အမျိုးအစား:

عَنْ أَبِي مُحَمَّدٍ عَبْدِ اللَّهِ بْنِ عَمْرِو بْنِ العَاصِ رَضِيَ اللَّهُ عَنْهُمَا، قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَا يُؤْمِنُ أَحَدُكُمْ حَتَّى يَكُونَ هَوَاهُ تَبَعًا لِمَا جِئْتُ بِهِ».

[قال النووي: حديث صحيح] - [رويناه في كتاب الحجة بإسناد صحيح] - [الأربعون النووية: 41]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူမုဟမ္မဒ် အဗ်ဒွလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အားစ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
" သင်တို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ၎င်း၏စိတ်ဆန္ဒသည် ငါကိုယ်‌တော် ယူဆောင်လာခဲ့သော (ဝဟီ) အမိန့်တော်များ၏ နောက်လိုက်မဖြစ်မချင်း ပြည့်ဝသောမုအ်မင်န်ယုံကြည်သူ ဖြစ်မည်မဟုတ်ပေ။"

[قال النووي: حديث صحيح] - [رويناه في كتاب الحجة بإسناد صحيح] - [الأربعون النووية - 41]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ရှင်းလင်းတော်မူသည်မှာ- လူသားသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ယူဆောင်လာခဲ့သော အမိန့်တော်များ၊ တားမြစ်ချက်များ နှင့် အခြားသောအရာများကို ၎င်း၏ စိတ်ဆန္ဒသည် နာခံမှုပြုနိုင်မှသာလျှင် ပြည့်ဝသော မုအ်မင်န်ဖြစ်နိုင်ပေမည်။ထို့ကြောင့် တမန်တော်မြတ် အမိန့်ပေးတော်မူသောအရာကို ချစ်ခင်နှစ်သက်ခြင်းနှင့် တားမြစ်တော်မူသောအရာကို မနှစ်မြို့ခြင်းပြုရမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဟဒီးစ်တော်သည် သာသနာအား လက်ခံကျင့်သုံးရန်နှင့် ကျိုးနွံလိုက်နာရန် အခြေခံမူတစ်ရပ်ဖြစ်သည်။
  2. မည်သူမဆို မိမိ၏အသိဉာဏ် (သို့) ထုံးတမ်း
  3. စဉ်လာကို အခြေခံ၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ယူဆောင်လာခဲ့သောအရာထက် ဦးစားပေးလျှင် ထိုသို့ပြုလုပ်သူအား ၎င်းထံတွင် ပြည့်ဝသော အီမာန်ယုံကြည်ချက်မရှိဟု သတ်မှတ်ခြင်းခံရမည်ဖြစ်ကြောင်း လူသားအား သတိပေးထားသည်။
  4. " ငါတမန်တော်မြတ် ယူဆောင်လာခဲ့သောအရာ" ဟူသော အမိန့်တော်အရ - အရာရာတိုင်းတွင် ရှရီအသ်တရားဥပဒေကို ရှေ့တန်းတင်ရန် မဖြစ်မနေလိုအပ်သည်။
  5. အီမာန်ယုံကြည်မှုသည် ကောင်းမှုပြုခြင်းဖြင့် တိုးပွားစေပြီး ပြစ်မှုဒုစရိုက်ကျူးလွန်ခြင်းဖြင့် လျော့နည်းစေသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (54)
အမျိုးအစားများ
ထပ်၍