عن بريدة بن الحصيب رضي الله عنه أنه قال:
بَكِّرُوا بِصَلَاةِ الْعَصْرِ، فَإِنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: «مَنْ تَرَكَ صَلَاةَ الْعَصْرِ فَقَدْ حَبِطَ عَمَلُهُ».
[صحيح] - [رواه البخاري] - [صحيح البخاري: 553]
المزيــد ...
ဗုရိုင်ဒဟ်ဗင်န် ဟုဆွိုဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။
အသင်တို့သည် အဆ်ွရ်ဆွလာသ်ကို စောလျင်စွာဖတ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 553]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အဆ်ွရ်ဆွလာသ်ကို သူ့အချိန်နှင့်သူ မဆောက်တည်ဘဲ တမင်နောက်ဆိုင်းထားခြင်းမှ တားမြစ်တော်မူခဲ့သည်။ မည်သူမဆို ထိုသို့ပြုလုပ်ပါက ၎င်း၏အမလ်ကျင့်ဆောင်မှုများ ပျက်စီးကာ အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။