عَنْ عَدِيِّ بْنِ حَاتِمٍ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَا مِنْكُمْ مِنْ أَحَدٍ إِلَّا سَيُكَلِّمُهُ اللهُ، لَيْسَ بَيْنَهُ وَبَيْنَهُ تُرْجُمَانٌ، فَيَنْظُرُ أَيْمَنَ مِنْهُ فَلَا يَرَى إِلَّا مَا قَدَّمَ، وَيَنْظُرُ أَشْأَمَ مِنْهُ فَلَا يَرَى إِلَّا مَا قَدَّمَ، وَيَنْظُرُ بَيْنَ يَدَيْهِ فَلَا يَرَى إِلَّا النَّارَ تِلْقَاءَ وَجْهِهِ، فَاتَّقُوا النَّارَ وَلَوْ بِشِقِّ تَمْرَةٍ».
[صحيح] - [متفق عليه] - [صحيح مسلم: 1016]
المزيــد ...
အဒီဗင်န်ဟာသင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်မှာ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက်မှအယောက်တိုင်းနှင့် စကားပြောတော်မူမည်ဖြစ်ရာ အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်မည့်သူမပါရှိပေ။ သိုဖြစ်ရာ ထိုသူသည် ယာဘက်ကိုကြည့်ရာ သူတင်ကြို၍ပိုခဲ့သော(ကောင်းမှုကိုသာ) တွေ့မည်။ ဝဲဘက်ကို ကြည့်ရာ သူတင်ကြို၍ပိုခဲ့သော(မကောင်းမှုကိုသာ) တွေ့မည်။ အရှေ့ဘက်သိုကြည့်ရာ မိမိ၏အရှေ့တည့်တည့်တွင် ငရဲမီးကိုသာတွေ့မည်။ ကိုယ်တော်မြတ်က မိန့်တော်မူသည်မှာ အသင်တိုသည် စွန်ပလွံသီးတစ်ခြမ်းစာလောက်သာရှိသော ကောင်းမှုနှင့်ပင်ဖြစ်ပါစေ ဂျဟန္နမ်ငရဲမီးမှ အကာကွယ်ယူကြကုန်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1016]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အသိပေးမိန့်ကြားထားသည်မှာ မုအ်မင်န်တိုင်းသည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌တစ်ယောက်ခြင်း ရပ်ရပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား မည်သည့် ကြားခံမှမပါဘဲ စကားပြောမည်ဖြစ်ရာ အလ္လာဟ်အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်ပေးမည့် ဘာသာပြန်လည်းရှိမည်မဟုတ်။ သိုဖြစ်ရာ ထိုသူသည် အလွန်ပင် ကြောက်ရွံ၍မိမိရှေ့မှောက်တွင်ရှိသော ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်မှုရရှိရန်အတွက် လမ်းစရရန်မျှော်လင့်၍ညာဘက်သိုကြည့်လိုက် ဘယ်ဘက်သိုကြည့်လိုက်လုပ်နေသည်။ ယာဘက်ကိုကြည့်ရာ သူကြိုတင်ပြီးပိုခဲ့သောကောင်းမှုကိုသာ တွေ့မည်။ ဝဲဘက်ကို ကြည့်ရာ သူကြိုပြီးပိုခဲ့သော မကောင်းမှုကိုသာ တွေ့မည်။ အရှေ့ဘက်သိုကြည့်ရာ မိမိ၏အရှေ့တည့်တည့်တွင် ငရဲမီးကိုသာတွေ့မည်။ သူသည် ဂျဟန္နမ်ငရဲမီးမှလွှ ဖယ်နိုင်မည် မဟုတ်သောကြောင့် ဆွိရာသ် တံတားပေါ်မှ မုချဖြတ်သန်းသွားရမည်။ တဖန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်မှာ အသင်တိုသည် စွန်ပလွံသီးတစ်ခြမ်းစာလောက်သာရှိသော အမလ်ကောင်းမှုကိုဖြစ်စေ၊ ဆွဒ်ကဟ် အလှူဒါနကိုဖြစ်စေ ဂျဟန္နမ်ငရဲမီးမှ အကာကွယ်ပေးသောအရာအဖြင့်ပြုလုပ်ကြကုန်။