عَنْ كَعْبِ بْنِ عُجْرَةَ رضي الله عنه عَنْ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مُعَقِّبَاتٌ لَا يَخِيبُ قَائِلُهُنَّ -أَوْ فَاعِلُهُنَّ- دُبُرَ كُلِّ صَلَاةٍ مَكْتُوبَةٍ، ثَلَاثٌ وَثَلَاثُونَ تَسْبِيحَةً، وَثَلَاثٌ وَثَلَاثُونَ تَحْمِيدَةً، وَأَرْبَعٌ وَثَلَاثُونَ تَكْبِيرَةً».
[صحيح] - [رواه مسلم] - [صحيح مسلم: 596]
المزيــد ...
ကအ်ဗင်န် အုဂ်ျရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဤသည် ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင်ရွတ်ဖတ်ရသော ဇိက်ရ်တော်များဖြစ်ပြီး ယင်းဇိက်ရ်တော်များအား ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင် ရွတ်ဖတ်သူသည် ဆုံးရှုံးမည်မဟုတ်။ ယင်းဇိက်ရ်တော်မှာ စွဗ်ဟာနလ္လာဟ် ၃၃ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ အလ္လာဟ်အက္ကဗရ် ၃၄ကြိမ်တို့ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 596]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဇိက်ရ်အချို့နှင့်စပ်လျဉ်း၍ အသိပေးမိန့်ကြားထားသည်မှာ ယင်းဇိက်ရ်များအား ရွတ်ဖတ်သူသည် ဆုံးရှုံးမှုလည်းမရှိ၊ ဝမ်းနည်းမှုနည်းမရှိသည့်အပြင် ဤဇိက်ရ်တော်များအတွက် ကုသိုလ်လည်း ရရှိမည်ဖြစ်သည်။ ယင်းဇိကရ်တော်များအား ဖရ်ဿ်ွဆွလာသ်၏နောက် တွင် တစ်ခုပြီးတစ်ခု ရွတ်ဆိုရပေသည်။
ဇိက်ရ်တော်မှာ - စွဗ်ဟာနလ္လာဟ် ၃၃ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှ ကင်းရှင်းတော်မူသည်။
အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် အလွန်ပြည့်ဝသော အရှင်ဖြစ်ကြောင်းကို ချစ်မြတ်နိုး၍အလေးအမြတ်ထားကာ ပြောဆိုခြင်း။
အလ္လာဟ်အက္ကဗရ် ၃၄ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းထက် အလွန်ပင်ကြီးမားတော်မူသောအရှင်၊ ဂုဏ်သိက္ခာအရှိဆုံးသော အရှင်ဖြစ်တော်မူပေသည်။