+ -

عن عمر بن الخطاب رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«إِذَا قَالَ الْمُؤَذِّنُ: اللهُ أَكْبَرُ اللهُ أَكْبَرُ، فَقَالَ أَحَدُكُمُ: اللهُ أَكْبَرُ اللهُ أَكْبَرُ، ثُمَّ قَالَ: أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ، قَالَ: أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ، ثُمَّ قَالَ: أَشْهَدُ أَنَّ مُحَمَّدًا رَسُولُ اللهِ، قَالَ: أَشْهَدُ أَنَّ مُحَمَّدًا رَسُولُ اللهِ، ثُمَّ قَالَ: حَيَّ عَلَى الصَّلَاةِ، قَالَ: لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ، ثُمَّ قَالَ: حَيَّ عَلَى الْفَلَاحِ، قَالَ: لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ، ثُمَّ قَالَ: اللهُ أَكْبَرُ اللهُ أَكْبَرُ، قَالَ: اللهُ أَكْبَرُ اللهُ أَكْبَرُ، ثُمَّ قَالَ: لَا إِلَهَ إِلَّا اللهُ، قَالَ: لَا إِلَهَ إِلَّا اللهُ مِنْ قَلْبِهِ دَخَلَ الْجَنَّةَ».

[صحيح] - [رواه مسلم] - [صحيح مسلم: 385]
المزيــد ...

အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မုအဇ္ဇင်န်က "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်"ဆိုသည့်အခါ အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ တဖန် "အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်"ဆိုသည့်အခါ အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်ဟုဆိုမည်။ တဖန် "အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်" ဆိုသည့်အခါ အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်ဟုဆိုမည်။ တဖန် "ဟိုင်းယ္ယာအလဆ်ဆွလာဟ်"ဆိုသည့်အခါ လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟုဆိုမည်။ တဖန် "ဟိုင်းယ္ယာအလလ် ဖလာဟ်"ဆိုသည့်အခါ လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟုဆိုမည်။ တဖန် "အလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်" ဆိုသည့်အခါအလ္လာဟုအက္ကဗရ်၊ အလ္လာဟုအက္ကဗရ်ဟုဆိုမည်။ တဖန် "လာအိလာဟ အိလ္လလ္လာဟ်" ဆိုသည့်အခါ မိမိ၏ နှလုံးသားအတွင်းမှ လာအိလာဟ အိလ္လလ္လာဟ်ဟုဆိုမည်ဆိုလျှင် ဂျန္နသ်သုခဘုံသို့ကို ဝင်ရောက်ရမည်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 385]

