+ -

عن قيس بن عاصم رضي الله عنه قال:
أتيتُ النبيَّ صلى الله عليه وسلم أُريدُ الإسلامَ، فأَمَرَني أن أغتَسِلَ بماءٍ وسِدرٍ.

[صحيح] - [رواه أبو داود والترمذي والنسائي] - [سنن أبي داود: 355]
المزيــد ...

ကိုက်စ်ဗင်န်အာဆွိမ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။
ကျွန်တော်သည် အစ္စလာမ်သာသနာကို လက်ခံရန်ရည်ရွယ်ချက်ဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာခဲ့သည်။ ထိုအခါ ကိုယ် တော်သည် ကျွန်တော့်အား ရေနှင့်ဆီးရွက်တို့ဖြင့်ရေချိုးရန် အမိန့်ပေးတော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - - [سنن أبي داود - 355]

ရှင်းလင်းချက်

ကိုင်စ်ဗင်န်အာဆွိမ်သည် အစ္စလာမ်သာသနာကိုလက်ခံရန် ရည်ရွယ်ချက်ဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်လာခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား ရေနှင့် ဆီးရွက်တို့ဖြင့်ရေချိုးရန် အမိန့်ပေးတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆီးရွက်သည် ရနံ့ကောင်းသည့်အတွက် သန့်ရှင်းစင်ကြယ်မှုပြုရာတွင် သုံးစွဲသော အရွက်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဘာသာခြားတစ်ဦးသည် အစ္စလာမ်သာသနာသို့ ဝင်ရောက်သည့်အခါ ရေချိုးရန် သတ်မှတ်ထားသည်။
  2. အစ္စလာမ်သာသနာ၏မွန်မြတ်မှုနှင့် အစ္စလာမ်သည် ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးကို အလေးထားကြောင်း ဖော်ပြထားသည်။
  3. ရေသည် သန့်ရှင်းသည့် အရာများနှင့် ရောနှောသွားခြင်းဖြင့် ၎င်း၏သန့်ရှင်းစင်ကြယ်နိုင်စွမ်း မပျောက်ပျက်သွားပေ။
  4. ဆီးရွက်အစား ဆပ်ပြာနှင့် အခြားခေတ်ပေါ် သန့်ရှင်းရေးသုံးပစ္စည်းများကို သုံးစွဲနိုင်သည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ တူရကီ ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ অরমো কন্নড় الولوف আজারী الأوكرانية الجورجية
ဘာသာပြန်များကို ကြည့်ရှုရန်