عَنْ عَبْدِ اللهِ بْنِ مَسْعُودٍ رَضيَ اللهُ عنهُ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«لاَ تَتَّخِذُوا الضَّيْعَةَ فَتَرْغَبُوا فِي الدُّنْيَا».

[حسن لغيره] - [رواه الترمذي وأحمد] - [سنن الترمذي: 2328]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"မြေယာ၊ ဥယျာဉ်များ (ပိုင်ဆိုင်ခြင်း) ကို သင်တို့၏ ဝါသနာအဖြစ် မပြုလုပ်ကြနှင့်၊ အကြောင်းမှာ သင်တို့သည် လောကီရေးရာများ၌ ညွှတ်ယွင်းသွားမည် စိုးသောကြောင့် ဖြစ်သည်။"

[حسن لغيره] - [رواه الترمذي وأحمد] - [سنن الترمذي - 2328]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လယ်ယာ၊ ဥယျာဉ်နှင့် စိုက်ခင်းများကို ဇောက်ချလုပ်ကိုင်ခြင်းမှ တားမြစ်တော်မူခဲ့သည်။ အကြောင်းမှာ ၎င်းတို့သည် လောကီကို တပ်မက်ခြင်းနှင့် နောင်ဘဝကို စွန့်လွှတ်ကာ လောကီသို့ ယိမ်းယိုင်သွားစေသည့် အကြောင်းရင်းများဖြစ်သောကြောင့်တည်း။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နောင်တမလွန်ဘဝမှ လွှဲဖယ်သွားစေသည့် ဤလောကီပစ္စည်းများကို အများအပြားသိုမှီးခြင်းမှ တားမြစ်ထားသည်။
  2. ဤဟဒီးစ်တွင် အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်သည်များကို လုပ်ကိုင်ခြင်းအား တားမြစ်ထားခြင်းမဟုတ်ဘဲ၊ ဤလောကီတွင် နစ်မြုပ်ပြီး နောင်တမလွန်ဘဝကို မေ့လျော့ခြင်းမှသာ တားမြစ်ထားခြင်း ဖြစ်သည်။
  3. အိမာမ်ဆင်န်ဒီက မိန့်ဆိုသည်- ဆိုလိုရင်းမှာ မြေယာ၊ ဥယျာဉ်များကို ဇောက်ချလုပ်ကိုင်ခြင်း၌ အလ္လာဟ်အရှင်မြတ်ကို သတိရခြင်းမှ မေ့လျော့သွားမည့်အထိ အတိုင်းထက်အလွန် မပြုလုပ်ကြရန် ဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (39)
ထပ်၍