عَنْ أَبِي هُرَيْرَة رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُول اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إنَّ اللَّهَ تَعَالَى قَالَ: مَنْ عَادَى لِي وَلِيًّا فَقْد آذَنْتُهُ بِالحَرْبِ، وَمَا تَقَرَّبَ إلَيَّ عَبْدِي بِشَيْءٍ أَحَبَّ إلَيَّ مِمَّا افْتَرَضْتُ عَلَيْهِ، وما يَزَالُ عَبْدِي يَتَقَرَّبُ إلَيَّ بِالنَّوَافِلِ حَتَّى أُحِبَّهُ، فَإِذَا أَحْبَبْتُهُ كُنْتُ سَمْعَهُ الَّذِي يَسْمَعُ بِهِ، وَبَصَرَهُ الَّذِي يُبْصِرُ بِهِ، وَيَدَهُ الَّتِي يَبْطِشُ بِهَا، وَرِجْلَهُ الَّتِي يَمْشِي بِهَا، وَإِنْ سَأَلَنِي لَأُعْطِيَنَّهُ، وَلَئِنْ اسْتَعَاذَنِي لَأُعِيذَنَّهُ».
[صحيح] - [رواه البخاري] - [الأربعون النووية: 38]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
" အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- " မည်သူမဆို ငါအရှင်မြတ်ရဲ့ အချစ်တော် ဝလီတစ်ပါးပါးကို ရန်ငြိုးထားမယ်ဆိုရင် ငါအရှင်မြတ် ထိုသူ့အား စစ်ကြေငြာတော်မူမယ်။ ငါအရှင်မြတ်ရဲ့ကျေးကျွန်ဟာ ငါအရှင်မြတ် ၎င်းအပေါ် သတ်မှတ်ပြဌာန်းထားတယ့် ဖရဿ်ွတာဝန်များကို လုပ်ဆောင်တာထက် အခြားပိုနှစ်သက်စရာကောင်းတယ့် အရာနဲ့ ငါအရှင်မြတ်ထံ နီးကပ်မှု ရယူမည်မဟုတ်ပေ။ ငါအရှင်မြတ်ရဲ့ကျေးကျွန်ဟာ ငါအရှင်မြတ် သူ့ကို ချစ်ခင်နှစ်သက်သွားတယ့်အထိ နဖိလ်အိဗာဒသ်များဖြင့် ငါအရှင်မြတ်ထံ နီးကပ်မှုရယူတယ်။ ငါအရှင်မြတ် သူ့ကို ချစ်ခင်နှစ်သက်သွားပြီဆိုလျှင် ငါအရှင်မြတ်ဟာ သူနားထောင်တယ့် နားဖြစ်သွားတယ်။ သူကြည့်တယ့် မျက်စိဖြစ်သွားတယ်။ သူကိုင်တယ့် လက်ဖြစ်သွားတယ်။ သူလျှောက်တယ့် ခြေထောက်ဖြစ်သွားတယ်။ အကယ်၍ သူသည် ငါအရှင်မြတ်ထံ တောင်းခံလျှင် ငါအရှင်မြတ် သူ့ကို အမှန်တကယ်ပင် ချီးမြှင့်ပေးကမ်းတော်မူမယ်။ အကယ်၍ သူသည် ငါအရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံလျှင် ငါအရှင်မြတ် သူ့ကို အမှန်တကယ်ပင် ခိုလှုံခွင့်ပေးတော်မူမည်ဖြစ်သည်။"
[صحيح] - [رواه البخاري] - [الأربعون النووية - 38]
