန့်နာခံရန် ရည်ရွယ်ချက်ဖြင့် မြည်းကို မွေးမြူခဲ့လျှင်၊ ထိုသူသည် ယင်း၏အကျိုးဆုလဒ်ကို (ကိယာမတ်နေ့တွင်) တွေ့မြင်ရမည်ဖြစ်ပြီး၊ မည်သူမဆို အမိန့်ဖီဆန်ရန် ရည်ရွယ်ချက်ဖြင့် မွေးမြူခဲ့လျှင်၊ ထိုသူသည် ယင်း၏အပြစ်ဒဏ်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ဤအာယတ်တော်၏ ကျယ်ပြန့်သော အတိုင်းအတာအတွင်း၌ လုပ်ရပ်အားလုံး ပါဝင်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဇကာသ်ပေးဆောင်ရန် တာဝန်ရှိခြင်း‌နှင့် ၎င်းကို ပေးဆောင်ရန် ငြင်းဆန်သူအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုလာရှိထားခြင်း။
  2. ပျင်းရိခြင်း ( ပေါ့ပေါ့တန်တန် သဘောထားခြင်း ) ကြောင့် ဇကာသ်ကို မပေးဆောင်သူသည် ကာဖိရ် မဖြစ်သော်လည်း၊ သူသည် အလွန်ကြီးမားသော အန္တရာယ် (အပြစ်ဒဏ်) တွင် ရှိနေသည်။
  3. လူသားသည် ကောင်းမှုကုသိုလ် ပြုလုပ်သည့်အခါ၊ ထိုကောင်းမှု၏ အသေးစိတ် အဆင့်ဆင့်အတွက်ပါ အကျိုးဆုလာဘ်ရရှိသည်။ ထိုသို့ဖြစ်ရသည်မှာ ၎င်းသည် ထိုကောင်းမှု၏ အဓိကကြသည့် မူလအချက်ကို ပြုလုပ်ရန် စိတ်ဆုံးဖြတ်ချက် (နီယတ်) ချမှတ်ထားပြီးဖြစ်သောကြောင့်ဖြစ်ကာ၊ ထိုအသေးစိတ် အဆင့်များအတွက် သီးသန့် နီယတ် မပြုလုပ်ခဲ့သည့်တိုင် (အကျိုးဆုလာဘ်ကို ရရှိပေသည်)။
  4. မိမိပိုင်ဆိုင်သည့် ဥစ္စာဓနတွင် ဇကာသ်အပြင် အခြားသော ပေးဆပ်ရမည့် ဝတ္တရားများလည်း ရှိသေးသည်။
  5. ကုလားအုတ်နှင့်ပတ်သတ်သည့် ဝတ္တရားတစ်ရပ် မှာ ယင်းကုလားအုတ်အား ရေသောက်ရန် ရေကန်သို့ ခေါ်ဆောင်သွားသည့်အခါ၊ ထိုနေရာသို့ ရောက်ရှိနေသော ဆင်းရဲသားများအား ၎င်း၏နို့ကို ညှစ်ခွင့်‌
  6. ပေးခြင်း ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ဆင်းရဲသားများအဖို့ အိမ်တိုင်ရာရောက် သွားရောက်တောင်းခံစရာမလိုဘဲ အဆင်ပြေချောမွေ့စေပြီး တိရစ္ဆာန်အတွက်လည်း သက်သောင့်သက်သာရှိစေသည်။ အိဗ်နေ ဗသ်သွာလ်က ဤသို့ဆိုသည်- မိမိပိုင်ဆိုင်သည့် ဥစ္စာဓနအပေါ်တွင် ဝတ္တရားနှစ်ခု ရှိသည်။ တစ်ခုမှာ ဖရ်ဿ်ွအိုင်းန် (တစ်ဦးချင်းစီအပေါ် မဖြစ်မနေပြုလုပ်ရမည့် တာဝန်) ဖြစ်ပြီး၊ ကျန်တစ်ခုမှာ ယင်းမှအပ အခြားသော တာဝန်ဝတ္တရားများ ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲသားများအား နို့ညစ်ခွင့်ပေးခြင်းသည် ကောင်းမြတ်သော စရိုက်လက္ခဏာများမှ ပေါ်ထွက်လာသော ဝတ္တရားများထဲမှ တစ်ခု ဖြစ်သည်။
  7. ကုလားအုတ်ထီး၊ ဆိတ်ထီး၊ နွားထီးများနှင့် ပတ်သတ်၍ အရေးကြီးသော ဝတ္တရားတစ်ရပ်မှာ - ၎င်းတို့အား အခမဲ့ အသုံးပြုခွင့် - ဥပမာ- မျိုးပွားရန် တောင်းခံပါက၊ ၎င်းတို့ကို ပေးအပ်ရန် တာဝန်ရှိသည်။
  8. မြည်းတရိစ္ဆာန်များနှင့် စပ်လျဉ်း၍
  9. သော်လည်း
  10. ကောင်း၊ ကုရ်အာန်နှင့် စွန္နသ်တွင် တိတိကျကျ ဖော်ပြထားခြင်းမရှိသော တရိစ္ဆာန်များနှင့် စပ်လျဉ်း၍သော်လည်းကောင်း ၎င်းတို့၏ အမိန့်မှာ- အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားဖြစ်သည့် "သို့ဖြစ်၍ မည်သူမဆို အနည်းငယ်မျှပင် ကောင်းမှုပြုလုပ်ခဲ့လျှင် ထိုကောင်းမှု၏ အကျိုးဆုလဒ်ကို (တမလွန်တွင်) မြင်တွေ့ရလိမ့်မည်။ ထိုနည်းတူစွာ မည်သူမဆို အနည်းငယ်မျှပင် မကောင်းမှုပြုလုပ်ခဲ့လျှင် ထိုမကောင်းမှု၏ အပြစ်ဒဏ်ကို (တမလွန်တွင်) မြင်တွေ့ရလိမ့်မည်" ဟူသော အမိန့်တော်အတွင်း၌ အကျုံး ဝင်သည်။
  11. ဤအာယသ်တော်တွင် ကောင်းမှုကို အနည်းငယ်မျှသာ ဖြစ်စေကာမူ ပြုလုပ်ရန် အားပေးတိုက်တွန်းထားပြီး၊ မကောင်းမှုသည် မည်မျှပင် သေးငယ်သည့်အရာ ဖြစ်စေကာမူ ရှောင်ကြဉ်ရန် သတိပေးခြင်း ပါရှိသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (50)
ထပ်၍