عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال:
«قَالَ اللهُ: أَنْفِقْ يَا ابْنَ آدَمَ أُنْفِقْ عَلَيْكَ».

[صحيح] - [متفق عليه] - [صحيح البخاري: 5352]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။
အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ အို - အာဒမ်၏သား သင်သုံးစွဲလှူဒါန်းပါ၊ သင့်အပေါ်ပြန်လည် သုံးစွဲခြင်းခံရမည်။

[صحيح] - [متفق عليه] - [صحيح البخاري - 5352]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပြောကြားတော်မူသည်မှာ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ အို - အာဒမ်၏သား (ဝါဂျိဗ်တာဝန်ထိုက်သည့် အလှူဒါနနှင့် နဖ်လ် အလှူဒါနတို့တွင်) သင်သုံးစွဲလှုဒါန်းပါ ငါအရှင်မြတ်သည် သင့်အား ရိုဇီရိက္ခာကျယ်ဝန်းစွာ ချီးမြှင့်တော်မူမည်။ ဤသုံးစွဲမှုအပေါ် အစားပြန်လည်ပေးသနားကာ ဘရကသ်မင်္ဂလာ ချီးမြှင့်တော်မူမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်လမ်းတော်၌ လှူဒါန်းသုံးစွဲရန် တိုက်တွန်းထားသည်။
  2. ကောင်းမြတ်သည့်ကိစ္စများ၌ လှူဒါန်းသုံးစွဲခြင်းသည် ရိုဇီရိက္ခာတွင် ဘရကသ် မင်္ဂလာရရှိရန်နှင့် တိုးပွားရန်အတွက် အကြီးကျယ်ဆုံး အကြောင်းခံများထဲတွင် ပါဝင်သည်။ ကျေးကျွန်အပေါ် အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုသည် ၎င်းသူလှူဒါန်းသုံးစွဲမှုအပေါ်တွင် မူတည်သည်။
  3. ဤဟဒီးဆ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိ၏အရှင်မြတ်ထံမှတဆင့် ပြန်လည် ဆင့်ပြန်ခဲ့သည့် ဩဝါဒတော်များတွင် ပါဝင်သည်။ ဤကဲ့သို့ ဟဒီးဆ်မျိုးကို ဟဒီးဆ် ကုဒုစီ သို့မဟုတ် ဟဒီးဆ် အိလာဟီဟု ခေါ်သည်။ ဤဟဒီးဆ်တော်၌ ပါရှိသော စကားလုံးများ၊ အဓိပ္ပါယ်များအားလုံးသည် အလ္လာဟ်အရှင်မြတ် ထံတော်မှဖြစ်သော်လည်း အိဗာဒသ်အနေဖြင့် သိလာဝသ်ပြုခြင်း၊ သွဟာရသ် ရှိရန်လိုအပ်ခြင်း၊ ယှဉ်ပြိုင်ရန် စိန်ခေါ်ခြင်း၊ ‘အိအ်ဂျာဇ်’ တန်ခိုးအံ့ဖွယ်ရှိခြင်း အစရှိသော အခြားအရာများနှင့် ခွဲခြားထားသည့် ကုရ်အာန်ကျမ်းမြတ်နှင့်သီးသန့်သက်ဆိုင်သော ဂုဏ်ဝိသေသများ မပါရှိပါ။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (63)
ထပ်၍