ဟဒီးစ်ကုဒ်စီတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဆင့်ပြန်တင်ပြခဲ့သည်မှာ- "အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်- 'မည်သူမဆို ငါအရှင်မြတ်၏ အချစ်တော်ဝလီများအနက်မှ တစ်ဦးဦးကို နှောင့်ယှက်ခြင်း၊ စိတ်ဆိုးဒေါသဖြစ်စေခြင်း သို့မဟုတ် မုန်းတီးခြင်းပြုလျှင် ငါအရှင်မြတ်သည် ထိုသူအား ရန်သူအဖြစ် ထုတ်ပြန်ကြေညာတော်မူမည်။'" ဝလီဆိုသည်မှာ- အီမာန် သက်ဝင်ယုံကြည်သူ သက္ကဝါတရားထားရှိသူပင်ဖြစ်သည်။ ဗန္ဒဟ်ကျေးကျွန်တွင် အီမာန်ယုံကြည်မှု နှင့် သက္ကဝါတရားမည်မျှရှိသည်ကို အခြေခံ၍ အလ္လာဟ်အရှင်မြတ်၏ ဝိလာယသ် ကို ရရှိမှုအဆင့်လည်း ကွဲပြားသည်။ မွတ်စ်လင်မ်တစ်ဦးသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံ ဖရဿ်ွတာဝန်များကို လိုက်နာခြင်းနှင့် ဟရာမ်တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းထက် ပိုမို၍နှစ်သက်ဖွယ်ရာ မည်သည့်အရာကိုမျှ ဆောင်ရွက်ခြင်းဖြင့် မချဉ်းကပ်နိုင်ပေ။ ထို့ပြင် မွတ်စ်လင်မ်တစ်ဦးသည် ဖရဿ်ွတာဝန်များနှင့်အတူ နဖိလ်အိဗာဒသ်များကို ဆက်လက်ဆောင်ရွက်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ချစ်ခင်မှုကို ရရှိသည်အထိ မိမိအရှင်ထံ ချဉ်းကပ်လျက်ရှိပါက အကယ်၍ အလ္လာဟ်အရှင်မြတ်က ၎င်းအား ချစ်ခင်နှစ်သက်တော်မူပါက ထိုအရှင်မြတ်သည် ၎င်း၏ အစိတ်အပိုင်းလေးမျိုး (မျက်စိ၊ နား၊ လက်၊ ခြေ) တွင် ဖြောင့်မတ်အောင်ပြုလုပ်ပေးတော်မူပေမည်။ အရှင်မြတ်သည်သူ၏အကြားအာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို နားမထောင်တော့ပေ။ အရှင်မြတ်သည်သူ၏အမြင်အာရုံအား ဖြောင့်မတ်အောင်ပြုပေးလေရာ အရှင်မြတ်နှစ်မြို့သည့်အရာမှအပအခြားအရာများကို မကြည့်ရှုတော့ပေ။ အရှင်မြတ်သည်သူ၏လက်အား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်မိမိလက်ဖြင့်အရှင်မြတ်နှစ်မြို့သည့်အရာမှအပ အခြားအရာများကို မပြုလုပ်တော့ပေ။ အရှင်မြတ်သည်သူ၏ခြေအား ဖြောင့်မတ်အောင်ပြုလုပ်ပေးလေရာ သူသည်အရှင်မြတ်နှစ်မြို့သည့်နေရာ၊ ကောင်းခြင်းများရှိသည့် နေရာဘက်သို့သာ လျှောက်လှမ်းသွားသည်။ ဤသို့ဖြောင့်မတ်အောင်ပြုလုပ်ပေးခြင်းနှင့်အတူ သူသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူတောင်းသည့်အရာကို အမှန်တကယ်ပေးတော်မူမည်။ သို့ဖြစ်ရာ ထိုသူသည် ဆုတောင်းပြည့်သူဖြစ်သွားပေသည်။အကယ်၍သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကာအကွယ်ပေးရန် တောင်းဆို၍ခိုလှုံမည်၊ ခိုလှုံခွင့်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူ့အား သူကြောက်ရွံ့သည့်အရာမှ ခိုလှုံမှုပေးမည်၊ ကာကွယ်ပေးမည်ဖြစ်သည်။