ရှင်းလင်းချက်

အဇာန်ပေးခြင်းသည် ဆွလာသ်အချိန်ဝင်ရောက်ပြီဖြစ်ကြောင်း လူတို့အား အသိပေးခြင်းဖြစ်သည်။ အဇာန်စကားလုံးများသည် အီမာန်ယုံကြည်မှုကို ဖော်ပြသည့် စကားလုံးများဖြင့် ဖွဲ့စည်းထားသည်။
ဤဟဒီးဆ်တော်တွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အဇာန်အသံကြားရသောအခါ လုပ်ဆောင်ရမည့်ကိစ္စကို ရှင်းပြထားတော်မူထားသည်။ ၎င်းမှာ အဇာန်အသံကြားသူသည် မုအဇ္ဇင်န် ရွတ်ဆိုသည့်အတိုင်း ရွတ်ဆိုခြင်းဖြစ်သည်။ အကယ်၍ မုအဇ္ဇင်န်က ‘အလ္လာဟ်ဟုအက်ဗရ်’ဟုရွတ်ဆိုသောအခါ အဇာန်အသံကြားသူက ‘အလ္လာဟ်ဟုအက်ဗရ်’ဟု ရွတ်ဆိုရမည်ဖြစ်သည်။ အခြားအဇာန်၏စာပိုဒ်တိုင်းကိုလည်း ထိုနည်းအတိုင်းပင် အဖြေပေးရမည်။ သို့သော် မုအဇ္ဇင်န်က ‘ဟိုင်းယ္ယာအလဆ်ဆွလာဟ်’နှင့် ‘ဟိုင်းယ္ယာအလလ် ဖလာဟ်’ ကို ရွတ်‌ဆို‌သောအခါ ကြားသူက ’လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟု’ ဆိုရမည်ဖြစ်သည်။
ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အကြင်သူသည် စိတ်နှလုံးသားတွင်းမှ အိခ်လာဆ်ွနှင့်တကွ မုအဇ္ဇင်န်ဆိုသည့်အတိုင်း အတူလိုက်မည်ဆိုပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်ဖြစ်သည်။
အဇာန်စာသားများ၏ အဓိပ္ပာယ်များ။ ‘အလ္လာဟုအက်ဗရ်'၏ ဆိုလိုရင်းမှာ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းထက် အကြီးကျယ်ဆုံး၊ အမြင့်မြတ်ဆုံး ဖြစ်တော်မူသည်။
‘အရှ်ဟဒု အလ္လာအိလာဟ အိလ္လလ္လာဟ်’၏ ဆိုလိုရင်းမှာ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းကို သက်သေခံခြင်းဖြစ်သည်။
‘အရှ်ဟဒု အန္န မုဟမ္မဒရ် ရစူလွလ္လာဟ်’၏ ဆိုလိုရင်းမှာ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသည့် ရစူလ်တမန်တော်ဖြစ်ပြီး ယင်းတမန်တော်၏အမိန့်ကို နာခံရန်အ‌ရေးကြီး‌ကြောင်းကို ကျွန်တော်မျိုး နှုတ်လျှာဖြင့်လည်းကောင်း စိတ်နှလုံးသားဖြင့်လည်းကောင်း ဝန်ခံထွက်ဆိုပါသည်။
‘ဟိုင်းယ္ယာအလဆ်ဆွလာဟ်’၏ဆိုလိုရင်းမှာ ဆွလာသ်ဝတ်ပြရန်လာကြကုန်ဟူ၍ ဖြစ်သည်။ ကြားသူက ဆိုသော ‘လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်’၏ ဆိုလိုရင်းမှာ အမိန့်နာခံမှုကို အတားအဆီးဖြစ်‌စေသောအရာများမှ ကင်းဝေးရန်၊ ကောင်းမှုကို ပြုလုပ်နိုင်ရန်နှင့် တစ်စုံတစ်ရာကို ဆောင်ရွက်နိုင်ရန်စွမ်းအားသည် အလ္လာဟ်အရှင်မြတ်ချီးမြှင့်မှသာ ရရှိမည်ဖြစ်သည်။
‘ဟိုင်းယ္ယာအလလ် ဖလာဟ်’ ၏ဆိုလိုရင်းမှာ အောင်မြင်မှု၏အကြောင်းခံဘက်သို့ လာကြကုန်ဟူ၍ ဖြစ်သည်။ အောင်မြင်မှုဟူသည် ဂျဟန္နမ်မှ လွတ်မြောက်ပြီး ဂျန္နသ်ကို ရရှိခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မုအဇ္ဇင်န်ရွတ်ဆိုသည့်အတိုင်း လိုက်ဆိုခြင်း၏ ထူးမြတ်မှုကို ဖော်ပြထားသည်။ သို့သော် ‘ဟိုင်းယ္ယာအလဆ်ဆွလာဟ်’နှင့် ‘ဟိုင်းယ္ယာအလလ် ဖလာဟ်’ တွင် ‘လာဟောင်းလ ဝလာကုဝ်ဝသ အိလ္လာဗိလ္လာဟ်ဟု’ ဆိုရမည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ တူရကီ ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ অরমো কন্নড় الولوف আজারী الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